တခါပြတိုင်း တခါနာ

တခါတုန်းက မျောက်တကောင်ဟာ သူ့ဗိုက်ကို သစ်ကိုင်းနဲ့ ခြစ်မိလို့ ဒဏ်ရာ ရသွားတယ်။ မျောက်က သွေးထွက်နေတဲ့ ဒဏ်ရာကို တခြား မျောက်တိုင်းကို လိုက် ပြောပြတယ်။

တခြား မျောက်တွေက သူ့ကို နှစ်သိမ့်ပေးပြီး ဒဏ်ရာ ပျောက်အောင် ဆေးနည်းတွေ ပြောပြကြတယ်။

ဒါပေမယ့် မျောက်က သူ့ဒဏ်ရာကို ကိုယ်တိုင်မကုပဲ တွေ့တဲ့မျောက်တိုင်းတိုလှစ်လှစ်ပြပြီး သူတို့ ရဲ့ အကြံဉာဏ်ကို နားထောင်ခဲ့တယ်။

နောက်ဆုံးမှာ ဒဏ်ရာကနေ ရောဂါပိုးဝင်ပြီး မျောက်ဟာ သေဆုံးသွားခဲ့တယ်။ ဒါကို မျောက်အိုတကောက်က သေသွားတဲ့ မျောက်ဟာ သူ့ကိုသူ လုပ်လို့ သေသွားတယ် လို့ ဆိုပါတယ်။

ဒဏ်ရာတဲ့။ တခါပြောရင် အနာ တခါ ရတယ်။ တခြားလူကို လိုက်ပြောပြနေမဲ့ အစား ကိုယ်တိုင် တိတ်ဆိတ်စွာ ကုသနေတ ပိုကောင်းပါတယ်။ သင် မသန်မစွမ်းတာဟာ ဘယ်သူ့ကို ပျော့ညံ့ပြဖို့ လိုလို့လဲ။

သစ်ပင်ပေါ်မှာ နားနေတဲ့ ငှက်ဟာ သစ်ကိုင်း ကျိုးကျမှာကို ဘယ်တော့မှ မကြောက်ပါဘူး။ သစ်ကိုင်းကို သူယုံလို မဟုတ်ပါဘူး။

သူ့အတောင်ကိုသူ ယုံလို့ ဖြစ်ပါတယ်။ အနာဂတ်ကို နေ့တိုင်း ပူပန်သောက ရောက်မဲ့ အစား ယခုလက်ရှိမှာ ပိုကြိုးစားသင့် ပါတယ်။

အောက်မြင်မှု လမ်းပေါ်မှာ ရုန်းကန် ကြိုးစားခြင်းကသာ သင့်ကို လုံခြုံစိတ်ချမှုနဲ့ အကျိုးရလဒ်တွေ ဖြစ်ထွန်းစေတယ်။ ကိုယ်စိတ်ကူး အိမ်မက်တွေကို တခြားလူအပေါ် မှီခို အားမထားပါနဲ့။ ဘေးပတ်ဝန်းကျင်က ကဲ့ရဲ့ လှောင်ပြောင်သံကို နားမဝင်ပါနဲ့။

သင်လျောက်လှမ်းနေတာ သင့်ရဲ့ အနာဂတ်ပါ။ သူတို့ရဲ့ အနာဂတ် မဟုတ်ပါဘူး။ ငါလုပ်နိုင်လား မလုပ်နိုင်ဘူးလား ဆိုတာ မရှိပါဘူး၊ ငါအရယူမလား မယူဘူးလား ဆိုတာပဲ ရှိပါတယ်။ သင်သာ မရဲဝံ့ရင် ဘယ်သူက သင့်အစား လာတောင့်ခံပေးမှာလဲ။ phoomyatchal

