အိုမင်းသွားသော သူရဲကောင်းလေး

တခါက တနေ့ကို မိုင်တထောင်လောက် သွားနိုင်တဲ့ အာဇာနည် မြင်းပျိုလေးတကောင် ရှိတယ်။ သူ့ရဲ့ အရည်အချင်းကို သူက ဖော်ထုတ် ပြသဖို့ အခွင့်အရေးကိုလည်း စောင့်နေတယ်။ ကုန်သည်တဦး လာပြောတယ်။

"မင်းငါနဲ့ လိုက်နိုင်မလား"

မြင်းက ခေါင်းခါပြီး ပြောတယ်။ "ငါက တနေ့ကို မိုင်တထောင်လောက် သွားနိုင်တဲ့ အာဇာနည်းမြင်းကွ။ ဘာဖြစ်လို့ ကုန်သည်တဦးနောက်ကို လိုက်ပြီး ကုန်ထမ်းရမှာလဲ"

စစ်သားက လာတယ်၊ ပြောတယ်။ "မင်းငါနဲ့လိုက်နိုင်မလား" မြင်းက ခေါင်းခါတယ်။

"ငါက တနေ့ မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို သာမာန်စစ်သား တယောက်နောက် လိုက်ပြီး တိုက်ပွဲ ဝင်ရမှာလဲကွ"

မုဆိုးက လာတယ်။ ပြောတယ်။ "မင်းငါနဲ့ လိုက်နိုင်မလား" မြင်းက ခေါင်းခါတယ်။

"ငါက တနေ့ကို မိုင်တထောင် သွားနိုင်တဲ့ အာဇာနည်မြင်းကွ။ ဘယ်လိုဖြစ်လို့ မုဆိုးနဲ့ အတူတူ ပင်ပန်းဆင်းရဲမှုဒဏ် ခံရမှာလဲကွ"

ဒီလိုနဲ့ တနေ့ပြီးတနေ့ ကုန်ဆုံးသွားသည်။ သူရဲကောင်း အာဇာနည်မြင်းလေးဟာ သူနဲ့ တန်တဲ့အလုပ် ရှာမတွေ့သေးချေ။

တနေ့ ဘုရင်မင်းမြတ် အမိန့်ဖြင့် စစ်သူကြီးတယောက် အာဇာနည်မြင်းကို လိုအပ်ကြောင်း နေရာအနှံ့ ကြော်ငြာစာများ ကပ်ကာ လိုက်ရှာလေသည်။ အာဇာနည်မြင်းက စစ်သူကြီးဆီ သွားတွေ့ပြီး ပြောတယ်။

"ကျနော်က ခင်ဗျားတို့ ရှာနေတဲ့ အာဇာနည်မြင်းပါ"

ထိုအခါ စစ်သူကြီးက မေးတယ်။ "ဒါဆို မင်း ငါတို့ တိုင်းပြည်ရဲ့ တောတောင်ရေမြေနဲ့ လမ်းတွေကို နှံ့စပ်လား" မြင်းက ခေါင်းခါတယ်။ စစ်သူကြီးက ထပ်မေးတယ်။

"ဒါဆို မင်းစစ်ပွဲ ဝင်ဖူးသလား။ စစ်ပွဲ အတွေ့အကြုံ ရှိသလား"

မြင်းက ခေါင်းထပ်ခါတယ်။ စစ်သူကြီးက ထပ်မေးတယ်။ ဒါဆို မင်းတောထဲ တောင်ထဲမှာ သားကောင်တွေနဲ့ တွေ့တဲ့ အခါ သခင့်အတွက် ရင်ဆိုင် တိုက်ခိုက်ပြီး ရုန်းထွက်ရဲသလား" မြင်းက ခေါင်းထပ်ခါတယ်။ စစ်သူကြီးက ပြောတယ်။ ဒါဆို မင်း ဘာအသုံးကျ သေးသလဲ"

မြင်းက ပြောတယ်။ "ကျနော်က နေ့ဘက်ဆို မိုင်တထောင် သွားနိုင်ပြီး ညဘက်ဆို မိုင် ၈ ရာ သွားနိုင်တယ်။ လေအဆန်မှာ အစုန်ထက်တောင်မှ အပြေး မြန်သေးတယ်"

စစ်သူကြီးက မြင်းပေါ် ခွတက် စီးလိုက်တယ်။ မြင်းက အားစိုက်ပြီး တဟုန်ထိုး ပြေးလိုက်တယ်။ ဒါပေမယ့် ၁၀ လှမ်း လောက် ပဲ ပြေးရသေးတယ် အမောဟိုက်ပြီး ကျောမှာ ချွေးတွေ ပျံလာတယ်။ "မင်းအိုသွားပြီ မပြေးနိုင်တော့ဘူး" ဟု ဆိုကာ စစ်သူကြီး လှည့်ထွက်သွားသည်။

ဒီနေ့ လုပ်လိုက်တဲ့ကိစ္စ တခုစီတိုင်းဟာ သာမန် ကြိုးစားနေတယ် ထင်ရပေမယ့် နောင်တချိန်အတွက် အင်အားလေး တခုဆိုတာ သိထားပါ။

ဒီနေ့ ဖြတ်ကျော်ရတဲ့ စိတ်ဆင်းရဲတဲ့ အတွေ့အကြုံတိုင်း၊ ငြင်းပယ်မှုတိုင်းဟာ အနာဂတ်အတွက် အုတ်မြစ်ချပ်လေးတွေပါ။ အိုသွားတဲ့အချိန် မပြေးနိုင်တော့မှ မပြေးခဲ့ရလားလို့ နောင်တ မရပါနဲ့။ Crd

Post a Comment

0 Comments