အမြင်ချင်းတူပေမယ့် အတွေးချင်း မတူနိုင်

သစ်တုံးတတုံးကို တွေ့မြင်ရတာချင်း တူပေမယ့် တွေးခေါ်ပုံချင်းက မတူကြပါဘူး။

ထင်းခွေသမားက "အိမ်အတွက် တပါတ်စာလောက် ထင်းတွေ လုံလုံလောက်လောက် ရပြီ" လို့ တွေးတယ်။ လက်သမားက "အိမ်ဆောက်ဖို့ အတွက် သစ်ကောင်းကောင်းတော့ တွေ့ပြီ" လို့ တွေးတယ်။

ပန်းပုဆရာက "လှပတဲ့ နတ်သမီးပုံကို ထုဆစ်နိုင်တော့မယ်" လို့ တွေးတယ်။ သူတို့တွေ ဘယ်လိုပဲ မြင်မြင် သစ်တုံးကတော့ ဘာမှ ပြန်မပြောပါဘူး။ အသုံးပြုသူရဲ့ လက်ထဲကို အသာတကြည် လိုက်သွားမှာ ပါပဲ။

အထက်ပါ လူ (၃) ဦးလို ပါပဲ။ မိမိတို့ရဲ့ ဘဝမှာ တွေ့ကြုံ ရင်ဆိုင်နေရတဲ့ အရာမှန်သမျှဟာ ကောင်းသည်လည်း မဟုတ်သလို ဆိုးသည်လည်း မဟုတ်ပါဘူး။ ကောင်းလား၊ ဆိုးလားဆိုတာ မိမိရဲ့ စိတ်နေသဘောထား (attitude) အပေါ်သာ မူတည်ပါတယ်။

ပြဿနာတွေ အခက်အခဲတွေ အမှုအခင်းတွေနဲ့ ရင်ဆိုင် ဖြေရှင်းရတဲ့ အချိန်မှာ "ငါ့ ဘဝက ဆိုးလိုက်တာ" ဆိုပြီး စိတ်ဓါတ် ကျနေမလား။ ဒါမှမဟုတ် "လောကမှာ ငါ့ထက် ဆိုးတာတွေ အများကြီးပဲ" ဆိုပြီး ဖြေသိမ့်မလား။

ဘဝမှာ ကံအကြောင်း မလှလို့ လဲကျသွားတဲ့အခါ "ငါတော့ ဘဝပျက်ပါပြီ" လို့ တွေးနေမယ့် အစား ကိုယ့်ထက်ဆိုးတဲ့ ဘဝတွေကို ငဲ့ကြည့်ပြီး မိမိကိုယ်ကို နှစ်သိမ့်ရမှာပါ။

ပျော်ရွှင်ချင်လည်း ကိုယ့်စိတ်ပဲ၊ မပျော်ရွှင်ချင်လည်း ကိုယ့်စိတ်ပဲ မဟုတ်လား။ ကိုယ်ကြုံတွေ့ရတဲ့ အခြေအနေ၊ အနေအထား ပေါ်မှာ ကိုယ်ဘယ်လို တွေးမိလိုက်သလဲ ဆိုတဲ့ အချက်က လူလူချင်း ကွာခြားသွားစေတာ ပဲလေ။

အဓိက ပြောချင်တဲ့ အချက်ကတော့ Attitude ကိုပါ။ လူလူချင်း တူရင်တောင် အတွေ့အကြုံ ရှိသူက သာတယ်။ အတွေ့အကြုံချင်း တူရင်တောင် အရည်အချင်း ရှိသူက သာတယ်။

အရည်အချင်း တူရင်တောင် စိတ်နေသဘောထား ကောင်းသူက ပိုသာပါတယ်။ မိတ်ဆွေ အကောင်းဆုံး ဆိုတဲ့ အတွေးတွေကိုပဲ တွေးပါ။ Aung Ko Latt