Zawgyi

တခါျပတိုင္း တခါနာ

တခါတုန္းက ေမ်ာက္တေကာင္ဟာ သူ႔ဗိုက္ကို သစ္ကိုင္းနဲ႔ ျခစ္မိလို႔ ဒဏ္ရာ ရသြားတယ္။ ေမ်ာက္က ေသြးထြက္ေနတဲ့ ဒဏ္ရာကို တျခား ေမ်ာက္တိုင္းကို လိုက္ ေျပာျပတယ္။ တျခား ေမ်ာက္ေတြက သူ႔ကို ႏွစ္သိမ့္ေပးၿပီး ဒဏ္ရာ ေပ်ာက္ေအာင္ ေဆးနည္းေတြ ေျပာျပၾကတယ္။

ဒါေပမယ့္ ေမ်ာက္က သူ႔ဒဏ္ရာကို ကိုယ္တိုင္မကုပဲ ေတြ႕တဲ့ေမ်ာက္တိုင္းတိုလွစ္လွစ္ျပၿပီး သူတို႔ ရဲ႕ အႀကံဉာဏ္ကို နားေထာင္ခဲ့တယ္။ ေနာက္ဆုံးမွာ ဒဏ္ရာကေန ေရာဂါပိုးဝင္ၿပီး ေမ်ာက္ဟာ ေသဆုံးသြားခဲ့တယ္။ ဒါကို ေမ်ာက္အိုတေကာက္က ေသသြားတဲ့ ေမ်ာက္ဟာ သူ႔ကိုသူ လုပ္လို႔ ေသသြားတယ္ လို႔ ဆိုပါတယ္။

ဒဏ္ရာတဲ့။ တခါေျပာရင္ အနာ တခါ ရတယ္။ တျခားလူကို လိုက္ေျပာျပေနမဲ့ အစား ကိုယ္တိုင္ တိတ္ဆိတ္စြာ ကုသေနတ ပိုေကာင္းပါတယ္။ သင္ မသန္မစြမ္းတာဟာ ဘယ္သူ႔ကို ေပ်ာ့ညံ့ျပဖို႔ လိုလို႔လဲ။

သစ္ပင္ေပၚမွာ နားေနတဲ့ ငွက္ဟာ သစ္ကိုင္း က်ိဳးက်မွာကို ဘယ္ေတာ့မွ မေၾကာက္ပါဘူး။ သစ္ကိုင္းကို သူယုံလို မဟုတ္ပါဘူး။ သူ႔အေတာင္ကိုသူ ယုံလို႔ ျဖစ္ပါတယ္။ အနာဂတ္ကို ေန႔တိုင္း ပူပန္ေသာက ေရာက္မဲ့ အစား ယခုလက္ရွိမွာ ပိုႀကိဳးစားသင့္ ပါတယ္။

ေအာက္ျမင္မႈ လမ္းေပၚမွာ ႐ုန္းကန္ ႀကိဳးစားျခင္းကသာ သင့္ကို လုံၿခဳံစိတ္ခ်မႈနဲ႔ အက်ိဳးရလဒ္ေတြ ျဖစ္ထြန္းေစတယ္။ ကိုယ္စိတ္ကူး အိမ္မက္ေတြကို တျခားလူအေပၚ မွီခို အားမထားပါနဲ႔။ ေဘးပတ္ဝန္းက်င္က ကဲ့ရဲ႕ ေလွာင္ေျပာင္သံကို နားမဝင္ပါနဲ႔။

သင္ေလ်ာက္လွမ္းေနတာ သင့္ရဲ႕ အနာဂတ္ပါ။ သူတို႔ရဲ႕ အနာဂတ္ မဟုတ္ပါဘူး။ ငါလုပ္ႏိုင္လား မလုပ္ႏိုင္ဘူးလား ဆိုတာ မရွိပါဘူး၊ ငါအရယူမလား မယူဘူးလား ဆိုတာပဲ ရွိပါတယ္။ သင္သာ မရဲဝံ့ရင္ ဘယ္သူက သင့္အစား လာေတာင့္ခံေပးမွာလဲ။ phoomyatchal

Post a Comment

0 Comments