တနေ့မှာ အလုပ်ရှင်က အလုပ်လျှောက်သူကို အင်တာဗျူးမှာ သူ့ကုမ္ပဏီရဲ့ စည်းကမ်းကို ပြောပြပြီး မေးခွန်း ထုတ်ပါတယ်။
"ဒို့ကုမ္ပဏီမှာ အလုပ်ခန့်ဖို့က အဓိက စံသတ်မှတ်ချက် နှစ်ခုနဲ့ စိစစ်တယ်။ အဲဒီထဲက ဒုတိယအချက် ကတော့ သန့်သန့်ရှင်းရှင်း နေထိုင် တတ်မှုပဲ။
ဒါထက် မင်း ဒီအခန်းထဲကို ဝင်လာချိန်မှာ တံခါးနားမှာ ချထားတဲ့ ခြေသုတ်ဖုံမှာ မင်းခြေထောက်ကို အသေအချာ သုတ်ပြီးမှ ဝင်တာ ဟုတ်ရဲ့လား" လို့ မေးတယ်။
ထိုအခါ အလုပ်လျှောက်ထားသူက "သုတ်ပါတယ် ဆရာ။ အသေအချာ သုတ်ပြီးမှ ဝင်လာခဲ့ တာပါ" လို့ တိတိကျကျ ဖြေလိုက် ပါသတဲ့။
ဒီတော့ အလုပ်ရှင်က "အေး ကောင်းပြီ။ ငါတို့ရဲ့ အရေးကြီးဆုံး ပထမစံ သတ်မှတ်ချက် ကတော့ ရိုးသားဖြောင့်မှန်မှုပဲ။ မင်းကို ပြောရဦးမယ်။ ငါတို့ တံခါးဝမှာ ဘာခြေသုတ်ဖုံမှ မထားဘူးကွ" လို့ ဆိုလိုက် ပါသတဲ့။
တခါတရံ၌ ဘဝတွင် အရေးမကြီးလှဟု ထင်ရသော မုသား အသေးအဖွဲကြောင့် ကြီးမားသော ထိခိုက် ဆုံးရှုံးမှု ကြုံရတတ် ပါသည်။ အပြုံးဖြင့် စီမံ၊ အပြုံးဖြင့် နာခံနိုင် ကြပါစေ။ ရီနေနိုင်
Zawgyi
ရိုးသားေျဖာင့္မွန္မႈ
တေန႔မွာ အလုပ္ရွင္က အလုပ္ေလွ်ာက္သူကို အင္တာဗ်ဴးမွာ သူ႔ကုမၸဏီရဲ႕ စည္းကမ္းကို ေျပာျပၿပီး ေမးခြန္း ထုတ္ပါတယ္။
"ဒို႔ကုမၸဏီမွာ အလုပ္ခန႔္ဖို႔က အဓိက စံသတ္မွတ္ခ်က္ ႏွစ္ခုနဲ႔ စိစစ္တယ္။ အဲဒီထဲက ဒုတိယအခ်က္ ကေတာ့ သန႔္သန႔္ရွင္းရွင္း ေနထိုင္ တတ္မႈပဲ။
ဒါထက္ မင္း ဒီအခန္းထဲကို ဝင္လာခ်ိန္မွာ တံခါးနားမွာ ခ်ထားတဲ့ ေျခသုတ္ဖုံမွာ မင္းေျခေထာက္ကို အေသအခ်ာ သုတ္ၿပီးမွ ဝင္တာ ဟုတ္ရဲ႕လား" လို႔ ေမးတယ္။
ထိုအခါ အလုပ္ေလွ်ာက္ထားသူက "သုတ္ပါတယ္ ဆရာ။ အေသအခ်ာ သုတ္ၿပီးမွ ဝင္လာခဲ့ တာပါ" လို႔ တိတိက်က် ေျဖလိုက္ ပါသတဲ့။
ဒီေတာ့ အလုပ္ရွင္က "ေအး ေကာင္းၿပီ။ ငါတို႔ရဲ႕ အေရးႀကီးဆုံး ပထမစံ သတ္မွတ္ခ်က္ ကေတာ့ ႐ိုးသားေျဖာင့္မွန္မႈပဲ။ မင္းကို ေျပာရဦးမယ္။ ငါတို႔ တံခါးဝမွာ ဘာေျခသုတ္ဖုံမွ မထားဘူးကြ" လို႔ ဆိုလိုက္ ပါသတဲ့။
တခါတရံ၌ ဘဝတြင္ အေရးမႀကီးလွဟု ထင္ရေသာ မုသား အေသးအဖြဲေၾကာင့္ ႀကီးမားေသာ ထိခိုက္ ဆုံးရႈံးမႈ ႀကဳံရတတ္ ပါသည္။ အၿပဳံးျဖင့္ စီမံ၊ အၿပဳံးျဖင့္ နာခံႏိုင္ ၾကပါေစ။ ရီေနႏိုင္
0 Comments