ဘဝ ဆိုတာ လ လိုပဲ

လ ဆိုတာ ပြည့်ပြီးရင် ကွယ်ရတာ ပါပဲ။ ဘဝ ဆိုတာလည်း တက်ပြီးရင် ကျရတာပါပဲ။ ဖြစ်ပြီးရင်လည်း ပျက်ရတာ ပါပဲ။ ဘာမှ တသမတ်တည်း မရှိဘူး။ သေချာပေါက် ရှိနေတာကတော့ မမြဲခြင်း ပါပဲ။

ရှိနေတဲ့ အနေအထားကို လက်ခံနိုင်ရမယ်။ ရင်ဆိုင်နိုင် ရမယ်။ ဘဝဆိုတာ လလိုပဲ။ အမြဲတမ်း ပြည့်နေတာ မဟုတ်သလို အမြဲတမ်း ကွယ်နေတာတော့ မဟုတ်ဘူးပေါ့။

တဖြည်းဖြည်း ဆန်း၊ တဖြည်းဖြည်း ပြည့်၊ တဖြည်းဖြည်း ဆုတ်၊ တဖြည်းဖြည်း ကွယ်။ ဒါဟာ သဘာဝရဲ့ အပြောင်းအလဲ၊ ဘဝရဲ့ အပြောင်းအလဲပဲ မဟုတ်လား။

အဆင်ပြေနေ လို့လည်း သတိလက်လွတ် မဖြစ်ဖို့ လိုသလို၊ အဆင်မပြေ လို့လည်း စိတ်ပျက်လက်ပျက် ဖြစ်နေဖို့ မဟုတ်ဘူး။ ဖြစ်လိုက် ပျက်လိုက်၊ ပြေလိုက် မပြေလိုက်၊ တက်လိုက် ကျလိုက် ဖြစ်နေတာ ကိုက ဘဝရဲ့ သင်္ကေတ ပါပဲ။

အချိန်နဲ့ အခြေအနေ အခိုက်အတန့်ကို မယိမ်းယိုင်အောင် ထိမ်းနေနိုင်ရင် ဘဝရဲ့ လောကဓံ ဆိုတာ ကျော်လွှားသွားမှာ ပါပဲ။ အရေးကြီးဆုံး ကတော့ ဘဝအရှိကို ဓမ္မအသိနဲ့ ညှိဖို့ပါပဲ။ ဘဝထဲမှာ ဓမ္မ တွဲထားဖို့ ပါပဲ။

ဓမ္မ မပါတဲ့ ဘဝဟာ အလှ မဖြာဘူး။ တရားမရှိတဲ့ ဘဝဟာ အားမရှိဘူး။ ရုပ်ဝတ္ထုအားတွေ ဘယ်လောက်ပဲ ရှိရှိ တရားအားမရှိရင် ဘဝအမှားတွေ ကြား အလှတရားတွေလည်း ရှားနေကြမှာ အမှန်ပါပဲ။

ဒါကြောင့် ဘဝ ပြည့်နေလို့လည်း ဓမ္မ မမေ့နဲ့။ ဘဝ ကွယ်နေလို့လည်း ဓမ္မ မပယ်နဲ့။ ဘဝ ကယ်ဖို့ဆိုတာ ဓမ္မနဲ့ပဲ ဖြေဆည်ရမှာဖြစ်တဲ့ အတွက် အပ္ပမာဒတရား လက်ကိုင်ထား၊ သတိအားတွေ မကျအောင်ပဲ ကြိုးစားကြရမှာ ပဲပေါ့။

ဘဝနဲ့ လ။ ပြည့်ပြီးရင် ကွယ်၊ ဖြစ်ပြီးရင် ပျက်၊ ပေါ်ပြီးရင် ပျောက်။ ဒီသဘောတရားကို လက်ခံထားနိုင်ရင် ဘယ်လို အတက် အကျ အနိမ့် အမြင့်မျိုးပဲ လာလာ တရားနဲ့ ဖြေလို့ ရသွားမှာပါပဲ။ မနာပ ဒါယီ ဆရာတော်အရှင်ဝိစိတ္တ phoomyatchal