Zawgyi

အျမင္ခ်င္းတူေပမယ့္ အေတြးခ်င္း မတူႏိုင္

သစ္တုံးတတုံးကို ေတြ႕ျမင္ရတာခ်င္း တူေပမယ့္ ေတြးေခၚပုံခ်င္းက မတူၾကပါဘူး။ ထင္းေခြသမားက "အိမ္အတြက္ တပါတ္စာေလာက္ ထင္းေတြ လုံလုံေလာက္ေလာက္ ရၿပီ" လို႔ ေတြးတယ္။ လက္သမားက "အိမ္ေဆာက္ဖို႔ အတြက္ သစ္ေကာင္းေကာင္းေတာ့ ေတြ႕ၿပီ" လို႔ ေတြးတယ္။

ပန္းပုဆရာက "လွပတဲ့ နတ္သမီးပုံကို ထုဆစ္ႏိုင္ေတာ့မယ္" လို႔ ေတြးတယ္။ သူတို႔ေတြ ဘယ္လိုပဲ ျမင္ျမင္ သစ္တုံးကေတာ့ ဘာမွ ျပန္မေျပာပါဘူး။ အသုံးျပဳသူရဲ႕ လက္ထဲကို အသာတၾကည္ လိုက္သြားမွာ ပါပဲ။

အထက္ပါ လူ (၃) ဦးလို ပါပဲ။ မိမိတို႔ရဲ႕ ဘဝမွာ ေတြ႕ႀကဳံ ရင္ဆိုင္ေနရတဲ့ အရာမွန္သမွ်ဟာ ေကာင္းသည္လည္း မဟုတ္သလို ဆိုးသည္လည္း မဟုတ္ပါဘူး။ ေကာင္းလား၊ ဆိုးလားဆိုတာ မိမိရဲ႕ စိတ္ေနသေဘာထား (attitude) အေပၚသာ မူတည္ပါတယ္။

ျပႆနာေတြ အခက္အခဲေတြ အမႈအခင္းေတြနဲ႔ ရင္ဆိုင္ ေျဖရွင္းရတဲ့ အခ်ိန္မွာ "ငါ့ ဘဝက ဆိုးလိုက္တာ" ဆိုၿပီး စိတ္ဓါတ္ က်ေနမလား။ ဒါမွမဟုတ္ "ေလာကမွာ ငါ့ထက္ ဆိုးတာေတြ အမ်ားႀကီးပဲ" ဆိုၿပီး ေျဖသိမ့္မလား။

ဘဝမွာ ကံအေၾကာင္း မလွလို႔ လဲက်သြားတဲ့အခါ "ငါေတာ့ ဘဝပ်က္ပါၿပီ" လို႔ ေတြးေနမယ့္ အစား ကိုယ့္ထက္ဆိုးတဲ့ ဘဝေတြကို ငဲ့ၾကည့္ၿပီး မိမိကိုယ္ကို ႏွစ္သိမ့္ရမွာပါ။ ေပ်ာ္႐ႊင္ခ်င္လည္း ကိုယ့္စိတ္ပဲ၊ မေပ်ာ္႐ႊင္ခ်င္လည္း ကိုယ့္စိတ္ပဲ မဟုတ္လား။ ကိုယ္ႀကဳံေတြ႕ရတဲ့ အေျခအေန၊ အေနအထား ေပၚမွာ ကိုယ္ဘယ္လို ေတြးမိလိုက္သလဲ ဆိုတဲ့ အခ်က္က လူလူခ်င္း ကြာျခားသြားေစတာ ပဲေလ။

အဓိက ေျပာခ်င္တဲ့ အခ်က္ကေတာ့ Attitude ကိုပါ။ လူလူခ်င္း တူရင္ေတာင္ အေတြ႕အႀကဳံ ရွိသူက သာတယ္။ အေတြ႕အႀကဳံခ်င္း တူရင္ေတာင္ အရည္အခ်င္း ရွိသူက သာတယ္။ အရည္အခ်င္း တူရင္ေတာင္ စိတ္ေနသေဘာထား ေကာင္းသူက ပိုသာပါတယ္။ မိတ္ေဆြ အေကာင္းဆုံး ဆိုတဲ့ အေတြးေတြကိုပဲ ေတြးပါ။ Aung Ko Latt

Post a Comment

0 Comments