တခါတုန်းက မြင်းပိုင်ရှင် လူနှစ်ယောက် ရှိပြီး ပထမ မြင်းပိုင်ရှင်ဟာ အပြောအဆို ကြမ်းတမ်း ရက်စက်ပြီး မညှာတာတတ်သူ ဖြစ်ပါတယ်။ ဒုတိယ မြင်းပိုင်ရှင် ကတော့ သူ့ရဲ့ မြင်းအပေါ် ဂရုစိုက်ပြီး ကြင်နာတတ်သူ ဖြစ်ပါတယ်။
တနေ့သော အခါမှာ မြင်းပိုင်ရှင် နှစ်ဘောက်ရဲ့ တိုင်းပြည်ကို အခြား တနိုင်ငံက လာရောက် တိုက်ခိုက်ခြင်းကို ခံကြရ ပါတယ်။ သူတို့ နှစ်ဦးလည်း ဘုရင့်အမိန့်အရ အခြားသော ယောကျ်ားများနဲ့ အတူ စစ်တိုင်ဖို့ရာ ထွက်ကြရ ပါတော့တယ်။
သူတို့လည်း ကိုယ်စီ ပိုင်ဆိုင်တဲ့ မြင်းများကို စီးနင်းလျက် စစ်မြေပြင်ကို ထွက်ခဲ့ကြပါတယ်။ ရန်သူများနဲ့ ရင်ဆိုင် တိုက်ခိုက်တဲ့အခါ ရန်သူများ ဘက်က အားသာသဖြင့် မြင်းပိုင်ရှင်၂ ဦးလုံးပင် အရေးနိမ့်ကာ ထိခိုက်ဒဏ်ရာ ရကြပါတယ်။ စစ်ပွဲ အလယ်မှာ မြင်းပေါ်က ကိုယ်စီကိုယ်ငှ ပြုတ်ကျခဲ့ ကြပါတော့တယ်။
အဲဒီအခါမှာ ကြင်နာတတ်သူ မြင်းပိုင်ရှင်ရဲ့ မြင်းဟာ သခင်ဖြစ်သူကို ခါးလည်မှ ခါးပတ်ကို ကိုက်ချီလျက် စခန်းရှိရာဆီ အပြေးနှင်လာခဲ့ ပါတော့တယ်။
ရက်စက် ကြမ်းတမ်းသူဟာလည်း မြင်းပေါ်က ပြုတ်ကျသွားတဲ့ အခါမှာ မြင်းပေါ်ကို ပြန်တက်ကာ စခန်းသို့ ပြန်ရန် ကြိုးစားသော်လည်း မြင်းက မိမိပိုင်ရှင်ဖြစ်သူမှာ မိမိကို ရိုက်နှက် ကန်ကြောက်တော့မယ်ဟု အထင်ရောက်လျက် ပိုင်ရှင်ကို အကပ်မခံဘဲ ထွက်ပြေး ပါတော့တယ်။
နောက်ဆုံးမှာတော့ ရန်သူ လက်ချက်ဖြင့် ရက်စက်သူ မြင်းပိုင်ရှင်မှာ အသက်သေဆုံး သွားရ ပါတော့တယ်။
ဒီပုံပြင်လေးမှာလည်း လူမပြောနဲ့ တိရိစ္ဆာန်တောင်မှ ရက်စက်သူနဲ့ ကြင်နာသူအပေါ် တုံ့ပြန်ပုံခြင်း မတူဘူး ဆိုတာကို ပြသသွားတာ ဖြစ်ပါတယ်။
အကြင်နာတရား ထားရင် ကိုယ့်ရဲ့ အကြင်နာတရားကို တိရိစ္ဆာန်တောင်မှ နားလည်ပြီး ပြန်လည် ကျေးဇူးဆပ်တတ်တယ် ဆိုတဲ့ သဘောပါပဲ။ BAWA
Zawgyi
ၾကင္နာသူနဲ႔ ရက္စက္သူ
