အကြံရှိသူနှင့် ဉာဏ်ရှိသူ

တခါက ဆိုကရေးတီးကို သူ့ကျောင်းက တပည့်တယောက်က မေးတယ်။ "ဆရာကြီး အကြံနဲ့ ဉာဏ်နဲ့ကို တွဲပြီး ရေးသား ထားတာတွေ့ရ ပါတယ်။ အဲ့ဒီ အကြံနဲ့ ဉာဏ်ဟာ ဆိုလိုရင်း အတူတူပဲပေါ့နော်" လို့ မေးတယ်။

ဆိုကရေးတီးက ဘာမှ ပြန်မပြောပဲ အနားမှာရှိတဲ့ ကျောက်တုံးနှစ်တုံးကို ကောက်လိုက်တယ်။ ပြီးတော့ အဲ့ဒီ ကျောက်တုံး နှစ်တုံးကို အရှိန်ပြင်းပြင်းနဲ့ ထိရိုက်ပြတယ်။ ကျောက်တုံးက မီးပွားလေးတွေ ဖျတ်ခနဲ ဖျတ်ခနဲ ထွက်လာတယ်။

ဒါကို ပြပြီးတော့ ဆိုကရေးတီးက "အကြံဆိုတာ ဒီကျောက်တုံးလိုပဲ။ မဖြစ်နိုင်ဘူးလို့ ထင်ပေမဲ့ ခတ်လိုက်တဲ့ အခါ တခက်ခက် ပွင့်လာတဲ့ မီးပွားလေးတွေ လိုပဲ။ အကြံဆိုတာ တချက်တချက် ထွက်လာတဲ့ မီးပွားလေးတွေနဲ့ တူတယ်။ လင်းတယ်။ အမှောင်ထဲမှာ လတ်တယ်။ ဒါပေမဲ့ ကြာကြာ မခံဘူး"

အဲ့ဒီနောက် မှာတော့ ဆိုကရေးတီးက ကောက်ရိုးပုံနား သွားတယ်။ ကောက်ရိုးပုံ နားမှာ ခုနက ကျောက်ခဲတွေ ခတ်တယ်။ ကောက်ရိုးတွေ မီးလောင် သွားပြီးတော့ ကောက်ရိုးပုံကြီး တခုလုံး မီးကူးစက် သွားတယ်။ ဒါကို ပြပြီးတော့ ဆိုကရေးတီးက

"ဉာဏ်ဆိုတာ ဒီလိုပဲ ပြောရမယ်ဆို ပိုပြီး မီးတောက်စေမဲ့ ကောက်ရိုးတွေ လိုပဲ။ အကြံတွေက မီးပွားလေးတွေ ဖြစ်ပြီး အကြာကြီး မခံပေမဲ့ ဉာဏ်က အဲ့ဒီ မီးပွားလေး တွေကို ထပ်ပွားစေပြီးတော့ ကြီးပွားစေတယ်။ တကယ်လို့ သစ်သာချောင်းတွေ ဆိုရင် ပိုပြီးတော့ ထိန်းသိမ်းထား နိုင်စေတယ်။

အကြံပဲ ရှိပြီး ဉာဏ်မရှိတဲ့ သူတယောက်ဟာ ခဏတာ ကောင်းစားတယ်။ ဉာဏ်ရှိပြီး အကြံ မရှိတဲ့ သူဟာလည်း မီးတောက်ဖို့အလားအလာ မရှိတဲ့ ကောက်ရိုးပုံကြီးလို မထက်မြက်ဘူး။

ဒါကြောင့် လောကမှာ အကြံရှိသူတွေက ဉာဏ်ရှိသူတွေကို သွားရောက် ခစားကြသတဲ့။ ကဲ ငါ့တပည့် အကြံနဲ့ ဉာဏ်ရဲ့ ခြားနားချက်ကို မြင်ပြီလား" phoomyatchal

