တခုခုဆို သူများအတွက် အရင် ဦးစားပေးတတ်တဲ့ သူတွေက ကိုယ်ချင်းစာစိတ် အပြည့်နဲ့ တာဝန်ယူတတ်တဲ့ စိတ်ကြောင့် အမြဲတမ်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်တဲ့ သူတွေပါ။
တခါတလေ ဖြစ်ချင်တာ တွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးရင်း မပျော်တဲ့ ဘဝမှာ ပျော်သလို နေလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိနေတတ်တယ်။
အများအားဖြင့် ဒီလိုလူ အများစုက အထီးကျန် ဆန်နေတတ်တာ များတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ဖို့ မေ့နေတတ်ပြီး သူများအတွက် အမြဲတမ်း ဦးစားပေးတတ်တဲ့ စိတ်ကြောင့် သူများစိတ်နဲ့ ရှင်သန်နေရသလို ဖြစ်နေတာပါ။
မိသားစုထဲမှာဆို အကြီးမှ အငယ်မှ မဟုတ်ဘူး မနေတတ်တဲ့ သူက ပိုပင်ပန်းရသလို၊ အချစ်ရေး မှာလည်း သူချစ် ကိုယ်ချစ်ဆိုတာထက် နားလည်မှု အပြည့် ရှိတဲ့သူက ပိုပင်ပန်းရ စမြဲပါပဲ။ လုပ်ငန်းခွင်မှာလည်း မနေတတ်တဲ့သူက ပင်ပန်းရတာပါပဲ။
ဒီလိုပဲ လောကဓံနဲ့ ရင်ဆိုင်ရတဲ့ အခါ စိတ်မထားတတ်ရင် ပင်ပန်းရအုံးမှာ ပါပဲ။ သင့် ဘေးနားက လူတွေကို ဂရုစိုက်နေ သရွေ့တော့ သင်အမြဲ ပင်ပန်းနေရမယ် ဆိုတာ မမေ့ပါနဲ့။
တခါတလေ သင့်ကိုယ်သင် ချစ်ကြည့်ပါ ဂရုစိုက်ကြည့်ပါ။ လောကကြီး ထဲမှာ ရှင်သန်တဲ့အခါ ဂရုစိုက်သင့်တဲ့ အရာကို ဂရုစိုက်ပြီး ဂရုစိုက်ဖို့ မတန်ရင် ဘာကိုမှ ဂရုစိုက် မနေပါနဲ့။
လဲကျလို့ ပြန်ထရင် တွဲထူမယ့် လက်တွေကို စောင့်နေမယ့် အစား ကိုယ်ထူ ကိုယ်ထနိုင်အောင် ကြိုးစားပါ။
မမြဲတဲ့ လောကဓံမှာ သင်ဂရုစိုက် အလျှော့ ပေးထားတဲ့ ဆက်ဆံရေးတွေက သင် အဆင်မပြေတော့တဲ့ တနေ့ သင့်ကို ဂရုတစိုက်နဲ့ စိတ်ပူပေးနေမှာမဟုတ်ဘူးလေ။ မေဆု (ရာမညမြေ)
Zawgyi
ကိုယ့္ကိုယ္ကို ခ်စ္ဖို႔ မေမ့ပါနဲ႔
တခုခုဆို သူမ်ားအတြက္ အရင္ ဦးစားေပးတတ္တဲ့ သူေတြက ကိုယ္ခ်င္းစာစိတ္ အျပည့္နဲ႔ တာဝန္ယူတတ္တဲ့ စိတ္ေၾကာင့္ အၿမဲတမ္း ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ဖို႔ ေမ့ေနတတ္တဲ့ သူေတြပါ။
တခါတေလ ျဖစ္ခ်င္တာ ေတြထက္ ျဖစ္သင့္တာေတြကို ဦးစားေပးရင္း မေပ်ာ္တဲ့ ဘဝမွာ ေပ်ာ္သလို ေနလိုက္ရတဲ့ အခိုက္အတန႔္ေတြ ရွိေနတတ္တယ္။
အမ်ားအားျဖင့္ ဒီလိုလူ အမ်ားစုက အထီးက်န္ ဆန္ေနတတ္တာ မ်ားတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ကိုယ့္ကိုယ္ကို ခ်စ္ဖို႔ ေမ့ေနတတ္ၿပီး သူမ်ားအတြက္ အၿမဲတမ္း ဦးစားေပးတတ္တဲ့ စိတ္ေၾကာင့္ သူမ်ားစိတ္နဲ႔ ရွင္သန္ေနရသလို ျဖစ္ေနတာပါ။
မိသားစုထဲမွာဆို အႀကီးမွ အငယ္မွ မဟုတ္ဘူး မေနတတ္တဲ့ သူက ပိုပင္ပန္းရသလို၊ အခ်စ္ေရး မွာလည္း သူခ်စ္ ကိုယ္ခ်စ္ဆိုတာထက္ နားလည္မႈ အျပည့္ ရွိတဲ့သူက ပိုပင္ပန္းရ စၿမဲပါပဲ။ လုပ္ငန္းခြင္မွာလည္း မေနတတ္တဲ့သူက ပင္ပန္းရတာပါပဲ။
ဒီလိုပဲ ေလာကဓံနဲ႔ ရင္ဆိုင္ရတဲ့ အခါ စိတ္မထားတတ္ရင္ ပင္ပန္းရအုံးမွာ ပါပဲ။ သင့္ ေဘးနားက လူေတြကို ဂ႐ုစိုက္ေန သေ႐ြ႕ေတာ့ သင္အၿမဲ ပင္ပန္းေနရမယ္ ဆိုတာ မေမ့ပါနဲ႔။
တခါတေလ သင့္ကိုယ္သင္ ခ်စ္ၾကည့္ပါ ဂ႐ုစိုက္ၾကည့္ပါ။ ေလာကႀကီး ထဲမွာ ရွင္သန္တဲ့အခါ ဂ႐ုစိုက္သင့္တဲ့ အရာကို ဂ႐ုစိုက္ၿပီး ဂ႐ုစိုက္ဖို႔ မတန္ရင္ ဘာကိုမွ ဂ႐ုစိုက္ မေနပါနဲ႔။
လဲက်လို႔ ျပန္ထရင္ တြဲထူမယ့္ လက္ေတြကို ေစာင့္ေနမယ့္ အစား ကိုယ္ထူ ကိုယ္ထႏိုင္ေအာင္ ႀကိဳးစားပါ။ မၿမဲတဲ့ ေလာကဓံမွာ သင္ဂ႐ုစိုက္ အေလွ်ာ့ ေပးထားတဲ့ ဆက္ဆံေရးေတြက သင္ အဆင္မေျပေတာ့တဲ့ တေန႔ သင့္ကို ဂ႐ုတစိုက္နဲ႔ စိတ္ပူေပးေနမွာမဟုတ္ဘူးေလ။ ေမဆု (ရာမညေျမ)
0 Comments