ထမင်းတပန်းကန်နှင့် အတွေးတလက်

တခါက လူငယ်နှစ်ဦးသည် သူတို့ရဲ့ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး စိတ်ဓါတ် ကျနေကြပါတယ်။ သူတို့ဟာ တရားပြဆရာတော် တဦးစီကို အတူတူ သွားပြီး အကြံဉာဏ် တောင်းကြပါတယ်။

သူတို့ ရောက်သွားတော့ တရားပြ ဆရာတော်က မျက်လုံးမှိတ်ပြီး ထိုင်နေတာ တွေ့လိုက်ပါတယ်။ သူတို့က တရားပြဆရာ တော်ကို မေးခွန်းတွေ မေးလိုက်ပါတယ်။

အချိန်အတော်ကြာ ပြီးတော့မှ တရားပြဆရာတော်က "အဲဒါ ထမင်းတပန်းကန်ပဲ" လို့ တခွန်းထဲ ပြောလိုက်ပါတော့တယ်။ နောက်တော့ လူငယ်နှစ်ဦးသည် သူတို့၏ သက်ဆိုင်ရာ နေရာတွေကို ပြန်သွားကြ ပါတယ်။

တဦးက အလုပ်မှ ထွက်ကာ အိမ်ပြန်ပြီး စိုက်ပျိုးရေးလုပ်ငန်း လုပ်နေ ပါတော့တယ်။ ကျန်တဦးကတော့ အလုပ်မှာ ဆက်ပြီး လုပ်နေ ပါတော့တယ်။

ဒီလိုနဲ့ ၁၀ နှစ် ကြာခဲ့ပါပြီ။ အိမ်ပြန်ပြီး စိုက်ပျိုးရေး လုပ်တဲ့သူဟာ ထုတ်လုပ်မှု မြင့်မားရေး အတွက် အဆင့်မြင့် နည်းပညာတွေကို အသုံးပြုပြီး စိုက်ပျိုးရေးကို ပြုလုပ်နေတဲ့ အရမ်း အောင်မြင်တဲ့သူ တယောက် ဖြစ်လာပါတယ်။

ထို့အပြင် ရုံးမှာဆက်ပြီး အလုပ် လုပ်နေခဲ့တဲ့သူ ကတော့ သူ့ရဲ့ ကြိုးစား အားထုတ်မှုနဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေကြောင့် မန်နေဂျာ ရာထူးကို တိုးမြှင့်ပေး ခံလိုက်ရပါတယ်။

တနေ့မှာတော့ သူတို့နှစ်ဦးဟာ ပြန်လည် တွေ့ဆုံမိ ကြပါတယ်။ အောင်မြင်တဲ့ စိုက်ပျိုးရေးသမား ပြောတာကတော့ "ဆရာတော်ရဲ့ စကားတွေကို ချက်ခြင်း နားလည်လိုက်တယ်။

ထမင်းတပန်းကန်ပဲ တဲ့။ ဒါဆို ဘာလို့ အဲ့ဒီ အလုပ်မှာ ဆက်လုပ်နေမှာလဲ၊ အခြား နည်းလမ်းတွေ များစွာ ရှိပါသေးတယ်။ အလုပ်ဘာလို့ မထွက်တာလဲ" လို့ ပြောဆိုပါတယ်။

မန်နေဂျာ ပြောတာကတော့ ငါထင်ခဲ့တာက "ထမင်းတပန်းကန် ဆိုတာက ပိုပြီး သည်းခံဖို့၊ အရာရာကို နားလည်တတ်ဖို့ ဒါဆို အခက်အခဲတွေ ကျော်ဖြတ်နိုင်မှာ" လို့ ပြောပါတယ်။

အဲဒီနောက် သူတို့နှစ်ဦးဟာ တရားပြဆရာတော်ဆီကို နောက်တကြိမ်သွားဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။ ဆရာတော်က ပုံမှန်အတိုင်း ငြိမ်သက်စွာ ထိုင်နေပြီး အချိန်အတော်အကြာ စိုက်ကြည့်နေပြီး ပြန်လည် မှတ်မိလာပါတယ်။

နောက်ပြီး သူတို့ကို ပြန်လည်ပြီး ပိုမိုအဓိပ္ပါယ် ရှိတဲ့ အကြံဉာဏ်ကို ပေးခဲ့ပါတယ်။ "အဲ့ဒါဟာ အတွေးတလက်" ပဲ ဖြစ်ပါတယ်။ ဘဝမှာ အတွေးအခေါ် များနဲ့ ဆုံးဖြတ်နိုင်ပါတယ်။ အတွေးတချက် ရုတ်တရက် ပေါ်ပေါက်လာမှုမှ အရာရာကို ပြောင်းလဲနိုင်ပါတယ်။

ဦးတည်ချက် ပန်းတိုင်ကို ဆုံးဖြတ်ချက် ချပြီးပြီ ဆိုတာနဲ့ စိတ်နှလုံးကို နှစ်မြှုပ်ပြီး ဆောင်ရွက်ပါ။ စိတ်နှလုံး နှစ်မြုပ်ဆောင်ရွက်ချက်များသည် အံ့သြဖွယ် အောင်မြင်နိုင်တဲ့ ဘဝကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments