ရင့်ကျက်လာတာနဲ့ အမျှ ၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ် ဆိုတဲ့ အကြောင်း သိလာတယ်။ ၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရ ကောင်းမှန်း သိလာတယ်။
၃။ လူတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီး နားလည်လာတယ်။ ၄။ လောကကြီးအတွက် တခုခု ပေးဆပ် လိုက်တိုင်း လောကကြီးက ကျွန်တော်တို့ကို ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။
၅။ တယောက်တည်း အချိန် ဖြုန်းရတာက ပျင်းစရာ ကောင်းတဲ့ အလုပ် မဟုတ်ကြောင်း သိလာတယ်။ ၆။ ချစ်ခြင်းမေတ္တာ ဆိုတာ အတင်း လုပ်ယူလို့ မရတဲ့ ဆုလာဘ်တခု ဆိုတာ သိလာတယ်။
၇။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နေရဖို့က ကျွန်တော်တို့ရဲ့ ပထမ ဦးစားပေး ဖြစ်ကြောင်း သိလာတယ်။ ၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း မလိုက်တခါ ရှိခဲ့ပါမူ ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း သိလာတယ်။
၉။ တချို့လူတွေဟာ တိရစ္ဆာန် ထက်တောင် ယုတ်မာကောက်ကျစ် ကြပြီး လူယုတ်မာ ကိုလည်း အားပေး ထောက်ခံ ကြသေးတာ ကိုလည်း သိလာခဲ့တယ်။
၁၀။ တချို့ လူတွေဟာ ကောက်ကျစ် ယုတ်မာ ရိုင်းစိုင်းနေ ပါလျက်နဲ့ စွတ်စွဲခံရ ဆင်းရဲကြတာ ဘာကြောင့်လဲ ဆိုတာ ကိုပါ ကျွန်တော် သိလာတယ်။
၁၁။ ကံနဲ့ ကံအကျိုးပေးကို ကျွန်တော် အနည်းငယ် သိလာပြီးနောက် သူတပါး မကောင်းကြောင်း သူတပါး အတင်းအဖျင်း ပြောလျှင် ရရှိလာမယ့် အကုသိုလ်ကံ ကံဆိုးတွေလည်း ကျွန်တော် သိလာခဲ့တယ်။
၁၂။ လောကကြီးမှာ မဖြစ်သင့်တာ မရှိ၊ မတရားတာ မရှိ တရားသဘော အနည်းငယ်လည်း သိလာတယ်။ ၁၃။ အရာရာဟာ ဆုပ်ရင် ကွဲတယ်၊ ကြဲရင်မြဲတယ် ဆိုတဲ့ နိယာမသဘော ကိုလည်း သိလာခဲ့တယ်။
၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့ ရုပ်လက္ခာ ကြည့်ပြီး လူတွေရဲ့ အကျင့်စရိုက်ကို ယေဘုယျ အနည်းငယ် ခန့်မှန်းတတ် လာတယ်။
၁၅။ ဘဝကို နောင်တ ကင်းစွာ ဖြတ်သန်းရင်း အတိတ်ကို ပြန်ကြည့်ရင်း သူတပါးအပေါ် စိတ်နှလုံး ၃ ပါး နဲ့ ယုတ်မာလှည့်စား ကောက်ကျစ်မှု မရှိ၊ ကိုယ့်ကြောင့် သူတပါး ထိခိုက်နစ်နာမှု မရှိအောင် နေတတ်လာတယ်။
တကယ်တမ်းတော့ ဘဝဆိုတာ အချိန်တိုလေး ပါပဲ။ ခဏလေး လိုဘဲ နေခွင့်ရတဲ့ အခိုက်အတန့် ခဏလေးမှာ အမုန်းတွေ အတ္တမာန်မာနတွေ အငြိုးအတေးတွေနဲ့ မရှင်သန်ချင် ပါဘူး။ ပိုခွင့်လွှတ်တတ်သူဟာ ပိုမြင့်မြတ်တဲ့သူ ပါပဲ။ Crd
0 Comments