ငါ ကျေနပ်ပါပြီ

ငါ အိပ်ယာထဲ လဲတဲ့အခါ။ မိုးလင်းတဲ့ အခါ ငယ်စဉ်ကလေ မင်းတို့ရဲ့ မျက်နှာနုလေးကို အေးမှာ ဆိုးလို့ ငါနေ့စဉ် ရေနွေးနဲ့ သစ်ပေးခဲ့ ပေမဲ့ ငါ့ကိုတော့ ရေအေးနဲ့ သစ်ပေးရင်ပဲ ကျေနပ်ပါပြီ။

အစာကျွေးတဲ့ အခါ။ ငယ်စဉ်ကလေ မင်းတို့ ကြီးထွား ရှင်သန်ဖို့ ဈေးကြီးတဲ့ အာဟာရ မုန့်တွေ ငါဝင်အောင် ကျွေးခဲ့ပေမဲ့ ငါ့ကိုတော့ အစာကျေတဲ့ ဆန်ပြုတ်ကျဲလေး ကျွေးရင်ပဲ ကျေနပ်ပါပြီ။

ငါအစားမဝင်တဲ့အခါ။ ငယ်စဉ်ကလေ ထမင်း တပန်းကန် စားကုန်ဖို့ အိမ်ရှေ့အိမ်နောက် လှည့်ပတ် ပြေးလွား နာရီရှည် ကြာလို့ ငါမညောင်းခဲ့ ပေမဲ့ ငါ့ကိုတော့ မိနစ်ပိုင်းလောက် အားစိုက် ကျွေးရင်ပဲ ကျေနပ်ပါပြီ။

ငါအိပ်မပျော်တဲ့အခါ။ ငယ်စဉ်ကလေ လေးထိုးလို့ ဖျားလို့ ဝမ်းလျှောလို့ ရောဂါစုံ ဖြစ်တတ်တဲ့ မင်းတို့တတွေကို ပြုစုယုယရင်း တလ မအိပ်ရ လို့လည်း ငါမညီးညူ ခဲ့ပေမဲ့ ဝေဒနာကြောင့် အိပ်မပျော်တဲ့ ငါ့ကို တရက် နှစ်ရက် သည်းခံကြည့် ပေးရင်ပဲ ကျေနပ်ပါပြီ။

ငါမထနိုင်တဲ့ အခါ။ ငယ်စဉ်ကလေ ရက်ပေါင်းများစွာ ချိုမိုင်မိုင် ဆိုပေးရင်း လက်ကလေးတွေ သန်မာအောင် ကြိုးစား ပေးခဲ့တဲ့ ငါ့ကို မင်းတို့ လက်ကလေးတွေကို ခဏတာ အသုံးချပြီး ထူပေးကြရင်ပဲ ကျေနပ်ပါပြီ။

ငါတွေ့ချင်တဲ့အခါ။ ငယ်စဉ်ကလေ လပေါင်များစွာ ခြေကို ဖြောင့်စင်းပြီး သီချင်းဆို ပေးရင်း ခြေထောက်လေးတွေ သန်မာအောင် နှိပ်နယ်ပေးခဲ့တဲ့ ငါ့ဆီ မင်းတို့ ခြေထောက်လေးတွေ အသုံးချပြီး ခဏ လာတွေ့ရင်ဘဲ ကျေနပ်ပါပြီ။

ငါမလှုပ်ရှားနိုင်တဲ့ အခါ။ ငယ်စဉ်ကလေ နူးညံပေ့ ဆိုတဲ့ အဝတ်အထည်တောင် နာမှာစိုးလို့ အသာအယာ ဝတ်ပေးခဲ့ ပေမဲ့ အသိလွတ်ချိန် အထိ အရှက်လုံစွာ ငါ့ကို ဂရုတစိုက် ဖုံးပေးရင်ပဲ ကျေနပ်ပါပြီ။

ငါထွက်သွားတဲ့အခါ။ ထိုအချိန်မှာတော့ ငါ့သား ငါ့သမီး ငါ့မြေးမြစ်တို့ နောင်တ အမွေ မရစေချင်လို့ ပြုစုခွင့်ရတုန်း ပြုစုနိုင်ကြဖို့ အခွင့်ပေး တာဝန် ကျေခဲ့ပါရစေ။ မိခင် ဖခင်တိုင်းအား ဤစာစုဖြင့် ပူဇော်ဦးညွတ် ပါသည်။ Crd

Zawgyi

ငါ ေက်နပ္ပါၿပီ

ငါ အိပ္ယာထဲ လဲတဲ့အခါ။ မိုးလင္းတဲ့ အခါ ငယ္စဥ္ကေလ မင္းတို႔ရဲ႕ မ်က္ႏွာႏုေလးကို ေအးမွာ ဆိုးလို႔ ငါေန႔စဥ္ ေရေႏြးနဲ႔ သစ္ေပးခဲ့ ေပမဲ့ ငါ့ကိုေတာ့ ေရေအးနဲ႔ သစ္ေပးရင္ပဲ ေက်နပ္ပါၿပီ။

အစာေကြၽးတဲ့ အခါ။ ငယ္စဥ္ကေလ မင္းတို႔ ႀကီးထြား ရွင္သန္ဖို႔ ေဈးႀကီးတဲ့ အာဟာရ မုန႔္ေတြ ငါဝင္ေအာင္ ေကြၽးခဲ့ေပမဲ့ ငါ့ကိုေတာ့ အစာေက်တဲ့ ဆန္ျပဳတ္က်ဲေလး ေကြၽးရင္ပဲ ေက်နပ္ပါၿပီ။

ငါအစားမဝင္တဲ့အခါ။ ငယ္စဥ္ကေလ ထမင္း တပန္းကန္ စားကုန္ဖို႔ အိမ္ေရွ႕အိမ္ေနာက္ လွည့္ပတ္ ေျပးလြား နာရီရွည္ ၾကာလို႔ ငါမေညာင္းခဲ့ ေပမဲ့ ငါ့ကိုေတာ့ မိနစ္ပိုင္းေလာက္ အားစိုက္ ေကြၽးရင္ပဲ ေက်နပ္ပါၿပီ။

ငါအိပ္မေပ်ာ္တဲ့အခါ။ ငယ္စဥ္ကေလ ေလးထိုးလို႔ ဖ်ားလို႔ ဝမ္းေလွ်ာလို႔ ေရာဂါစုံ ျဖစ္တတ္တဲ့ မင္းတို႔တေတြကို ျပဳစုယုယရင္း တလ မအိပ္ရ လို႔လည္း ငါမညီးညဴ ခဲ့ေပမဲ့ ေဝဒနာေၾကာင့္ အိပ္မေပ်ာ္တဲ့ ငါ့ကို တရက္ ႏွစ္ရက္ သည္းခံၾကည့္ ေပးရင္ပဲ ေက်နပ္ပါၿပီ။

ငါမထႏိုင္တဲ့ အခါ။ ငယ္စဥ္ကေလ ရက္ေပါင္းမ်ားစြာ ခ်ိဳမိုင္မိုင္ ဆိုေပးရင္း လက္ကေလးေတြ သန္မာေအာင္ ႀကိဳးစား ေပးခဲ့တဲ့ ငါ့ကို မင္းတို႔ လက္ကေလးေတြကို ခဏတာ အသုံးခ်ၿပီး ထူေပးၾကရင္ပဲ ေက်နပ္ပါၿပီ။

ငါေတြ႕ခ်င္တဲ့အခါ။ ငယ္စဥ္ကေလ လေပါင္မ်ားစြာ ေျခကို ေျဖာင့္စင္းၿပီး သီခ်င္းဆို ေပးရင္း ေျခေထာက္ေလးေတြ သန္မာေအာင္ ႏွိပ္နယ္ေပးခဲ့တဲ့ ငါ့ဆီ မင္းတို႔ ေျခေထာက္ေလးေတြ အသုံးခ်ၿပီး ခဏ လာေတြ႕ရင္ဘဲ ေက်နပ္ပါၿပီ။

ငါမလႈပ္ရွားႏိုင္တဲ့ အခါ။ ငယ္စဥ္ကေလ ႏူးညံေပ့ ဆိုတဲ့ အဝတ္အထည္ေတာင္ နာမွာစိုးလို႔ အသာအယာ ဝတ္ေပးခဲ့ ေပမဲ့ အသိလြတ္ခ်ိန္ အထိ အရွက္လုံစြာ ငါ့ကို ဂ႐ုတစိုက္ ဖုံးေပးရင္ပဲ ေက်နပ္ပါၿပီ။

ငါထြက္သြားတဲ့အခါ။ ထိုအခ်ိန္မွာေတာ့ ငါ့သား ငါ့သမီး ငါ့ေျမးျမစ္တို႔ ေနာင္တ အေမြ မရေစခ်င္လို႔ ျပဳစုခြင့္ရတုန္း ျပဳစုႏိုင္ၾကဖို႔ အခြင့္ေပး တာဝန္ ေက်ခဲ့ပါရေစ။ မိခင္ ဖခင္တိုင္းအား ဤစာစုျဖင့္ ပူေဇာ္ဦးၫြတ္ ပါသည္။ Crd

Post a Comment

0 Comments