တခါတုန်းက ၁၀ ပေ ပတ်လည် ရှိတဲ့ ခြံဝင်းလေးထဲမှာ ဝက်ထီးနဲ့ ဝက်မ နှစ်ကောင် ရှိတယ်။ သူတို့နှစ်ကောင်ဟာ တကောင်နဲ့တကောင် အရမ်း ချစ်ကြတယ်။
ဝက်မလေးကတော့ အမ ပီပီ ဝက်ထီးလေးကို အမြဲတမ်း အနိုင်ကျင့်တယ်။ သခင် အစာကျွေးရင် သူအရင်ဆုံး ဝအောင် စားတယ်။ ပြီးမှ ကျန်တာ ဝက်ထီးလေးကို ပေးတယ်။
ဝက်ထီးလေး ကတော့ အပြုံးမပျက် စွာနဲ့ အလိုလိုက် တာပေါ့။ အနိုင်ကျင့်တာ တွေလည်း သည်းခံပေးတယ်။ အမြဲတမ်း ဝဝလင်လင် စားရတဲ့ ဝက်မလေးဟာ တနေ့တခြား ဝဝလို့ လာတယ်။ ဝက်ထီးလေးကတော့ ပိန်ညှောင်ညှောင်နဲ့ပေါ့။
တနေ့ သခင်က အစာကျွေးနေရင်း "❝ဒီဝက်မလေး တော်တော် ဝလာ တာပဲ၊ ရှေ့လဆို သတ်ပြီး ရောင်းစားလို့ ရပြီ" လို့ သူ့မိန်းမကို ပြောလိုက်တယ်။
အဲဒီ စကားကို ဝက်ထီးလေးက ကြားမိသွားတယ်။ အဲဒီနောက်ပိုင်း ဝက်ထီးလေးဟာ ဝက်မလေး အပေါ် ဆက်ဆံရေးတွေ စပြီးပြောင်းလဲ သွားတာပေါ့။
အစာစားရင် ဝက်မလေးနဲ့ လုစားတယ်၊ အရင်လို အဝအလင် ပေးမစားတော့ဘူး။ သူပဲ ဝဝလင်လင် စားလိုက်တယ်။ ညဆိုလည်း ဝက်မလေးကို မပေးအိပ်ဘူး၊ အိပ်ရေးပျက်အောင် လုပ်တယ်။
ဝက်မလေးလည်း ဝမ်းနည်းတာပေါ့။ ဇဝေဇဝါလည်း ဖြစ်မိတာပေါ့။ ဘာ့ကြောင့် သူ့အပေါ် ရုတ်တရက် ပြောင်းလဲ သွားတာလဲပေါ့။ သူ့ကို အရင်လို မချစ်တော့ဘူးလို့ တွေးမိတာပေါ့။
ဒီလိုနဲ့ တလ ကြာတဲ့ အခါ ဝက်ထီးလေးဟာ အဆီ တဝင့်ဝင့်နဲ့ ဝဖြိုး လို့နေတာပေါ့။ သခင်က ဝက်ကို သတ်ပြီး ရောင်းစားဖို့ အချိန် ကျလာတော့ ဝက်မလေးက ပိန်နေတာကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ပဲ ဝဖြိုးနေတဲ့ ဝက်ထီးလေးကို ဆွဲသွားတာပေါ့။
အဲဒီ အခိုက်တန့် လေးမှာပဲ ဝက်ထီးလေးက အပြုံးလေနဲ့ "❝နောက်ဆို လျှော့စားနော်" ❞လို့ ဝက်မလေးကို လှမ်းပြောလိုက်တယ်။
ဝက်မလေး ကလည်း အဲဒီချိန်ကျမှ သိတော့တယ်။ ဘာ့ကြောင့် ဝက်ထီးလေးက သူ့ကို ဒီလို ပြုမူလဲ ဆိုတာကိုပေါ့။ ဒါပေမယ့် အချိန်ဟာ နှောင်းသွားခဲ့ပြီလေ။
ညက တိတ်ဆိတ်လို့ နေတယ်။ သခင်နဲ့ မိသားစုတွေ ဝက်ထီးလေးကို မြိန်ရေရှက်ရေနဲ့ သုံးတော်ခံနေတာကို ဝက်မလေးက ဝမ်းနည်းကြေကွဲစွာနဲ့ လှမ်းမြင်နေရတယ်။ ဝက်ထီးလေး မရှိတော့ သူ့ရင်ထဲမှာ ဟာတာတာနဲ့ပေါ့။
ဝက်ထီးလေး အိပ်နေကျ နေရာလေးကို အမှုမဲ့ အမှတ်မဲ့ လှမ်းကြည့်မိ လိုက်တယ်။ ဝက်ထီးလေး ရေးထားခဲ့တဲ့ စာကြောင်းလေး တကြောင်းကို တွေ့မိတယ်။
"တကယ်လို့ နင့်ကို ချစ်တယ် ဆိုတာ အပြောနဲ့ သက်သေပြလို့ မလုံလောက်တဲ့ အခါ ငါ့ အသက်လေးနဲ့ပဲ သက်သေ ပြလိုက်ပါတယ်" တဲ့။ ဝက်မလေးဟာ ယူကြုံးမရ ထစ်ချုန်းချ ငိုချလိုက် မိလေတယ်။ phoomyatchal
0 Comments