လေ့လာချက်တွေအရ ဂျပန်လူမျိုးတွေက ကမ္ဘာပေါ်က အခြားလူမျိုးတွေထက် ပိုပြီးအသက်ရှက်ညတကို တွေ့ရပါတယ်။ ဂျပန်လူမျိုးတစ်ယောက်ရဲ့ ပျမ်းမျှရှည်တဲ့အသက်က ၈၅.၃ နှစ်ပါ။
အဲဒါကြောင့် ဂျပန်လူမျိုးတွေက အသက်ရှည်ရတဲ့အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားခြင်း
ဂျပန်လူမျိုးတွေရဲ့နေ့စဉ်အစားအစာမှာ ပရိုတိန်းဓာတ်များတဲ့အစားအစာတွေ၊ အသီးအရွက်တွေ ပါဝင်လေ့ရှိပါတယ်။ နီတဲ့အသားတွေကို အများကြီး စားလေ့မရှိပါဘူး။ နီတဲ့အသားတွေမှာ ကိုလက်စထရောတွေက ငါးထက် ပိုများနေပါတယ်။
နီတဲ့အသားတွေကို စားတာများတဲ့အခါမှာ နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါတွေနဲ့ လေဖြတ်ဝေဒနာကို ခံစားရစေပါတယ်။ ဒါ့အပြင် ဂျပန်လူမျိုးတွေက လက်ဖက်စိမ်းရည်ကို များများသောက်လေ့ရှိကြပါတယ်။
၂။ မိသားစုနဲ့အတူတူ အချိန်ကုန်ဆုံးခြင်း
မိသားစုထဲက အသက်ကြီးတဲ့သူတွေကို ပြုစုစောင့်ရှောက်တာက ဂျပန်လူမျိူးတွေရဲ့ရိုးရာတစ်ခုပါပဲ။ မိသားစုဝင်တွေက ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး နေထိုင်ကြတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿာနာတွေက လျော့နည်းလာပါတယ်။ စိတ်ဖိစီးမှုတွေ လျော့နည်းပြီး နွေးထွေးမှုတွေ အမြဲလိုလိုရနေတာက ကျန်းမာစေတဲ့သော့ချက်တစ်ခုပါပဲ။
၃။ နေ့စဉ် အကျိုးရှိတဲ့အရာတွေလုပ်ဖို့အတွက် နိုးထလာခြင်း
နေ့စဉ်အကျိုးရှိတဲ့အရာတွေလုပ်ဖို့အတွက် နိုးထတာတာကို ဂျပန်လို Ikigai လို့ခေါ်ကြပါတယ်။ ဂျပန်လူမျိုးတွေက နေ့စဉ်နေ့တိုင်းမှာ ဝါသနာပါတဲ့အရာတွေ၊ စိတ်ပျော်ရွှင်စေမယ့်အရာတွေကို ပြုလုပ်ကြပါတယ်။
စိတ်ပျော်ရွှင်စေတဲ့အရာတွေကို ပြုလုပ်ခွင့်ရတဲ့အခါမှာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါ ဖြစ်နိုင်နည်းပါးလာပြီး အသက်ရှည်ပါတယ်။
၄။ သန့်ရှင်းမှုကို ဦးစားပေးခြင်း
ဂျပန်က ကျောင်းတွေမှာ သန့်ရှင်းစွာနေထိုင်တဲ့အလေ့အထကို သင်ကြားပေးကြပါတယ်။ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်က အသန့်ရှင်းဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံအပါအဝင်ပါပဲ။ သန့်ရှင်းစွာနေထိုင်တတ်တာကလည်း အသက်ရှည်စေဖို့ နည်းလမ်းကောင်းပါပဲ။
၅။ အစားအစာတွေကို ဗိုက်အင့်နေအောင် မစားခြင်း
ဂျပန်လူမျိုးတွေက အစားအစာတွေကို ဗိုက်တင်းကားနေအောင် မစားဘဲ ဗိုက်ပြည့်ပြီလို့ ခံစားမိတဲ့အချိန်မှာ ရပ်လိုက်ကြပါတယ်။ အစားအစာတွေကို ဗိုက်ပြည့်နေပေမယ့် ထပ်ပြီးစားတာက အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။
ဗိုက်ပြည့်သွားရင် ထပ်မစားတော့ဘဲ ရပ်လိုက်တာကလည်း ဂျပန်လူမျိုးတွေ အသက်ရှည်တဲ့ အချက်တစ်ချက်ပါပဲ။
၆။ လမ်းလျှောက်ခြင်း
ဂျပန်လူမျိုးတွေက ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားသောက်ရုံတင်မကဘဲ လမ်းလျှောက်တဲ့အမူအကျင့်ကိုလည်း မွေးမြူကြပါတယ်။ ဂျပန်လူမျိုးတွေက အလုပ်သွားတဲ့အခါ လမ်းလျှောက်သွားပြီး စက်ဘီးစီးပြီးတော့လည်း သွားကြပါတယ်။
အလုပ်သွားဖို့အတွက် ဘူတာရုံကိုသွားမယ်ဆိုရင်လည်း စက်ဘီးစီးသွားတတ်ကြပါတယ်။ ဒီအချက်ကလည်း ကျန်းမာအသက်ရှည်စေတဲ့ အဓိကအချက်ပါပဲ။
Zombie (lovemedia)
0 Comments