လူတော်တော် များများက ကိုယ့်မိဘတွေကို အောက်က စကားဆယ်ခွန်းထဲက တခွန်း ဒါမှမဟုတ် တခွန်းထက် ပိုပြောခဲ့ ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကို ထပ်မပြောတော့ဘဲ နားလည်ပေး ကြရအောင်။
လူ့ဘဝက တိုတောင်းလွန်း ပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်း တွေကို တန်ဖိုးထားသင့် ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက် အရေးပါကြောင်း သိတာမျိုး မဖြစ်ပါစေနဲ့။
မိဘတွေကို ရိုသေလေးစားပါ။ သင် ဘာအမှားပဲ လုပ်လုပ် သူတို့က သင့်ကို ခွင့်လွှတ်ဖို့ အသင့် ရှိနေပါတယ်။ မိဘရဲ့ ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရ နားခိုရာ ဆိပ်ကမ်းပဲ ဖြစ်ပါတယ်။
(၁) အင်းပါ အင်းပါ သိပြီ၊ အရမ်းရှုပ်တာပဲ။
(၂) ကိစ္စရှိသေးလား မရှိရင် ဖုန်းချတော့မယ်။ (မိဘတွေ ဖုန်းဆက်တာ စကားပြောချင်ရုံ သက်သက် ဖြစ်လိမ့်မယ် သူတို့ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည် ပေးသင့်ပါတယ် ဖုန်းကိုချဖို့ပဲ မလောပါနဲ့)
(၃) ပြောရင်လည်း နားလည်မှာ မဟုတ်ပါဘူး။ မမေးပါနဲ့။
(၄) မလုပ်ပါနဲ့လို့ အထပ်ထပ် ပြောထားရဲ့သားနဲ့ လုပ်ထားတာတွေ ကလည်း မကောင်းဘူး။ (သူတို့ အင်အားနဲ့ မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကို မလုပ်ဖို့ တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့ အသုံးမဝင် တော့ကြောင်း သူတို့ကို ခံစားရစေ ပါတယ်)
(၅) ဟာ ဖေဖေ၊ မေမေတို့ နည်းက ခေတ်တုံးနေပါပြီ။ (မိဘတွေရဲ့ အကြံဉာဏ်က ကျွန်တော်တို့ အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက် နားထောင်လို့ ကောင်းတဲ့ စကားကို ကျွန်တော်တို့ ပြောသင့်ပါတယ်)
(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေ ရှာမတွေ့တော့ဘူး။ (ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့ စေတနာ ကိုတော့ မစော်ကားပါနဲ့)
(၇) သား ဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့် မပေးနဲ့တော့။ (ကျွန်တော်တို့ အပြန်ကို စောင့်မျှော်နေ ကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ ဂရုစိုက်မှုတွေကို ကျွန်တော်တို့ အတွက် အထူးစီမံထားတဲ့ ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ် ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံ ပါပဲ)
(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကို နားမထောင်ဘူး။ (သူတို့ရဲ့ တသက် ချွေတာလာတဲ့ အကျင့်တွေပြောင်းလဲရ ခက်ပါတယ်။ ဟင်းချက်ရင် တနပ်စာ ချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)
(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ နားကို ငြီးတယ်။
(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာ ပုံထားရသေးတာလဲ။ (မိဘတွေက ကျွန်တော်တို့နဲ့ အတူ ကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ် ကြတယ်။ သူတို့ သိမ်းထားတာတွေ တအိမ်လုံး ပြည့်နေပါစေ၊ နောင်တချိန်မှာ ကျွန်တော်တို့ ကလေးဘဝက ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ကျွန်တော်တို့ တွေ့မိတဲ့အခါ ကျွန်တော်တို့ ဝမ်းသာ ကြည်နူးကြဦးမယ် မဟုတ်ပါလား) Crd
0 Comments