ခါချကောင်းတော့ ခေါင်းပြား

တခါတုန်းက မြွေကြီး တကောင်ဟာ တောလမ်းလေး အတိုင်း ဖြတ်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ သစ်ပင်ပေါ်က ပုရွက်ဆိတ် တကောင်ဟာ သူ့ခေါင်းပေါ် ပြုတ်ကျ လာတယ်။

အဲဒါနဲ့ မြွေဟာ အလွန်ပဲ ဒေါသထွက်ပြီး ပုရွက်ဆိတ်ကို နည်းမျိုးစုံနဲ့ ခါချတယ်။ သူဘယ်လို ကြိုးစား ကြိုးစား ပုရွက်ဆိတ်က ကျမလာဘူး။

အဲ့ဒီ အချိန်မှာ လှည်းလေး တစီးဟာ တောလမ်းလေး အတိုင်း မောင်းလာတာကို မြွေကြီးက တွေ့ပြီး ပုရွတ်ဆိတ်ကို လှည်းဘီးနဲ့ ကြိတ်သတ်ဖို့ အကြံ ရသွားတယ်။ အဲဒါနဲ့ပဲ သူ့ခေါင်းကို လှည်းလမ်းလေးပေါ် တင်ပြီး လှည်းအလာကို စောင့်နေတယ်။

နောက်ဆုံးမှာ လှည်းဟာ မြွေကြီးရဲ့ ခေါင်းကို ကြိတ်ပြီး မြွေကြီးဟာ ခေါင်းပြားသွား သတဲ့။ ပုရွက်ဆိတ် ကတော့ တောထဲ ပြေးဝင် ပျောက်ကွယ်သွား ပါတော့တယ်။

တခါတရံမှာ ကိုယ်က သူတပါး အကျိုးစီးပွားကို ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ရင်း ကိုယ်ကိုယ်တိုင် အကျိုးစီပွား ပျက်စီး သွားရတယ်။

ငါလုပ်ရင် သူများ ရသွားမှာ စိုးလို့ ဘာမှမလုပ်ရင်း ကိုယ်တိုင် အခွင့်အလမ်း ကောင်းတွေ ဆုံးရှုံး သွားရ တယ်။ သူများ အကျိုးစီးပွားကို မလိုလားရင်း ကိုယ့်အကျိုးစီးပွားတွေ နှောင့်နှေးသွား ကြတယ်။

လောကမှာ စိတ်ဓာတ် မှန်မှန်နဲ့ တကယ် ကြိုးစားမယ် ဆိုရင် အပေါ်တွေ ဘေးတွေ အောက်တွေ နောက်တွေ ကြည့်နေစရာ မလိုပါဘူး။

ကိုယ်လုပ်သင့် လုပ် ထိုက်တာ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာကို ပစ္စုပ္ပန် တည့်တည့်ကနေပြီး လုပ်ဆောင်တတ်မယ် ဆိုရင် စိတ်ချမ်းသာစရာတွေနဲ့ နေ့စဉ် ပျော်ရွှင်နေမှာပါ။ Crd

Zawgyi

ခါခ်ေကာင္းေတာ့ ေခါင္းျပား

တခါတုန္းက ေႁမြႀကီး တေကာင္ဟာ ေတာလမ္းေလး အတိုင္း ျဖတ္လာခဲ့တယ္။ အဲ့ဒီအခ်ိန္မွာ သစ္ပင္ေပၚက ပု႐ြက္ဆိတ္ တေကာင္ဟာ သူ႔ေခါင္းေပၚ ျပဳတ္က် လာတယ္။

အဲဒါနဲ႔ ေႁမြဟာ အလြန္ပဲ ေဒါသထြက္ၿပီး ပု႐ြက္ဆိတ္ကို နည္းမ်ိဳးစုံနဲ႔ ခါခ်တယ္။ သူဘယ္လို ႀကိဳးစား ႀကိဳးစား ပု႐ြက္ဆိတ္က က်မလာဘူး။

အဲ့ဒီ အခ်ိန္မွာ လွည္းေလး တစီးဟာ ေတာလမ္းေလး အတိုင္း ေမာင္းလာတာကို ေႁမြႀကီးက ေတြ႕ၿပီး ပု႐ြတ္ဆိတ္ကို လွည္းဘီးနဲ႔ ႀကိတ္သတ္ဖို႔ အႀကံ ရသြားတယ္။ အဲဒါနဲ႔ပဲ သူ႔ေခါင္းကို လွည္းလမ္းေလးေပၚ တင္ၿပီး လွည္းအလာကို ေစာင့္ေနတယ္။

ေနာက္ဆုံးမွာ လွည္းဟာ ေႁမြႀကီးရဲ႕ ေခါင္းကို ႀကိတ္ၿပီး ေႁမြႀကီးဟာ ေခါင္းျပားသြား သတဲ့။ ပု႐ြက္ဆိတ္ ကေတာ့ ေတာထဲ ေျပးဝင္ ေပ်ာက္ကြယ္သြား ပါေတာ့တယ္။

တခါတရံမွာ ကိုယ္က သူတပါး အက်ိဳးစီးပြားကို ပ်က္စီးေစလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လုပ္ေဆာင္ရင္း ကိုယ္ကိုယ္တိုင္ အက်ိဳးစီပြား ပ်က္စီး သြားရတယ္။ ငါလုပ္ရင္ သူမ်ား ရသြားမွာ စိုးလို႔ ဘာမွမလုပ္ရင္း ကိုယ္တိုင္ အခြင့္အလမ္း ေကာင္းေတြ ဆုံးရႈံး သြားရ တယ္။ သူမ်ား အက်ိဳးစီးပြားကို မလိုလားရင္း ကိုယ့္အက်ိဳးစီးပြားေတြ ေႏွာင့္ေႏွးသြား ၾကတယ္။

ေလာကမွာ စိတ္ဓာတ္ မွန္မွန္နဲ႔ တကယ္ ႀကိဳးစားမယ္ ဆိုရင္ အေပၚေတြ ေဘးေတြ ေအာက္ေတြ ေနာက္ေတြ ၾကည့္ေနစရာ မလိုပါဘူး။ ကိုယ္လုပ္သင့္ လုပ္ ထိုက္တာ လုပ္ေဆာင္သင့္ လုပ္ေဆာင္ထိုက္တာကို ပစၥဳပၸန္ တည့္တည့္ကေနၿပီး လုပ္ေဆာင္တတ္မယ္ ဆိုရင္ စိတ္ခ်မ္းသာစရာေတြနဲ႔ ေန႔စဥ္ ေပ်ာ္႐ႊင္ေနမွာပါ။ Crd

Post a Comment

0 Comments