ခြင်္သေ့နှင့် မြေခွေး

တခါက မြေခွေး တကောင်ဟာ ကေသရာဇာ ခြင်္သေ့ကြီးဆီ ရောက်လာပြီး "သတ္တိရှိရင် မင်းနဲ့ ငါ အားပြိုင်ရအောင်" ဆိုပြီး စိန်ခေါ်လိုက်တယ်။ မြေခွေး စိန်ခေါ်တာကို ခြင်္သေ့ကြီးက လုံးဝ ဂရုမစိုက်ပဲ မသိသလို နေလိုက်တယ်။

အဲဒီတော့ မြေခွေးက "ဟား ဟား မင်းဟာ သရဲဘောကြောင်တဲ့ အကောင်၊ သတ္တိမရှိတဲ့ အကောင်။ မင်း ငါ့ကို တုန်နေအောင် ကြောက်တယ် ဆိုတာ တတောလုံးသိအောင် ငါ လျှောက်ပြောလိုက်မယ်" လို့ ခြိမ်းခြောက်လိုက် ပါသတဲ့။

အဲ့ဒီလို ပြောလိုက်တဲ့ အခါမှာ ခြင်္သေ့ကြီးက မြေခွေးကို သေချာကြည့်ပြီး "ငါ့ကို အများက ငကြောက်လို့ ပြောချင် ပြောကြပါစေကွာ။

မင်းလို နိမ့်ကျတဲ့ မြေခွေးလို အကောင်မျိုးနဲ့တောင် တုပပြီး ရန်ပြိုင် ဖြစ်တတ်တဲ့ အကောင်ပါလား ဆိုပြီး အများက အထင်သေးကြမှာ ကိုတော့ ငါ မခံနိုင်ဘူး" လို့ ပြန်ပြောလိုက် ပါသတဲ့။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပေးတဲ့ သင်ခန်းစာက လူတိုင်းက ကျွန်တော်တို့ ယှဉ်ပြိုင်မှုနဲ့ မထိုက်တန်သလို သွားပုပ်လေလွင့် စကားလုံးတိုင်း ကိုလည်း လိုက်ပြီး တုံ့ပြန် ဖြေရှင်းနေဖို့ မလိုပါဘူး။

ကိုယ့်အလုပ် ကိုယ်လုပ်နေသူတွေ ကသာ နောက်ဆုံးမှာ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းရမှာပါ။

ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ လူတကာနဲ့ လိုက်ပြိုင်နေသူ ကသာ နောက်ဆုံးမှာ ရှုံးနိမ့်မှုတွေနဲ့ တလောကလုံးကို ပြစ်တင် ဝေဖန်ရင်း ဇာတ်သိမ်းသွား ကြရမှာပါ။

လူ့ဘဝက တိုတိုလေးပါ။ သူများနဲ့ လိုက်ပြိုင်ပြီး အချိန်ကုန် မခံကြပါနဲ့။ ကိုယ့်အလုပ်ကို ကိုယ်အာရုံစိုက်ရင်း မနေ့က ကိုယ်ထက် ဒီနေ့ကိုယ် ပိုသာအောင် ပိုတိုးတက်အောင်ပဲ ပြိုင်ကြပါလို့ တိုက်တွန်းချင် ပါတယ်။ Crd

Zawgyi

ျခေသၤ့နွင့္ ေျမေခြး

တခါက ေျမေခြး တေကာင္ဟာ ေကသရာဇာ ျခေသၤ့ႀကီးဆီ ေရာက္လာၿပီး "သတၱိရွိရင္ မင္းနဲ႔ ငါ အားၿပိဳင္ရေအာင္" ဆိုၿပီး စိန္ေခၚလိုက္တယ္။ ေျမေခြး စိန္ေခၚတာကို ျခေသၤ့ႀကီးက လုံးဝ ဂ႐ုမစိုက္ပဲ မသိသလို ေနလိုက္တယ္။

အဲဒီေတာ့ ေျမေခြးက "ဟား ဟား မင္းဟာ သရဲေဘာေၾကာင္တဲ့ အေကာင္၊ သတၱိမရွိတဲ့ အေကာင္။ မင္း ငါ့ကို တုန္ေနေအာင္ ေၾကာက္တယ္ ဆိုတာ တေတာလုံးသိေအာင္ ငါ ေလွ်ာက္ေျပာလိုက္မယ္" လို႔ ၿခိမ္းေျခာက္လိုက္ ပါသတဲ့။

အဲ့ဒီလို ေျပာလိုက္တဲ့ အခါမွာ ျခေသၤ့ႀကီးက ေျမေခြးကို ေသခ်ာၾကည့္ၿပီး "ငါ့ကို အမ်ားက ငေၾကာက္လို႔ ေျပာခ်င္ ေျပာၾကပါေစကြာ။ မင္းလို နိမ့္က်တဲ့ ေျမေခြးလို အေကာင္မ်ိဳးနဲ႔ေတာင္ တုပၿပီး ရန္ၿပိဳင္ ျဖစ္တတ္တဲ့ အေကာင္ပါလား ဆိုၿပီး အမ်ားက အထင္ေသးၾကမွာ ကိုေတာ့ ငါ မခံႏိုင္ဘူး" လို႔ ျပန္ေျပာလိုက္ ပါသတဲ့။

ဒီပုံျပင္ေလးက ကြၽန္ေတာ္တို႔ကို ေပးတဲ့ သင္ခန္းစာက လူတိုင္းက ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္မႈနဲ႔ မထိုက္တန္သလို သြားပုပ္ေလလြင့္ စကားလုံးတိုင္း ကိုလည္း လိုက္ၿပီး တုံ႔ျပန္ ေျဖရွင္းေနဖို႔ မလိုပါဘူး။

ကိုယ့္အလုပ္ ကိုယ္လုပ္ေနသူေတြ ကသာ ေနာက္ဆုံးမွာ ေအာင္ျမင္မႈေတြနဲ႔ ေပ်ာ္႐ႊင္စြာ ဘဝကို ျဖတ္သန္းရမွာပါ။ ကိုယ့္အလုပ္ ကိုယ္မလုပ္ပဲ လူတကာနဲ႔ လိုက္ၿပိဳင္ေနသူ ကသာ ေနာက္ဆုံးမွာ ရႈံးနိမ့္မႈေတြနဲ႔ တေလာကလုံးကို ျပစ္တင္ ေဝဖန္ရင္း ဇာတ္သိမ္းသြား ၾကရမွာပါ။

လူ႔ဘဝက တိုတိုေလးပါ။ သူမ်ားနဲ႔ လိုက္ၿပိဳင္ၿပီး အခ်ိန္ကုန္ မခံၾကပါနဲ႔။ ကိုယ့္အလုပ္ကို ကိုယ္အာ႐ုံစိုက္ရင္း မေန႔က ကိုယ္ထက္ ဒီေန႔ကိုယ္ ပိုသာေအာင္ ပိုတိုးတက္ေအာင္ပဲ ၿပိဳင္ၾကပါလို႔ တိုက္တြန္းခ်င္ ပါတယ္။ Crd

Post a Comment

0 Comments