ကြားတိုင်းယုံသော ဝံပုလွေ

ဟိုးရှေးရှေးတုန်းက ဝံပုလွေ တကောင်ဟာ အစာရှာရင်း တောစပ်နားက ရွာလေး တရွာကို ရောက်လာခဲ့သည်။

ရွာအဝင်နားက မုန့်သည်မရဲ့ အိမ်ဘေးနားလည်း ရောက်ရော မုန့်သည်မကြီးရဲ့ ကလေးချော့မြူသံကို ကြားပြီး ဝံပုလွေဟာ ရပ်တန့်လိုက်သည်။

မု့န့်သည်မကြီးဟာ မုန့်ရောင်း သွားကာနီး အိမ်မှာ ကျန်ရစ်ခဲ့သော ကလေးသည် ချော့မြူ၍ မရပဲ ငိုမြဲ ငိုနေသောကြောင့် စိတ်မရှည် သောကြောင့် ကလေးအား ခြောက်လှန့် လိုက်လေသည်။

"သား တိတ်တော့နော်။ ဆက်ငိုနေရင် အိမ်အောက်ကို ပစ်ချပြီး ဝံပုလွေစာ ကျွေးလိုက်တော့မယ်" ဟု ဆိုလေ၏။ ကလေးသည်ငိုမြဲ ငိုလေသည်။

ဒီစကားကို ကြားတော့ ဝံပုလွေဟာ "အင်း ငါတော့ ဒီနေ့ ကံထူးတာပဲ။ ကလေး အသား စားရတော့မယ်" ဟု တွေးကာ အိမ်အောက်မှ ဘယ်အချိန် ကလေးပစ်ချ လေမလဲ ဟု မျော်တလင့်လင့်နဲ့ စောင့်စားနေသည်။

အမှန်သည်ကား မုန့်သည်မကြီးသည် ဝံပုလွေ အိမ်အောက်သို့ ရောက်ရှိနေမှန်း မသိ၊ ကလေး အငို တိတ်အောင် ချောက်လှန့်ခြင်းသာ ဖြစ်သည်။

အချိန်သည် တဖြည်းဖြည်း ကုန်လာ၍ နေဝင်ချိန်တောင် ရောက်လာပြီ၊ ကလေးကို အခုချိန်ထိ သူ့ထံသို့ ပစ်မချသေး။ ကလေးငိုသံလည်း မကြားရတော့ဟု တွေးနေစဉ် မုန့်သည်မကြီး သည်ပင် မုန့်ရောင်းရာက ပြန်ရောက်ချေပြီ။

ဝံပုလွေဟာ အခုချိန်ထိ ဘာမှ မစားရသေးသည့် အတွက် ဝမ်းက ဟာနေလေပြီ။ ဒီတော့မှ ဝံပုလွေဟာ

"အင်း ငါမုန့်သည်မကြီးရဲ့ စကားကို အဟုတ်ထင်ပြီး စောင့်စားကာ ကိုယ့်ဘာသာ အစာရှာရမည့် အချိန်ကို မရှာပဲ သူများစကားကို ယုံမိခဲ့သောကြောင့်ဒီနေ့တော့ ငါ အစာငတ်ချေပြီ တကား" ဟု နောင်တရကြီးစွာ ရလေတော့သည်။

ကျွန်တော်တို့ ပတ်ဝန်းကျင် မှာလည်း သင့်အတွက်၊ သင့်အတွက် ဆိုပြီး ယုံတမ်းစကား ပြောတဲ့ သူတွေ တွေ့ဖူးပါ လိမ့်မည်။

မိမိချစ်သူက ဖြစ်စေ၊ မိတ်ဆွေ အပေါင်းအသင်းကပဲ ဖြစ်စေ၊ မိမိရဲ့ အကြီးအကဲ၊ အထက်လူကြီးက ဖြစ်စေ မိမိ ယုံကြည် အားထားမိပြီ ဆိုရင် ယုံလွယ်တတ် ကြပါတယ်။

ယုံတမ်းစကားကို ယုံကြည်မိတဲ့ ဝံပုလွေဟာ တရက်ပဲ အစာငတ်မှာပါ။ ကျတော်တို့တတွေ ကတော့ ယုံတမ်းစကားကို အယုံလွယ်ပြီး လုပ်သင့် လုပ်ထိုက် လုပ်ရမယ့် ကိုယ့်အလုပ်ကို မလုပ်ပဲ ယုံတမ်းစကားကို ယုံလွယ်မိပါက တသက်စာလုံး ဘဝပျက်နိုင် ပါတယ်။

စကားဆိုတာ ဘယ်လောက်ပဲ ချိုသာသာ ဘယ်လို လူမျိုးကပဲ ပြောပြော ဖြစ်နိုင်၊ မဖြစ်နိုင် စဉ်းစား ချင့်ချိန်ပြီးမှ ယုံကြပါ။ Crd

Post a Comment

0 Comments