အာဖရိက တောအုပ်တွေထဲက သွေးစုပ်လင်းနို့တွေဟာ ဘာမှ မဟုတ်တဲ့ အကောင်တွေ ဖြစ်တယ်။ သူတို့ဟာ တခြား တိရိစ္ဆာန်ရဲ့ သွေးကို စုပ်ယူ စားသုံးပြီး အသက်ရှင် ကြတယ်။
ဒီလို ဘာမှ မဟုတ်တာကပဲ မြင်းရိုင်းတွေကို သေစေတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ တိရိစ္ဆာန် ပညာရှင်များက ခန့်မှန်းကြပါတယ်။
လင်းနို့တွေဟာ မြင်းရိုင်းတွေကို သွေးစုပ်တော့မယ် ဆိုရင် မြင်းရိုင်းရဲ့ ပေါင်ကို အရင်ဆုံး တွယ်ကပ် ကြပါတယ်။ တွယ်ကပ်ပြီး ပေါင်ကို ချွန်ထက်နေတဲ့ သူ့တို့ရဲ့သွားနဲ့ ထိုးလိုက်ပြီး သွေးတွေကို စုပ်ယူပါတော့တယ်။
မြင်းရိုင်းတွေဟာ ဘယ်လောက်ပဲ ခုန်ပါစေ၊ လှုပ်ခါပါစေ လင်းနို့တွေက ပြုတ်မကျတဲ့ အပြင် သွေးစုပ် မပျက်ခဲ့ပါဘူး။
သွေးတွေကို စိတ်ကြိုက် စုပ်ယူတော့တယ်။ သနားစရာ မြင်းရိုင်းကတော့ ခုန်ရင်း၊ ပေါက်ရင်း မောပန်းပြီး သေပွဲဝင် ကြရပါတယ်။
လင်းနို့က မြင်းရိုင်းရဲ့ သွေးကိုပဲ စုပ်ယူတာ မဟုတ်ပါဘူး။ တခြား တိရိစ္ဆာန်တွေရဲ့ သွေးကိုလည်း စုပ်ယူ ပါသေးတယ်။ ဒါပေမဲ့ မြင်းရိုင်းတွေ ကပဲ ဒီသွေး အနည်းငယ် အတွက်နဲ့ ဒေါသထွက်ပြီး သေကြရ တာပါ။
ပညာရှင်တွေရဲ့ ဆန်းစစ်ချက် အရ မြင်းရိုင်း သေရတာက လင်းနို့ စုပ်ယူလိုက်တဲ့ သွေးတွေကြောင့် မဟုတ်ဘဲ ကိုယ့်ဒေါသနဲ့ကိုယ် ခုန်ပေါက်ပြီး မောပန်းလို့ သေရတာ ဖြစ်ပါတယ်တဲ့။
လင်းနို့ စုပ်ယူလိုက်တဲ့ သွေးအနည်းငယ်က မြင်းရိုင်းကို ဘာမှ မထိခိုက်စေ နိုင်ပါဘူး။ တခြား တိရိစ္ဆာန်လို့ အမြီးလေး လှုပ်ရမ်းပြီး မောင်းထုတ်ရုံ ပါပဲ။
ဒေါသတကြီး ခုန်ပေါက်မနေရင် သေးငယ်တဲ့ လင်းနို့ကြောင့် မြင်းရိုင်းတွေ သေပွဲ မဝင်နိုင်ပါဘူး။
ကိုယ့်ပတ်ဝန်းကျင် မှာလည်း မြင်းရိုင်းလို ဒေါသကြီးတဲ့ လူတွေကို တွေ့ဖူးကြ မှာပါ။ ကိစ္စ သေးသေးမွှားမွှားလေးနဲ့ ကြိတ်ခဲ မရဖြစ်ပြီး ဒေါသတွေက မိုးကြိုးထက် ထန်ကြတယ်။ ထစ်ခနဲဆို ဒေါသထွက်ပြီး လက်ပါ ပါချင်ကြတယ်။
မိသားစု၊ သူငယ်ချင်းတွေကို အဲဒီ ဒေါသက ထိခိုက်ဒဏ်ရာတွေ ရစေတယ်။ သူတို့ ကိုယ်တိုင်ကိုလည်း ထိခိုက်ဒဏ်ရာတွေ ရစေနိုင်ပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း သတိမမူတဲ့ အခါတွေမှာ မြင်းရိုင်း ဖြစ်သွားတတ်လွန်းလို့ ကိုယ့်ကိုယ်ကို ဆုံးမချင်ရင် ဒီစာလေးကို ကောက်ဖတ်ဖို့ ဆုံးဖြတ်ထားပါတယ်။ Crd
0 Comments