သူတပါးကို အားကျနေရုံနဲ့ ကိုယ့်ဘဝကြီး မတိုးတက် နိုင်ပါဘူး။ ကိုယ့်ထူး ကိုယ်ချွန်ပြီး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားပါ။ လောကကြီးမှာ ဘယ်အရာမှာ အလကား မရပါ။
လက်ဝါးဖြန်ဖို့ အရှက်တွေ ရင်းရသလို့ ပေးကမ်းသူ ရှိမှာ ရမဲ့ အရာထက် လက်သီး ဆုပ်ပြီး မိုးပေါ်ကို မြှောက်နိုင်အောင် ကြိုးစားပါ။ လက်မ ထောင်နိုင်ရင်တော့ ပိုအဆင်ပြေမယ်။
လုပ်ဖော်ကိုင်ဖက် အချင်းချင်း မျက်စောင်း ထိုးနေရုံနဲ့ ကိုယ့် ဘဝကြီး မပြောင်းလဲ နိုင်ပါဘူး။ လက်ညိုးထိုးပြီး ထောက်ပြ နိုင်မှ ကိုယ့်ဘဝက အောင်မြင်မှု လမ်းမပေါ် ရောက်နိုင်မှာပါ။
လောကမှာ ကိုယ်ထက် အတဲ့ကောင် မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က သူများ လက်ညိုးအောက် မရောက်ဖို့ လိုအပ်ပါတယ်။ တထောင် ရပြီး ပျော်နေရင် ဘဝက တထောင်ပဲ တန်ပါလိမ့်မယ်။
ကြိုးစားပါ။ အနည်းဆုံးတော့ ဓာတ်ပုံဘောင်နဲ့ ဧည့်ခန်းမှာ မိန့်မိန့်ကြီး ပြုံးလို့ ရတာပေါ့။ ခြေလှမ်းတွေ နောက်မကျ သေးဘူးလို့ ထင်ရင် ရောက်တဲ့ နေရာကနေ ဆက်လျှောက်ပါ။ ဒါဟာ ဘဝရဲ့ တက်လမ်း ပါပဲ။
အချိန်မတန်ပဲ ဇိမ်မခံ ပါနဲ့။ အနှိမ်ခံ ဘဝထဲက လွတ်မြောက် နိုင်အောင် ကြိုးစားပါ။ ဆင်းရဲနေလို့ ဘယ်သူမှ လာသနားနေမှာ မဟုတ်ပါဘူး။ Crd
Zawgyi
အချိန်မတန်ခင် ဇိမ်မခံနှင့်
0 Comments