Zawgyi

ဘဝ ဆိုတာ လ လိုပဲ

လ ဆိုတာ ျပည့္ၿပီးရင္ ကြယ္ရတာ ပါပဲ။ ဘဝ ဆိုတာလည္း တက္ၿပီးရင္ က်ရတာပါပဲ။ ျဖစ္ၿပီးရင္လည္း ပ်က္ရတာ ပါပဲ။ ဘာမွ တသမတ္တည္း မရွိဘူး။ ေသခ်ာေပါက္ ရွိေနတာကေတာ့ မၿမဲျခင္း ပါပဲ။

ရွိေနတဲ့ အေနအထားကို လက္ခံႏိုင္ရမယ္။ ရင္ဆိုင္ႏိုင္ ရမယ္။ ဘဝဆိုတာ လလိုပဲ။ အၿမဲတမ္း ျပည့္ေနတာ မဟုတ္သလို အၿမဲတမ္း ကြယ္ေနတာေတာ့ မဟုတ္ဘူးေပါ့။

တျဖည္းျဖည္း ဆန္း၊ တျဖည္းျဖည္း ျပည့္၊ တျဖည္းျဖည္း ဆုတ္၊ တျဖည္းျဖည္း ကြယ္။ ဒါဟာ သဘာဝရဲ႕ အေျပာင္းအလဲ၊ ဘဝရဲ႕ အေျပာင္းအလဲပဲ မဟုတ္လား။

အဆင္ေျပေန လို႔လည္း သတိလက္လြတ္ မျဖစ္ဖို႔ လိုသလို၊ အဆင္မေျပ လို႔လည္း စိတ္ပ်က္လက္ပ်က္ ျဖစ္ေနဖို႔ မဟုတ္ဘူး။ ျဖစ္လိုက္ ပ်က္လိုက္၊ ေျပလိုက္ မေျပလိုက္၊ တက္လိုက္ က်လိုက္ ျဖစ္ေနတာ ကိုက ဘဝရဲ႕ သေကၤတ ပါပဲ။

အခ်ိန္နဲ႔ အေျခအေန အခိုက္အတန႔္ကို မယိမ္းယိုင္ေအာင္ ထိမ္းေနႏိုင္ရင္ ဘဝရဲ႕ ေလာကဓံ ဆိုတာ ေက်ာ္လႊားသြားမွာ ပါပဲ။ အေရးႀကီးဆုံး ကေတာ့ ဘဝအရွိကို ဓမၼအသိနဲ႔ ညႇိဖို႔ပါပဲ။ ဘဝထဲမွာ ဓမၼ တြဲထားဖို႔ ပါပဲ။

ဓမၼ မပါတဲ့ ဘဝဟာ အလွ မျဖာဘူး။ တရားမရွိတဲ့ ဘဝဟာ အားမရွိဘူး။ ႐ုပ္ဝတၳဳအားေတြ ဘယ္ေလာက္ပဲ ရွိရွိ တရားအားမရွိရင္ ဘဝအမွားေတြ ၾကား အလွတရားေတြလည္း ရွားေနၾကမွာ အမွန္ပါပဲ။

ဒါေၾကာင့္ ဘဝ ျပည့္ေနလို႔လည္း ဓမၼ မေမ့နဲ႔။ ဘဝ ကြယ္ေနလို႔လည္း ဓမၼ မပယ္နဲ႔။ ဘဝ ကယ္ဖို႔ဆိုတာ ဓမၼနဲ႔ပဲ ေျဖဆည္ရမွာျဖစ္တဲ့ အတြက္ အပၸမာဒတရား လက္ကိုင္ထား၊ သတိအားေတြ မက်ေအာင္ပဲ ႀကိဳးစားၾကရမွာ ပဲေပါ့။

ဘဝနဲ႔ လ။ ျပည့္ၿပီးရင္ ကြယ္၊ ျဖစ္ၿပီးရင္ ပ်က္၊ ေပၚၿပီးရင္ ေပ်ာက္။ ဒီသေဘာတရားကို လက္ခံထားႏိုင္ရင္ ဘယ္လို အတက္ အက် အနိမ့္ အျမင့္မ်ိဳးပဲ လာလာ တရားနဲ႔ ေျဖလို႔ ရသြားမွာပါပဲ။ မနာပ ဒါယီ ဆရာေတာ္အရွင္ဝိစိတၱ phoomyatchal

Post a Comment

0 Comments