Zawgyi

အႀကံရွိသူႏွင့္ ဥာဏ္ရွိသူ

တခါက ဆိုကေရးတီးကို သူ႔ေက်ာင္းက တပည့္တေယာက္က ေမးတယ္။ "ဆရာႀကီး အႀကံနဲ႔ ဉာဏ္နဲ႔ကို တြဲၿပီး ေရးသား ထားတာေတြ႕ရ ပါတယ္။ အဲ့ဒီ အႀကံနဲ႔ ဉာဏ္ဟာ ဆိုလိုရင္း အတူတူပဲေပါ့ေနာ္" လို႔ ေမးတယ္။

ဆိုကေရးတီးက ဘာမွ ျပန္မေျပာပဲ အနားမွာရွိတဲ့ ေက်ာက္တုံးႏွစ္တုံးကို ေကာက္လိုက္တယ္။ ၿပီးေတာ့ အဲ့ဒီ ေက်ာက္တုံး ႏွစ္တုံးကို အရွိန္ျပင္းျပင္းနဲ႔ ထိ႐ိုက္ျပတယ္။ ေက်ာက္တုံးက မီးပြားေလးေတြ ဖ်တ္ခနဲ ဖ်တ္ခနဲ ထြက္လာတယ္။

ဒါကို ျပၿပီးေတာ့ ဆိုကေရးတီးက "အႀကံဆိုတာ ဒီေက်ာက္တုံးလိုပဲ။ မျဖစ္ႏိုင္ဘူးလို႔ ထင္ေပမဲ့ ခတ္လိုက္တဲ့ အခါ တခက္ခက္ ပြင့္လာတဲ့ မီးပြားေလးေတြ လိုပဲ။ အႀကံဆိုတာ တခ်က္တခ်က္ ထြက္လာတဲ့ မီးပြားေလးေတြနဲ႔ တူတယ္။ လင္းတယ္။ အေမွာင္ထဲမွာ လတ္တယ္။ ဒါေပမဲ့ ၾကာၾကာ မခံဘူး"

အဲ့ဒီေနာက္ မွာေတာ့ ဆိုကေရးတီးက ေကာက္႐ိုးပုံနား သြားတယ္။ ေကာက္႐ိုးပုံ နားမွာ ခုနက ေက်ာက္ခဲေတြ ခတ္တယ္။ ေကာက္႐ိုးေတြ မီးေလာင္ သြားၿပီးေတာ့ ေကာက္႐ိုးပုံႀကီး တခုလုံး မီးကူးစက္ သြားတယ္။ ဒါကို ျပၿပီးေတာ့ ဆိုကေရးတီးက

"ဉာဏ္ဆိုတာ ဒီလိုပဲ ေျပာရမယ္ဆို ပိုၿပီး မီးေတာက္ေစမဲ့ ေကာက္႐ိုးေတြ လိုပဲ။ အႀကံေတြက မီးပြားေလးေတြ ျဖစ္ၿပီး အၾကာႀကီး မခံေပမဲ့ ဉာဏ္က အဲ့ဒီ မီးပြားေလး ေတြကို ထပ္ပြားေစၿပီးေတာ့ ႀကီးပြားေစတယ္။ တကယ္လို႔ သစ္သာေခ်ာင္းေတြ ဆိုရင္ ပိုၿပီးေတာ့ ထိန္းသိမ္းထား ႏိုင္ေစတယ္။

အႀကံပဲ ရွိၿပီး ဉာဏ္မရွိတဲ့ သူတေယာက္ဟာ ခဏတာ ေကာင္းစားတယ္။ ဉာဏ္ရွိၿပီး အႀကံ မရွိတဲ့ သူဟာလည္း မီးေတာက္ဖို႔အလားအလာ မရွိတဲ့ ေကာက္႐ိုးပုံႀကီးလို မထက္ျမက္ဘူး။ ဒါေၾကာင့္ ေလာကမွာ အႀကံရွိသူေတြက ဉာဏ္ရွိသူေတြကို သြားေရာက္ ခစားၾကသတဲ့။ ကဲ ငါ့တပည့္ အႀကံနဲ႔ ဉာဏ္ရဲ႕ ျခားနားခ်က္ကို ျမင္ၿပီလား" phoomyatchal

Post a Comment

0 Comments