ဝက် ၁၀ ကောင် မွေးမလို့လား

တခါက လယ်သမားကြီး တယောက်ဟာ ဈေးထဲက ဝက်ကလေး တကောင် ဝယ်လာခဲ့တယ်။ အိမ်ရောက်တော့ ဝက်ကလေးကို အိမ်ခြံဝင်း ထဲမှာ လွှတ်ထား လိုက်တယ်။

ဝက်ကလေးကို စာကြွင်း စားကျန်တွေ ကျွေးတယ်။ ပြီးတော့ ဝက်က ထွက်တဲ့ မစင်ကို ခြံထဲက သစ်ပင်တွေ ခြေရင်းမှာ ပုံလိုက်တယ်။ မြေဩဇာ ဖြစ်သွားတယ်။

ကုန်ကျစရိတ် မရှိသလောက်နဲ့ ဝက်ကလေးဟာ ကြီးလာတယ်။ နောက်တော့ ရောင်းလိုက်တော့ အမြတ်တွေ အများကြီး ရတယ်။ "ဟုတ်ပြီကွ" ဆိုပြီး လယ်သမားကြီးက ဝက်ကလေး ၁၀ ကောင် ဝယ်လိုက်တယ်။

အဲဒီမှာ လယ်သမားကြီး ဂျွမ်းပစ်တာပဲ။ ဝက် ၁၀ ကောင်ကို စားကြွင်း စားကျန်တွေ ကျွေးလို့ မရဘူးလေ။

ဝက် ၁၀ ကောင်က ထွက်တဲ့ မစင်တွေ ကလည်း အများကြီး။ နောက်ပြီး ဝက်တွေက ဆူလို့ အိမ်နားနီးချင်းတွေက သူကြီးကို တိုင်တယ်။

နောက်ဆုံး ဝက်တကောင် ရောဂါ ဖြစ်ရာကနေ ဝက် ၁၀ ကောင်လုံး ရောဂါ ဖြစ်ပြီး သေကုန် ပါလေရာ။

လုပ်ငန်းတခုကို တနိုင်တပိုင် အောင်မြင်အောင် လုပ်ရတာ လွယ်ပါတယ်။ တနိုင်တပိုင်ကနေ လုပ်ငန်းကြီး ချဲ့တော့မယ် ဆိုရင်တော့ ကောင်းမွန်တဲ့ နည်းစနစ် လိုအပ်ပါတယ်။

နည်းစနစ် ပုံစံတွေ ပြောင်းရပါမယ်။ လုပ်နည်း လုပ်ဟန်တွေ ပြောင်းရ ပါမယ်။ ဝက်တကောင် မွေးတုန်းက နည်းတွေနဲ့ ဝက် ၁၀ ကောင် မွေးဖို့ မဖြစ်နိုင် ပါဘူး။ Crd

Zawgyi

ဝက္ ၁၀ ေကာင္ ေမြးမလို႔လား

တခါက လယ္သမားႀကီး တေယာက္ဟာ ေဈးထဲက ဝက္ကေလး တေကာင္ ဝယ္လာခဲ့တယ္။ အိမ္ေရာက္ေတာ့ ဝက္ကေလးကို အိမ္ၿခံဝင္း ထဲမွာ လႊတ္ထား လိုက္တယ္။

ဝက္ကေလးကို စာႂကြင္း စားက်န္ေတြ ေကြၽးတယ္။ ၿပီးေတာ့ ဝက္က ထြက္တဲ့ မစင္ကို ၿခံထဲက သစ္ပင္ေတြ ေျခရင္းမွာ ပုံလိုက္တယ္။ ေျမဩဇာ ျဖစ္သြားတယ္။

ကုန္က်စရိတ္ မရွိသေလာက္နဲ႔ ဝက္ကေလးဟာ ႀကီးလာတယ္။ ေနာက္ေတာ့ ေရာင္းလိုက္ေတာ့ အျမတ္ေတြ အမ်ားႀကီး ရတယ္။ "ဟုတ္ၿပီကြ" ဆိုၿပီး လယ္သမားႀကီးက ဝက္ကေလး ၁၀ ေကာင္ ဝယ္လိုက္တယ္။ အဲဒီမွာ လယ္သမားႀကီး ဂြၽမ္းပစ္တာပဲ။ ဝက္ ၁၀ ေကာင္ကို စားႂကြင္း စားက်န္ေတြ ေကြၽးလို႔ မရဘူးေလ။

ဝက္ ၁၀ ေကာင္က ထြက္တဲ့ မစင္ေတြ ကလည္း အမ်ားႀကီး။ ေနာက္ၿပီး ဝက္ေတြက ဆူလို႔ အိမ္နားနီးခ်င္းေတြက သူႀကီးကို တိုင္တယ္။ ေနာက္ဆုံး ဝက္တေကာင္ ေရာဂါ ျဖစ္ရာကေန ဝက္ ၁၀ ေကာင္လုံး ေရာဂါ ျဖစ္ၿပီး ေသကုန္ ပါေလရာ။

လုပ္ငန္းတခုကို တႏိုင္တပိုင္ ေအာင္ျမင္ေအာင္ လုပ္ရတာ လြယ္ပါတယ္။ တႏိုင္တပိုင္ကေန လုပ္ငန္းႀကီး ခ်ဲ႕ေတာ့မယ္ ဆိုရင္ေတာ့ ေကာင္းမြန္တဲ့ နည္းစနစ္ လိုအပ္ပါတယ္။

နည္းစနစ္ ပုံစံေတြ ေျပာင္းရပါမယ္။ လုပ္နည္း လုပ္ဟန္ေတြ ေျပာင္းရ ပါမယ္။ ဝက္တေကာင္ ေမြးတုန္းက နည္းေတြနဲ႔ ဝက္ ၁၀ ေကာင္ ေမြးဖို႔ မျဖစ္ႏိုင္ ပါဘူး။ Crd

Post a Comment

0 Comments