ငါသည်သာ ပဲ့ကိုင်ရှင်
အတိတ် ဆိုတာ ထားခဲ့လိုပဲ ရတယ်၊ ပြန်သွားလို့ မရဘူး။ အနာဂတ် ဆိုတာ မျှော်လင့်ခွင့်ပဲ ရှိတယ်၊ ကြိုသိခွင့် မရှိဘူး။ လက်ရှိအခြေအနေက ဖြတ်သန်းလို့ပဲ ရတယ်၊ ချန်ထားခဲ့လို့ မရဘူး။
အိမ်မက်ဆိုတာ မက်ခွင့်ပဲ ရှိတယ်၊ စံခွင့် မရှိဘူး။ စကား ဆိုတာ ပြောလို့ပဲ ရတယ်၊ ပြင်လို့ မရဘူး။ အမှန်တရား ဆိုတာ ဖိထားခွင့်ပဲ ရတယ်၊ ဖုံးထားခွင့်တော့ မရဘူး။
အမှားဆိုတာ သိခွင့်ပဲ ရှိတယ်၊ ပြုလုပ်ခွင့် မရှိဘူး။ ဒုက္ခဆိုတာ ရင်ဆိုင်ခွင့်ပဲ၊ ရှိတယ် ကွေ့ရှောင်သွားခွင့် မရှိဘူး။ မာန ဆိုတာ ထားခွင့်တော့ ရှိတယ်၊ ကြီးခွင့်တော့ မရှိဘူး။
သိက္ခာဆိုတာ ထိန်းခွင့်ပဲ ရှိတယ်၊ ကျခွင့် မရှိဘူး။ တန်ဖိုးဆိုတာ နားလည်ခွင့်ပဲ ရှိတယ်၊ ဖြတ်ခွင့်တော့ မရှိဘူး။ ကံဆိုတာ ကြုံခွင့်ပဲ ရှိတယ်၊ ပုံချခွင့် မရှိဘူး။ အချစ်ဆိုတာ ရူးသွပ်ခွင့်တော့ ရတယ်၊ အပြစ်လုပ်ခွင့်တော့ မရဘူး။ ဘဝဆိုတာ ဒီလိုပါပဲ။
ရသမျှ အချိန်ကို တန်ဖိုးထားသင့် ပါတယ်။ ဘယ်လို အရာမျိုးနဲ့ပဲ ကြုံကြုံ ဆုံခွင့် ရှိနေသ၍ ဖြတ်သန်းပါ။ ရပ်တည်နေ သ၍ကတော့ ကံတရားက မိမိဘက်မှာပါပဲ။
ဘာပဲလုပ်လုပ် ယုံကြည်ချက်နဲ့ပဲ လုပ်ပါ။ လူတိုင်းဟာ မျှော်လင့်ချက်နဲ့ အသက် ရှင်နေတာပဲလေ။
အချိန်ကပဲ အဆုံးအဖြတ် ပေးလာမှာပါ။ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး မဖြစ်သေးတာပဲ ရှိတယ်။ ကြိုးစားမှုသာ ဘဝ လက်တွဲဖော်ပါ။
ပြီးပြည့်စုံမှု ရချင်ရင်တော့ ဒါတွေ ကျော်လွှားနိုင်ရမှာ ပါပဲ။ အားမွေးထားပါ ပြီးတော့ ဆက်လျှောက် သတိနဲ့ပေါ့။ Crd
Zawgyi
ငါသည်သာ ပဲ့ကိုင်ရှင်
Post a Comment
0 Comments