နွားနှင့်ကြက် ရောင်းမည်

တခါက ရွာလေးတရွာမှာ အဘိုးကြီးနဲ့ အဘွားကြီး လင်မယား နှစ်ယောက် ရှိတယ်။ သူတို့မှာ သားသမီးလည်း မရှိရှာဘူးတဲ့။ တနေ့တော့ အဘိုးကြီးက အသည်းအသန်ဖြစ်ပြီး သေခါနီးတော့ အဘွားကြီးကို မှာတယ်။

"ငါ အရင်က ဘာကုသိုလ် ဘာကောင်းမှုမှ လုပ်ခဲ့ဖူးတာ မရှိဘူး။ ငါသေသွားရင် ဘဝကူး ကောင်းအောင် အိမ်က နွားလေးကို ရောင်းပြီး တဝက်ကို ငါ့အတွက် ရည်စူးပြီး ကုသိုလ် ကောင်းမှု လုပ်ပေးပါ။ တဝက်ကိုတော့ ငါမရှိချိန် နင် လုပ်ကိုင်စားဖို့ ယူပေါ့"

အဘွားကြီးလည်း စိတ်မကောင်းစွာ မျက်ရည် စက်လက်နဲ့ "ပြောတဲ့အတိုင်း လုပ်ပါမယ်" လို့ ကတိပေး လိုက်တယ်။

ဒီလိုနဲ့ အဘိုးကြီး သေသွားပြီး နှစ်ရက်လောက် နေတော့ အဘွားကြီးက အဘိုးကြီး မှာခဲ့တာကို ပြန်တွေးပြီး ကပ်စေးနည်းစိတ် ဝင်လာသတဲ့။

ဒီနွားလေး တကောင် ရှိလို့ ငှားစား နေရတာကို ရောင်းပြီး တဝက်ကို လှူလိုက်ရမယ် ဆိုတော့ ငါ့မှာလည်း လုပ်စားစရာက မရှိတော့ ဒုက္ခပဲ။ ဒါပေမယ့် အဘိုးကြီးကို ပေးခဲ့တဲ့ ကတိ ကိုလည်း မဖျက်ချင်ဘူး။

အဲဒါနဲ့ ဘယ်လိုလုပ် ရမလဲ အကြံထုတ်နေ သတဲ့။ နောက်တော့ အကြံရသွားပြီး အိမ်ရှေ့မှာ ဆိုင်းဘုတ်တခု ကောက်ရေးပြီး ထောင်ထားလိုက်တယ်။

နွားတကောင် ရောင်းမည်(၂၀၀၀) ကျပ်၊ ကြက်တကောင် ရောင်းမည် (၂၀၀၀၀၀) ကျပ်။ (မှတ်ချက် အတွဲလိုက်သာ ရောင်းမည်။ လုံးဝ လုံးဝ ခွဲမရောင်းပါ)

သူ သတ်မှတ်ထားတဲ့ ဈေးက ပြောင်ပြန်ကြီးမို့ ဖတ်မိကြတဲ့ လူတွေက ရယ်ကြတယ်။ ဒါပေမယ့် အဲဒါကို ဖတ်မိပြီး ဈေးကို သဘောကျတဲ့ လူတယောက်က ဈေးမစစ်ပဲ အတွဲလိုက်ပဲ ဝယ်သွားသတဲ့။

အဲဒီတော့မှ အဘွားကြီးက အဘိုးကြီးရဲ့ ရက်လည်မှာ နွားရောင်းရငွေ (၂၀၀၀) ကျပ် ထဲက တဝက်ကို ခွဲ၊ ၁၀၀၀ ဖိုး ဆန်ပြုတ် ပြုတ်ပြီး ဘုန်းကြီးကို ကပ်လိုက်တယ်။

ကြက်ရောင်းရငွေ(၂၀၀၀၀၀) ကိုတော့ နွားလေးတကောင် ပြန်ဝယ်ပြီး အရင်အတိုင်းပဲ လုပ်ကိုင်စား နေသတဲ့။ သူကတိ မပျက်ခဲ့ဘူးလေ။

(မိန်းမဆိုတဲ့ အမျိုးက ခေတ်အဆက်ဆက် ကတည်းက ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ အမျိုးဆိုတာ လက်ခံသွားပြီ မဟုတ်လား) Crd

Post a Comment

0 Comments