တခါတုန်းက အလှူကြီးတခု အပြီး မီးဖိုခန်းထဲမှာ ကြောင်နှစ်ကောင်ဟာ အတူတူ လှည့်လည် အစာရှာ နေကြတယ်။
ကြောင်တကောင်ဟာ ကိတ်မုန့်ကြီး တလုံးကို လှမ်းတွေ့လိုက်တယ်။ အဲဒီအချိန်မှာပဲ အခြားကြောင်က ခုန်ပြီး ကောက်ယူ လိုက်တယ်။
ပထမကြောင်က "ငါ့ကို ကိတ်မုန့်ပေး၊ ငါအရင် မြင်တာ"
တခြားကြောင်က "ဝေးဝေးမှာနေ။ ဒါ ငါအရင် ရတာ"
ထို့နောက်မှာ သူတို့ နှစ်ကောင်ဟာ အစာလုရင်း တကောင်နဲ့ တကောင် အပြန်အလှန် ကိုက်ကြတယ်။ ဒါပေမယ့် အရှုံးအနိုင်မပေါ်ဘဲ ကိတ်မုန့်ကိုလည်း ဘယ်လိုမှ ခွဲတမ်းချမရ ဖြစ်နေကြတယ်။
အဲဒီ အချိန်မှာပဲ မျောက်တကောင်က အနီးက ဖြတ်သွားရင်း အခြေအနေကို တွေ့သွားပြီး စဉ်းစားလိုက်တာက "သူတို့က ခပ်တုံးတုံး ကြောင်မိုက်တွေပဲ။ ငါ့ ဒီအခွင့်အလမ်းကို သုံးရမယ်"
ထို့နောက်မှာတော့ မျောက်ဟာ ကြောင်များထံ လာပြီး "ရန်မဖြစ်ကြပါနဲ့၊ မင်းတို့အတွက် ကိတ်မုန့်ကို အညီအမျှ ခွဲပေးပါ့မယ်" လို့ ကျယ်လောင်သော အသံဖြင့် ပြောလိုက်ပြီး ကိတ်မုန့်ကို လက်နှစ်ဘက်နဲ့ လှမ်းယူလိုက်တယ်။
မျောက်က ကိတ်မုန့်ကို ထက်ပိုင်း ခွဲလိုက်တယ်။ သူခေါင်းကို ခါလိုက်ပြီး "အိုး ဒီတခုက ပိုကြီးတယ် တခုက သေးနေတယ်" ဆိုပြီး သူက ပိုကြီးတဲ့ ကိတ်မုန့်ကို တကိုက် ကိုက်လိုက်တယ်။
ပြီးတော့ "ဒါက အခု သေးသွားပြန်ပြီ၊ ကိတ်မုန့်နှစ်ခုက မညီသေးဘူး" ဆိုပြီး ကြီးတဲ့ ဘက်ကို ထပ်ကိုက်လိုက် ပြန်တယ်။
ခေါင်းထပ်ခါတယ် "မညီသေးဘူးပဲ" ဆိုပြီး သူက အခြားတပိုင်းကို စားလိုက် ပြန်တယ်။ အဲဒီလိုနဲ့ သူဟာ မညီသေးဘူး မညီသေးဘူးဆို့ပြီး တပိုင်းပြီး တပိုင်း အလှည့်ကျ စားလိုက်တာ
နောက်ဆုံးမှာ ကိတ်မုန့်တခုလုံး ကုန်သွား ပါတော့တယ်။ ကိတ်မုန့် စားဖို့ မျှော်နေတဲ့ ကြောင်နှစ်ကောင်လည်း ရင်ကွဲပက်လက် ဖြစ်သွားပါတော့တယ်။ Crd
Zawgyi
