ကလေးငယ် တယောက်ဟာ ပင်လယ် အရောက်မှာ လှိုင်းခတ် သွားတာကြောင့် ဖိနပ်ပျောက်၍ သွားသောအခါ "ပင်လယ်ဟာသူခိုး" လို့ သဲပြင်မှာ ရေးပြီး သူ စွပ်စွဲတယ်။
တံငါသည် လင်မယားဟာ ငါးများစွာ ရတဲ့ တနေ့မှာ "ပင်လယ်ဟာ ကျေးဇူးရှင်" ပါလို့ သဲပြင်မှာ ရေးပြီး ကျေးဇူးတင်တယ်။
လူငယ်တယောက် ပင်လယ် ရောက်ပြီး လှိုင်းရေတွေကြား နစ်မြုပ် သေဆုံးသွားသောအခါ သူ့အမေက "ပင်လယ်ဟာ လူသတ်သမား" ပါလို့ သဲပြင်ထက်မှာ သူရေးခဲ့တယ်။
မရှိဆင်းရဲသား တယောက် ပင်လယ်အောက်မှ အဖိုးတန်တဲ့ ပုလဲကို ကောက်ရတဲ့ အခိုက်မှာ "ပင်လယ်ဟာ တန်ခိုးရှင်ပါ" လို့ သဲပြင်ထက်မှာ တင်စား ရေးခဲ့တယ်။
သူတို့ ရေးထားသမျှ စာအားလုံးဟာ သိပ်မကြာခင်မှာပဲ လိူင်းရေတွေရဲ့ ပုတ်ခတ်မှုကြာင့် သူ့အလိုလို ပျောက်ပျက် ခဲ့ရတယ်။
ပင်လယ်က သူ့ကို ဘယ်သူတွေ ဘယ်လို ထင်ထင်၊ ဘယ်လိုမြင်မြင်၊ ဘယ်လိုပဲ တွေးတွေး၊ ဘယ်လိုပဲ ရေးရေး ပင်လယ်က ပင်လယ်ပါပဲ။
သူ့တာဝန် သူ့သဘာဝအရ ပြောင်းလဲ လည်ပတ်နေတာက လွဲလို့ သူ့အတွက် ဘာမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။
လူ့လောကမှာလည်း ဒီလိုပါပဲလေ။ အကောင်းနေမလား အဆိုးနေမလား၊ ဝမ်းနည်းနေမလား ဝမ်းသာနေမလား၊ အဆိုး လုပ်မလား အကောင်းလုပ်မလား။
ဘယ်လိုပဲ နေနေ ဘာတွေပဲ လုပ်လုပ် လူတို့ရဲ့ နှုတ်ဖျားက စကားတခွန်းနဲ့ လွတ်ကင်းသွားတယ်လို့ မရှိပါဘူး။ အမြဲတမ်း ဝေဖန်ပုတ်ချ ခံနေရ မှာပဲလေ။
ကြိုက်သူက အကောင်း ပြောမယ်၊ မကြိုက်သူက မကောင်း ပြောမယ်။ လူအားလုံးရဲ့ စကားကို လိုက်ပြီး ခံစားမနေပါနဲ့။
ဘယ်လောက်ထိ နားကျည်းစရာ တွေနဲ့ ကြုံနေပါစေ အချိန်တန် တော့လည်း အရာတိုင်းဟာ သူ့အလိုလို တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွား ကြတာပဲလေ။ phoomyatchal
0 Comments