ဆောင်းရာသီရောက်လာတဲ့အခါ အေးမြတဲ့အပူချိန်ကြောင့် အသားအရေက ခြောက်သွေ့လာပါတယ်။ သဘာဝ moisturizer က သားအရေကို ရေူာတ်ပြည့်နေအောင်၊ ထိလိုက်တိုင်းမှာ နူးညံ့နေအောင် ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။
အိမ်မှာတင်ပြုလုပ်နိုင်ပြီး အချိန်ကုန်ငွေကုန်သက်သာတဲ့ ခန္ဓာကိုယ်အတွက် moisturizer ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
လိုအပ်သောပစ္စည်းများ
- ဒန်အိုး
- ပန်းကန်လုံး
- တိုင်းတာတဲ့ခွက်
- ဇွန်း
- မွှေစက်
- ဘူး
- အယ်လ်ကိုဟော
အသားအရေခြောက်သွေ့သူတွေအတွက် moisturizer
အသားအရေခြောက်သွေ့တဲ့သူတွေက ဆောင်းရာသီမှာ အခြားသူတွေထက် အသားအရေကို ပိုမိုထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။ ဆီပါဝင်မှုများတဲ့ moisturizer တွေက အသားအရေခြောက်သွေ့တဲ့သူတွေကို အချိန်ကြာကြာ စိုပြည်နေစေပါတယ်။
လိုအပ်သောပစ္စည်းများ
- အုန်းဆီလက်ဖက်ရည်ဇွန်း ၂ ဇွန်း
- Shea butter လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ပဲပုပ်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ထောပတ်သီးဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြိုက်နှစ်သက်ရာ ရနံ့ဆီ ၃ စက်
အုန်းဆီ၊ Shea butter၊ ပဲပုပ်ဆီ၊ ထောပတ်သီးဆီတို့ကို အပူပေးလိုက်ပါ။ ဆီတွေအရည်ပျော်သွားတဲအ့ခါမှာ မီးဖိုပေါ်ကနေ ချပြီး ရနံ့ဆီထည့်ပေးပါ။ အဲဒီနောက် မွှေစက်ထဲမှာ ခရင်မ်ဖြစ်လာတဲ့အထိ မွှေပေးပါ။
မွှေပြီးနောက်မှာ ထည့်မယ့်ဘူးထဲကို အယ်လ်ကိုဟောနဲ့ ပိုးသတ်ပေးပါ။ ပြီးနောက် ဘူးတစ်ခုထဲမှာ ထည့်သိမ်းထားလိုက်ပါ။ ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့် အအေးခံပြီးနောက်မှာတော့ လိမ်းလို့ရပါပြီ။
အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် moisturizer
ဝက်ခြံထွက်လွယ်သူတွေ၊ အဆီပြန်သူတွေအတွက် အဆီပါဝင်မှုနည်းတဲ့ moisturizer က ပိုပြီးတော့ ကောင်းမွန်ပါတယ်။ အဆီပါဝင်မှုနည်းတဲ့ moisturizer တွေက အသားအရေထဲကို စိမ့်ဝင်လွယ်ပြီး စေးကပ်ကပ်လည်း မဖြစ်နေပါဘူး။
လိုအပ်သောပစ္စည်းများ
- ကြွေပန်းရနံ့ဆီ ၃ စက်
- လာဗင်ဒါရနံ့ဆီ ၃ စက်
- ဂျိုဂျိုဘာဆီခွက်ရဲ့လေးပုံတစ်ပုံ
- ရှားစောင်းလတ်ပတ်ဂျယ်လ် ခွက်ရဲ့လေးပုံတစ်ပုံ
- Emulsifying wax လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- Shea butter လက်ဖက်ရည်ဇွန်း တစ်ဇွန်း
Emulsifying wax၊ Shea butter၊ ဂျိုဂျိုဘာဆီတို့ကို အိုးထဲမှာထည့်ပြီး အပူပေးပါ။ ပါဝင်ပစ္စည်းတွေကို ဇွန်းနဲ့ နှံ့အောင်မွှေပြီး အိုးကို မီးဖိုပေါ်ကနေ ချလိုက်ပါ။ အဲဒီနောက် ရနံ့ဆီနဲ့ ရှားစောင်းလက်ပတ်ဂျယ်ကို ထည့်ပေးပြီး မွှေစက်နဲ့ မွှေလို့ရပါပြီ။
ဘူးကို အယ်လ်ကိုဟောနဲ့ သန့်ရှင်းရေးလုပ်ပြီး ဘူးထဲကို ထည့်လိုက်လို့ရပါပြီ။ ၁၅ မိနစ်ခန့် အအေးခံပြီးနောက်မှာတော့ ရေခဲသေတ္တာထဲမှာ သိမ်းထားပေးပါ။ နေ့စဉ်ရေချိုးပြီးတိုင်းမှာ ဒီ moisturizer လေးကို အသုံးပြုလို့ရပါပြီ။
ထိလွယ်ရှလွယ်အသားအရေပိုင်ရှင်တွေအတွက် moisturizer
ထိလွယ်ရှလွယ်တဲ့အသားအရေပိုင်ရှင်တွေက moisturizer ကို အသုံးပြုတဲ့အခါ အရမ်းကို ဂရုစိုက်ပြီး ရွေးချယ်ရပါတယ်။ ရှားစောင်းလက်ပတ်က အသားအရေကို အာဟာရဓာတ်နဲ့ ရေဓာတ်ဖြည့်ပေးပါတယ်။
လိုအပ်သောပစ္စည်းများ
- အုန်းဆီ ခွက်ရဲ့လေးပုံတစ်ပုံ
- ထောပတ်သီးဆီခွက်ရဲ့လေးပုံတစ်ပုံ
- ရှားစောင်းလက်ပတ်လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- Emulsifying wax လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ဗီတာမင် E ဆေးတောင့် ၂ တောင့်
- ပေါင်းခံရည်ခွက်ရဲ့လေးပုံတစ်ပုံ
ထောပတ်ဆီ၊ Emulsifying wax၊ အုန်းဆီတို့ကို အရည်ပျော်သွားအောင် အပူပေးပါ။ အရည်ပျော်သွားပြီးနောက် မီးပိတ်လိုက်ပြီး ပေါင်းခံရည်၊ ရှားစောင်းလက်ပတ်ဂျယ်လ်၊ ဗီတာမင် Eတို့ကို ရောထည့်ပြီး ကြိတ်စက်ထဲမှာ ရောမွှေပေးပါ။ ထည့်မယ့်ဘူးကို အယ်လ်ကိုဟောနဲ့ သန့်ပြီးနောက် ရလာတဲ့ခရင်မ်တွေကို ဘူးထဲမှာ ထည့်ပါ။ ၁၅ မိနစ်ကြာ အအေးခံပြီး ရေခဲသေတ္တာထဲမှာ ထည့်လို့ရပါပြီ။
ခန္ဓာကိုယ်အတွက် moisturizer ပြုလုပ်တဲ့အခါ ရနံ့ဆီကို ကြိုက်နှစ်သက်ရာထည့်လို့ရပါတယ်။ အသုံးအများဆုံးကတော့ လာဗင်ဒါရနံ့ဆီပါဲ။ ပေါင်းခံရည်နေရာမှာ နှင်းဆီရည်ကို အစားထိုးအသုံးပြုလို့ရပါတယ်။
Zombie (lovemedia)
0 Comments