မညီၫြတ္ျခင္း၏ ရလဒ္
တခါတုန္းက အလႉႀကီးတခု အၿပီး မီးဖိုခန္းထဲမွာ ေၾကာင္ႏွစ္ေကာင္ဟာ အတူတူ လွည့္လည္ အစာရွာ ေနၾကတယ္။ ေၾကာင္တေကာင္ဟာ ကိတ္မုန႔္ႀကီး တလုံးကို လွမ္းေတြ႕လိုက္တယ္။ အဲဒီအခ်ိန္မွာပဲ အျခားေၾကာင္က ခုန္ၿပီး ေကာက္ယူ လိုက္တယ္။
ပထမေၾကာင္က "ငါ့ကို ကိတ္မုန႔္ေပး၊ ငါအရင္ ျမင္တာ" တျခားေၾကာင္က "ေဝးေဝးမွာေန။ ဒါ ငါအရင္ ရတာ" ထို႔ေနာက္မွာ သူတို႔ ႏွစ္ေကာင္ဟာ အစာလုရင္း တေကာင္နဲ႔ တေကာင္ အျပန္အလွန္ ကိုက္ၾကတယ္။ ဒါေပမယ့္ အရႈံးအႏိုင္မေပၚဘဲ ကိတ္မုန႔္ကိုလည္း ဘယ္လိုမွ ခြဲတမ္းခ်မရ ျဖစ္ေနၾကတယ္။
အဲဒီ အခ်ိန္မွာပဲ ေမ်ာက္တေကာင္က အနီးက ျဖတ္သြားရင္း အေျခအေနကို ေတြ႕သြားၿပီး စဥ္းစားလိုက္တာက "သူတို႔က ခပ္တုံးတုံး ေၾကာင္မိုက္ေတြပဲ။ ငါ့ ဒီအခြင့္အလမ္းကို သုံးရမယ္"
ထို႔ေနာက္မွာေတာ့ ေမ်ာက္ဟာ ေၾကာင္မ်ားထံ လာၿပီး "ရန္မျဖစ္ၾကပါနဲ႔၊ မင္းတို႔အတြက္ ကိတ္မုန႔္ကို အညီအမွ် ခြဲေပးပါ့မယ္" လို႔ က်ယ္ေလာင္ေသာ အသံျဖင့္ ေျပာလိုက္ၿပီး ကိတ္မုန႔္ကို လက္ႏွစ္ဘက္နဲ႔ လွမ္းယူလိုက္တယ္။
ေမ်ာက္က ကိတ္မုန႔္ကို ထက္ပိုင္း ခြဲလိုက္တယ္။ သူေခါင္းကို ခါလိုက္ၿပီး "အိုး ဒီတခုက ပိုႀကီးတယ္ တခုက ေသးေနတယ္" ဆိုၿပီး သူက ပိုႀကီးတဲ့ ကိတ္မုန႔္ကို တကိုက္ ကိုက္လိုက္တယ္။ ၿပီးေတာ့ "ဒါက အခု ေသးသြားျပန္ၿပီ၊ ကိတ္မုန႔္ႏွစ္ခုက မညီေသးဘူး" ဆိုၿပီး ႀကီးတဲ့ ဘက္ကို ထပ္ကိုက္လိုက္ ျပန္တယ္။
ေခါင္းထပ္ခါတယ္ "မညီေသးဘူးပဲ" ဆိုၿပီး သူက အျခားတပိုင္းကို စားလိုက္ ျပန္တယ္။ အဲဒီလိုနဲ႔ သူဟာ မညီေသးဘူး မညီေသးဘူးဆို႔ၿပီး တပိုင္းၿပီး တပိုင္း အလွည့္က် စားလိုက္တာ ေနာက္ဆုံးမွာ ကိတ္မုန႔္တခုလုံး ကုန္သြား ပါေတာ့တယ္။ ကိတ္မုန႔္ စားဖို႔ ေမွ်ာ္ေနတဲ့ ေၾကာင္ႏွစ္ေကာင္လည္း ရင္ကြဲပက္လက္ ျဖစ္သြားပါေတာ့တယ္။ Crd
0 Comments