ဟိုးရှေးရှေးတုန်း ကပေါ့။ ကံကို အားကိုတဲ့ ငါးရယ်၊ ဉာဏ်ကို အားကိုးတဲ့ ငါးရယ်၊ ဝီရိယကို အားကိုးတဲ့ ငါးလေး သုံးကောင် ရှိခဲ့တယ်။
တနေ့ သူတို့သုံးကောင် ပင်လယ်ထဲမှာ ပျော်မြူးရင်းနဲ့ တံငါသည်ရဲ့ ပိုက်ကွန်ထဲကို တိုးဝင်မိပြီး တံငါရဲ့ လှေပေါ်ကို ရောက်သွားခဲ့ ပါတယ်။
ကံကို အားကိုးတဲ့ ငါးလေးက "တကယ်လို့ကွာ ငါသာ သေဖို့ ကံမပါလာခဲ့ဘူး ဆိုရင် ဒီတံငါသည် လက်ထဲက လွတ်မှာဘဲကွ" ဟု ဆိုကာ အေးအေးဆေးဆေး အိပ်စက်နေခဲ့တယ်။
ဝီရိယကို အားကိုးတဲ့ ငါးလေး ကတော့ "ဟ ကိုယ်တိုင်က ကြိုးစား အားထုတ်မှု မရှိရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်းကို ဘယ်တော့မှ မရောက်ဘူးကွ။ ငါတော့ ဒီက လွတ်အောင် ကြိုးစားမယ်" ဟု ဆိုတယ်။
ထို့နောက်မှာတော့ ဝီရိယကို အားကိုးတဲ့ ငါးလေးဟာ တံငါသည်ရဲ့ လှေထဲကနေ ဖလပ်ဖလပ်နဲ့ ခဏ ခဏ ခုန်ထွက်ဖို့ ကြိုးစားနေခဲ့တယ်။
အကြိမ်ဖန်များစွာ ကြိုးစားတာကို တံငါသည် သတိပြူမိသွားတော့ ချက်ချင်းဘဲ လှော်တက်နဲ့ ရိုက်သတ်ခြင်းခံလိုက်ရပါတယ်။
ဉာဏ်ကို အားကိုးတဲ့ ငါးလေးကတော့ အခွင့်ခါသင့် အချိန်ကို စောင့်နေခဲ့ပါတယ်။ ခဏကြာတော့ လေပြင်းတချက် တိုက်ခတ်တာကြောင့် လှေဟာ အနည်းငယ် စောင်းသွားခဲ့ပါတယ်။
အဲဒီအချိန်မှာ ဉာဏ်ကို အားကိုးတဲ့ ငါးလေးဟာ အခွင်ရေးပဲ ဆိုပြီး တချက်ဘဲ ခုန်လိုက်ရပြီး အသက်ဘေးမှ လွတ်မြောက်သွားခဲ့ ရပါတယ်။
တံငါသည် က ငါးတစ်ကောင်လွတ်သွားတာကို သတိပြူမိပြီး ကျန်နေတဲ့ ငါးတစ်ကောင်လဲ လွတ်မှာ စိုးရိမ်တာမို့ ချက်ခြင်းဘဲ ကံကို အားကိုတဲ့ ငါးကို ရိုက်သတ်လိုက်ပါတယ်။
ရည်မှန်းထားတာ အောင်မြင်ဖို့ အတွက် "ကံနဲ့ ဝိရိယ" ရှိရုံနဲ့ မရပါဘူး။ ကံ၊ ဉာဏ်၊ ဝိရိယ" သုံးခု စလုံးကို သေချာ ပိုင်နိုင်စွာ အသုံးချနိုင်မှသာ လိုချင်တဲ့ ပန်းတိုင်းကို ရောက်နိုင် ပါလိမ့်မယ်။ Crd
0 Comments