အိမ်မွေးတိရစ္ဆာန်လေးတွေကို ပေးထားတဲ့နာမည်ကနေ သိနိုင်မယ့် သင့်ရဲ့စိတ်နေစိတ်ထား

အိမ်မွေးတိရစ္ဆာန်လေးတွေက အရမ်းကိုချစ်စရာကောင်းပါတယ်။ အဲဒါကြောင့် ပိုင်ရှင်တွေက နာမည်အမျိုးမျိုးပေးကြပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပေးထားတဲ့နာမည်ကနေ သင့်ရဲ့စိတ်နေစိတ်ထားကို သိရှိနိုင်ပါတယ်။

အစားအစာနာမည်

ဂျင်းတက်လေး၊ ချယ်ရီသီး၊ ချိုချဉ်၊ ဟန်နီ စတဲ့အစားအစာနာမည်တွေကို အိမ်မွေးတိရစ္ဆာန်လေးတွေကို ပေးထားရင် သင်က အစားအသောက်ကို လုံးဝ ကြိုက်သူပါပဲ။ ခွေးလေးတွေ၊ ကြောင်လေးတွေကိုလည်း အစားအသောက်နဲ့ ထပ်တူထပ်မျှ ချစ်ပါတယ်။

သင်က ခွေးလေးတွေ၊ ကြောင်လေးတွေကို အစားအစာနာမည်တွေ ပေးထားရင် ပေါင်းသင်းဆက်ဆံရေးပြေပြစ်သူဖြစ်ပါတယ်။ ဟာသဉာဏ်ရှိပြီး သေးသေးမွှားမွှားပေါက်စနလေးတွေကို ချစ်တတ်သူပါ။

လူနာမည်

ခွေးလေးတွေ၊ ကြောင်လေးတွေကို မက်စ်၊ လူစီ၊ ဒေစီ၊ ဘော်ဘီ စတဲ့လူနာမည်တွေပေးထားရင် သင်က သူတို့ကို လူသားတစ်ယောက်လို ပြုမူဆက်ဆံတတ်သူပါ။ ခွေးလေးတွေ၊ ကြောင်လေးတွေကို သင့်ရဲ့မောင်နှမလို၊ ကလေးလို ချစ်ပြီး ခံစားချက်တွေကိုလည်း မျှဝေလေ့ရှိပါတယ်။

သင်ဟာ သက်ရှိသတ္တဝါတိုင်းအပေါ်မှာ မေတ္တာထားဂရုစိုက်တတ်သူပါပဲ။ သင့်ရဲ့ရိုးသားမှုနဲ့ အကောင်းမြင်စိတ်ကို လူတွေက သဘောကျပါတယ်။

ဒဏ္ဍာရီလာနာမည်များ

Thor, Napoleon, Frida စတဲ့ ဒဏ္ဍာရီလာနာမည်တွေ၊ သမိုင်းသူရဲကောင်းနာမည်တွေပေးထားတယ်ဆိုရင် သင်က စာဖတ်ဝါသနာပါသူပါ။ သင်က အရာရာကို ဂရုစိုက်တတ်သူဖြစ်ပြီး အမြော်အမြင်ကြီးသူလည်း ဖြစ်ပါတယ်။

တီထွင်ဖန်တီးရတာကိုလည်း သဘောကျပါတယ်။ အဲဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်တွေကို အများပေးလေ့မရှိတဲ့နာမည်တွေ ပေးတာပါ။

တိရစ္ဆာန်နာမည်

ခွေးလေးတွေ၊ ကြောင်လေးတွေကို ဝက်ဝံလေး၊ ကျားကြီး၊ ပန်ဒါပေါက်စ စတဲ့တိရစ္ဆာန်နာမည်တွေ ပေးရင် သင်က ဘယ်အရာကိုမဆို အရှိကိုအရှိအတိုင်း လက်ခံသူပါ။ စိတ်အေးနားအေးနေရတာကို သဘောကျပါတယ်။ သဘာဝပတ်ဝန်းကျင်ကို သဘောကျပြီး တောတောင်တွေကြားထဲကို ခရီးထွက်ရတာကို သဘောကျပါတယ်။

သူကောင်းဘွဲ့နာမည်

အိမ်မွေးတိရစ္ဆာန်လေးတွေကို Queen, King, မင်းသမီးလေး၊ မင်းသားလေး စသဖြင့်ဘွဲ့နာမည်တွေ ပေးထားရင် ခွေးလေးတွေ၊ ကြောင်လေးတွေကို အလွန်ချစ်ပြီး သူတို့အတွက် တတ်နိုင်သမျှ ဖြည့်ဆည်းပေးချင်သူပါ။

စိတ်ထားက နူးညံပြီး ခံစားချက်တွေကို ဖုံးကွယ်ထားလေ့ရှိပါတယ်။ သင့်မှာပိုင်ဆိုင်ထားတဲ့အရာတွေကို ဂုဏ်ယူနေတတ်သူပါ။

ဝတ္တုဇာတ်ဆောင်နာမည်

Hermione, Luna, Romeo စတဲ့ ဝတ္တုထဲက နာမည်တွေကို အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် ပေးထားတယ်ဆိုရင် သင်က စာဖတ်ဝါသနာပါသူ သို့မဟုတ် ရုပ်ရှင်ကြည့်ရတာကို ဝါသနာပါသူပါ။

သင့်မှာ အခြားသူတွေကို ဂရုစိုက်ပေးချင်တဲ့စိတ်ထားရှိပါတယ်။ ရှေးရိုးစွဲတာကို သဘောမကျတဲ့သူဖြစ်တာကြောင့် အိမ်မွေးတိရစ္ဆာန်တွေကိုတောင် နာမည်အဆန်းအပြားတွေ ပေးတတ်သူပါ။

Zombie (lovemedia)

Post a Comment

0 Comments