တခါတုန္းက ျမင္းပိုင္ရွင္ လူႏွစ္ေယာက္ ရွိၿပီး ပထမ ျမင္းပိုင္ရွင္ဟာ အေျပာအဆို ၾကမ္းတမ္း ရက္စက္ၿပီး မညႇာတာတတ္သူ ျဖစ္ပါတယ္။ ဒုတိယ ျမင္းပိုင္ရွင္ ကေတာ့ သူ႔ရဲ႕ ျမင္းအေပၚ ဂ႐ုစိုက္ၿပီး ၾကင္နာတတ္သူ ျဖစ္ပါတယ္။
တေန႔ေသာ အခါမွာ ျမင္းပိုင္ရွင္ ႏွစ္ေဘာက္ရဲ႕ တိုင္းျပည္ကို အျခား တႏိုင္ငံက လာေရာက္ တိုက္ခိုက္ျခင္းကို ခံၾကရ ပါတယ္။ သူတို႔ ႏွစ္ဦးလည္း ဘုရင့္အမိန႔္အရ အျခားေသာ ေယာက်္ားမ်ားနဲ႔ အတူ စစ္တိုင္ဖို႔ရာ ထြက္ၾကရ ပါေတာ့တယ္။
သူတို႔လည္း ကိုယ္စီ ပိုင္ဆိုင္တဲ့ ျမင္းမ်ားကို စီးနင္းလ်က္ စစ္ေျမျပင္ကို ထြက္ခဲ့ၾကပါတယ္။ ရန္သူမ်ားနဲ႔ ရင္ဆိုင္ တိုက္ခိုက္တဲ့အခါ ရန္သူမ်ား ဘက္က အားသာသျဖင့္ ျမင္းပိုင္ရွင္၂ ဦးလုံးပင္ အေရးနိမ့္ကာ ထိခိုက္ဒဏ္ရာ ရၾကပါတယ္။ စစ္ပြဲ အလယ္မွာ ျမင္းေပၚက ကိုယ္စီကိုယ္ငွ ျပဳတ္က်ခဲ့ ၾကပါေတာ့တယ္။
အဲဒီအခါမွာ ၾကင္နာတတ္သူ ျမင္းပိုင္ရွင္ရဲ႕ ျမင္းဟာ သခင္ျဖစ္သူကို ခါးလည္မွ ခါးပတ္ကို ကိုက္ခ်ီလ်က္ စခန္းရွိရာဆီ အေျပးႏွင္လာခဲ့ ပါေတာ့တယ္။
ရက္စက္ ၾကမ္းတမ္းသူဟာလည္း ျမင္းေပၚက ျပဳတ္က်သြားတဲ့ အခါမွာ ျမင္းေပၚကို ျပန္တက္ကာ စခန္းသို႔ ျပန္ရန္ ႀကိဳးစားေသာ္လည္း ျမင္းက မိမိပိုင္ရွင္ျဖစ္သူမွာ မိမိကို ႐ိုက္ႏွက္ ကန္ေၾကာက္ေတာ့မယ္ဟု အထင္ေရာက္လ်က္ ပိုင္ရွင္ကို အကပ္မခံဘဲ ထြက္ေျပး ပါေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ ရန္သူ လက္ခ်က္ျဖင့္ ရက္စက္သူ ျမင္းပိုင္ရွင္မွာ အသက္ေသဆုံး သြားရ ပါေတာ့တယ္။
ဒီပုံျပင္ေလးမွာလည္း လူမေျပာနဲ႔ တိရိစာၦန္ေတာင္မွ ရက္စက္သူနဲ႔ ၾကင္နာသူအေပၚ တုံ႔ျပန္ပုံျခင္း မတူဘူး ဆိုတာကို ျပသသြားတာ ျဖစ္ပါတယ္။ အၾကင္နာတရား ထားရင္ ကိုယ့္ရဲ႕ အၾကင္နာတရားကို တိရိစာၦန္ေတာင္မွ နားလည္ၿပီး ျပန္လည္ ေက်းဇူးဆပ္တတ္တယ္ ဆိုတဲ့ သေဘာပါပဲ။ Crd BAWA
0 Comments