တခါက လယ်သမားလေး တယောက်ဟာ သူ့ရဲ့ လယ်မြေကို ထယ်ထိုးနေတုန်း မမျှော်လင့်ဘဲ ရတနာ အစုအပုံကြီး တခုကို တွေ့သွားခဲ့သည်။ လယ်သမားလေးဟာ ဝမ်းသာမှုကြောင့် မြူးထူး ပျော်ရွှင်သွားပြီး မြေကြီးပေါ်သို့ လဲချလိုက်သည်။
ထိုနောက် လယ်သမားလေးက မြေကြီးရဲ့ ကြင်နာမှုနဲ့ ရက်ရောမှုအတွက် ကျေးဇူး အထူး တင်ရှိကြောင်း ပြောကြားလိုက်သည်။
အဲဒီ အချိန်မှာ ကံကြမ္မာက ပေါ်လာပြီး "မင်းက မြေကြီးကို ကျေးဇူးတင်နေတယ်။ ငါ့ကိုကျတော့ ကျေးဇူးတင်ဖို့ ထည့်မစဉ်းစားတော့ဘူး။
အကယ်၍ ဒီရတနာ တွေဟာ တွေ့တာ မဟုတ်ဘဲနဲ့ ပျောက်ဆုံးသွားတာ ဆိုရင်တော့ မင်း အပြစ်တင်မည့်သူက ငါသာ ပထမဦးဆုံး ဖြစ်ပေလိမ့်မယ်" ဟု လယ်သမားလေးကို ပြောကြားလိုက် ပါတော့သည်။ Ref : The Ploughman and Fortune
ဒီပုံပြင်တိုလေးကလို ကျွန်တော်တို့ရဲ့ ကုသိုလ်ကံ ကောင်းတာကို ချီးကျူးရတာထက် မကောင်းတဲ့ ကုသိုလ်ကံကို အပြစ်တင်ရတာက ပိုပြီးလွယ်ကူ ကြပါတယ်။
ကျွန်တော်တို့ဟာ ကံကောင်းတဲ့ အချိန်မှာ ကံကြမ္မာကို ကျေးဇူးတင်ဖို့ မေ့၍ ကံဆိုးတဲ့ အချိန်မှာကျတော့ ကံကြမ္မာကို အပြစ်တင်ဖို့ သတိရတာက ပိုများကြ၏။
ထို့အတူ ကြိုးစားတဲ့ အခါမှာလည်း အောင်မြင်တဲ့ အချိန်အခါမှာ ငါ တော်လို့၊ ငါ တတ်လို့ စသည်ဖြင့် ချီးကျူးစကားများ ပြောတတ်ကြ၍ ကျရှုံးတဲ့ အခါကျတော့ ကံကြမ္မာကို အပြစ်တင်တတ် ကြသည်။
ကျရှုံးတဲ့အခါ "ကံမကောင်းလို့" ကျရှုံးတာဟု ကံကြမ္မာကိုပဲ အပြစ်တင် မနေပါနှင့်။ မိမိရဲ့ ကြိုးစားမှု ရာခိုင်နှုန်း အားနည်းတာကိုလည်း အပြစ်တင်ဖို့ သတိရကြပါ။
ဒီလို မိမိရဲ့ ကြိုးစားမှု ရာခိုင်နှုန်း အားနည်းတာတွေကို မြင်သာအောင် ကြည့်ရှုတတ်လာသောအခါ မိမိရဲ့ ကြိုးစားမှု ရာခိုင်နှုန်းတွေ တဖြည်းဖြည်း တိုးတက်လာမှာ ဖြစ်သည်။
ထိုသို့ ကြိုးစားမှုရာခိုင်နှုန်း တိုးတက်လာသောအခါ အောင်မြင်မှုနှင့် တဖြည်းဖြည်း နီးစပ်၍ တနေ့နေ့ကျရင် အောင်မြင်မှုရဲ့ ရလဒ်ကို ခံစားရလာမည် ဖြစ်၏။
ကျရှုံးမှုနဲ့ ကြုံတွေ့လာရသောအခါ ဘယ်သူဘယ်ဝါကြောင့် ဖြစ်သွားတာ၊ ကံကြမ္မာကြောင့် ဖြစ်သွားတာ စသည်ဖြင့် အပြစ်တင်နေမည့် အစား မိမိရဲ့အားနည်းချက် လိုအပ်ချက်တွေ ကိုသာ မိမိကိုယ်မိမိ အပြစ်တင်၍ အကောင်းမွန်ဆုံးဖြစ်အောင် ပြုပြင် ကြိုးစားလိုက်တာက ပိုပြီးသဘာဝကျပါသည်။
အောင်မြင်မှုအတွက် မိမိရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ပြုပြင် ကြိုးစားပြီး ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်ကြ ပါစေ။ phoomyatchal
0 Comments