ပြင်ဆင်ဖို့ ပျက်ကွက်တဲ့သူဟာ ကျရှုံးရလိမ့်မယ်

အတွေးခေါ် ပညာရှင်ကြီး ကွန်ဖြူးရှပ်၏ ထင်ရှားသော စကားများ

(၁) ဘဝကြီးက အင်မတန် ရိုးရှင်းပါတယ်။ လူတွေကသာ ရှုပ်အောင် လုပ်နေကြတာပါ။

(၂) မင်းနောက်ကွယ်မှာ သူတို့က တံတွေး ထွေးတယ် ဆိုရင် မင်းက သူတို့ထက် သာနေတယ် ဆိုတာ ပြနေတာပါ။

(၃) မင်းက လူတွေကို မုန်းနေတယ် ဆိုရင် အဲဒီလူတွေကပဲ မင်းကို အနိုင်ယူ သွားလိမ့်မယ်။

(၄) ဒေါသ ထွက်လာပြီ ဆိုရင် အကျိုးဆက်ကို စဉ်းစားပါ။

(၅) အရာရာတိုင်းမှာ အလှကိုယ်စီ ရှိပါတယ်။ လူတွေကသာ ဒါကို မမြင်ကြ တာပါ။

(၆) ကိုယ့်ထက်ညံ့တဲ့ သူတွေက ဘေးမှာ ဝိုင်းဝိုင်း လည်နေဖို့ထက် ကိုယ့်ထက် တော်တဲ့သူတွေ ဝိုင်းဝိုင်း လည်နေအောင် ကြိုးစားပါ။

(၇) လူတယောက်ကို မုန်းတာဟာ သူ့ကို ရှုံးသွားတာနဲ့ အတူတူပါပဲ။

(၈) ပြင်ဆင်ဖို့ ပျက်ကွက်တဲ့ သူဟာ ကျရှုံးဖို့ ပြင်ဆင် နေခြင်းသာ ဖြစ်တယ်။

(၉) လူတဦးဟာ သူရဲ့ ဗဟုသုတ အဟောင်းတွေ ကိုလည်း သိမ်းဆည်းထားမယ်၊ အသစ်သစ် တွေကိုလည်း ဆက်လက် ဆည်းပူးနေတဲ့သူ သာလျှင် အခြားသူတို့ရဲ့ ဆရာ ဖြစ်လိမ့်မယ်။

(၁၀) မင်းရဲ့ မကောင်းကြောင်းကို နောက်ကွယ်မှာ ပြောနေပြီ ဆိုရင် မင်းဟာ သူတို့ထက် ရှေ့ရောက်နေလို့ပဲ။

(၁၁) ကြီးပွား တိုးတက်ချင်ရင် ဘာပဲလုပ်လုပ် ကိုယ့်အလုပ်ပေါ် ချစ်တတ်တဲ့စိတ် မွေးပါ။

(၁၂) သင်ယူခဲ့တဲ့ ပညာတွေကို လေ့လာခြင်း၊ လက်တွေ့ အသုံးချခြင်းဟာ ပျော်စရာပဲ မဟုတ်လား။

(၁၃) သူတို့ တကယ် မသိပါဘူး မတတ်ပါဘူးလို့ လက်ခံသွားပြီ ဆိုမှ အဲ့ဒီလူကို လမ်းညွှန်သင်ပြပါ။ hein htet kyaw

Post a Comment

0 Comments