လောဘကြီးသောသူများ

တခါတုန်းက ရွာတရွာကို လူတယောက် ရောက်လာပြီး မျောက်တကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေညာသည်။ ရွာသားများလည်း မျောက်ပေါသည့်နယ် ဖြစ်သဖြင့် တောထဲသွားပြီး မျောက်ဖမ်း ကြသည်။

ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး တကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။ မျောက်များ အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း ဆက်မဖမ်းတော့ပေ။

ထို့နောက် ထိုလူကပင် မျောက်တကောင် ၁၀၀၀၀ ဖြင့် ဝယ်မည်ဟု ထပ်ကြေညာသည်။

ရွာသားများလည်း မျောက်များကို ခဲရာခဲဆစ် ဖမ်းရောင်းကြ ပြန်သည်။ မျောက်တွေ တော်တော်ကြီး ရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။ ထိုလူလည်း ဆက်ဝယ်မည် ဆို၏။

ဈေးက တကောင် ၁၅၀၀၀ ပေးမည်။ မျောက်များ ရှားသွားလိုက်သည်မှာ ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင် ဖြစ်သွားသည်။

နောက်ဆုံး ထိုလူက ထပ်ကြေငြာသည်။ မျောက်တကောင် ၅၀၀၀၀ ပေးမည်တဲ့။ သို့သော် သူ ခရီးသွားစရာ ရှိသဖြင့် အရောင်းအဝယ် ကိစ္စကို သူ့လက်ထောက်နှင့် လုပ်ရန် မှာသွားသည်။ ထိုလူ သွားသော် လက်ထောက်က ရွာသားများကို ပြောသည်။

"ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်း ရှာမတွေ့တော့ဘူး ဆိုတော့ ကျွန်တော် ဂွင်တခု ပေးမယ်။ ကျွန်တော့်ဆရာ ဝယ်ထားတဲ့ မျောက်တွေ တွေ့တယ် မဟုတ်လား။

ကျွန်တော် ခင်ဗျားတို့ကို တကောင် ၃၀၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။ ဆရာ ပြန်လာမှသူ့ကို ခင်ဗျားတို့ ၅၀၀၀၀ နဲ့ ရောင်းပေါ့။၂၀၀၀၀ တောင်မှ မြတ်မှာနော်။ ခင်ဗျားတို့ကို စေတနာရှိလို့ အကြံပေးတာပါ"

ရွာသားများလည်း ရှိသမျှ ပိုက်ဆံ ထုတ်ပြီး တိုးဝှေ့ဝယ်ကြရာ မျောက်တကောင်တောင် မကျန်ချေ။ ထိုနေ့မှ စ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို ထပ်မတွေ့ရတော့ပဲ ဘယ်နေရာ ကြည့်ကြည့် တွေ့ရသည်မှာ မျောက်များသာ ဖြစ်လေသည်။

လောဘကြီးရင် အလိမ်ခံရဖို့ များတယ်။ လောကမှာ အလကားရတာ ဘာမှ မရှိပါ။ Crd

Zawgyi

ေလာဘႀကီးေသာသူမ်ား

တခါတုန္းက ႐ြာတ႐ြာကို လူတေယာက္ ေရာက္လာၿပီး ေမ်ာက္တေကာင္ ေငြ ၅၀၀၀ ႏွင့္ ဝယ္မည္ဟု ေၾကညာသည္။ ႐ြာသားမ်ားလည္း ေမ်ာက္ေပါသည့္နယ္ ျဖစ္သျဖင့္ ေတာထဲသြားၿပီး ေမ်ာက္ဖမ္း ၾကသည္။

ထိုလူလည္း ေမ်ာက္ေကာင္ေရ ေထာင္ခ်ီၿပီး တေကာင္ ၅၀၀၀ ႏႈန္းျဖင့္ ဝယ္လိုက္သည္။ ေမ်ာက္မ်ား အလြယ္တကူ ဖမ္းမရေတာ့ခ်ိန္တြင္ ႐ြာသားမ်ားလည္း ဆက္မဖမ္းေတာ့ေပ။ ထို႔ေနာက္ ထိုလူကပင္ ေမ်ာက္တေကာင္ ၁၀၀၀၀ ျဖင့္ ဝယ္မည္ဟု ထပ္ေၾကညာသည္။

႐ြာသားမ်ားလည္း ေမ်ာက္မ်ားကို ခဲရာခဲဆစ္ ဖမ္းေရာင္းၾက ျပန္သည္။ ေမ်ာက္ေတြ ေတာ္ေတာ္ႀကီး ရွားသြားေတာ့မွ ႐ြာသားမ်ား လက္ေလွ်ာ့သည္။ ထိုလူလည္း ဆက္ဝယ္မည္ ဆို၏။ ေဈးက တေကာင္ ၁၅၀၀၀ ေပးမည္။ ေမ်ာက္မ်ား ရွားသြားလိုက္သည္မွာ ဖမ္းဖို႔ မေျပာႏွင့္ ျမင္ရဖို႔ေတာင္ အႏိုင္ႏိုင္ ျဖစ္သြားသည္။

ေနာက္ဆုံး ထိုလူက ထပ္ေၾကျငာသည္။ ေမ်ာက္တေကာင္ ၅၀၀၀၀ ေပးမည္တဲ့။ သို႔ေသာ္ သူ ခရီးသြားစရာ ရွိသျဖင့္ အေရာင္းအဝယ္ ကိစၥကို သူ႔လက္ေထာက္ႏွင့္ လုပ္ရန္ မွာသြားသည္။ ထိုလူ သြားေသာ္ လက္ေထာက္က ႐ြာသားမ်ားကို ေျပာသည္။

"ဒီလိုလုပ္ ခင္ဗ်ားတို႔ ေမ်ာက္လည္း ရွာမေတြ႕ေတာ့ဘူး ဆိုေတာ့ ကြၽန္ေတာ္ ဂြင္တခု ေပးမယ္။ ကြၽန္ေတာ့္ဆရာ ဝယ္ထားတဲ့ ေမ်ာက္ေတြ ေတြ႕တယ္ မဟုတ္လား။ ကြၽန္ေတာ္ ခင္ဗ်ားတို႔ကို တေကာင္ ၃၀၀၀၀ နဲ႔ ျပန္ေရာင္းေပးမယ္။ ဆရာ ျပန္လာမွသူ႔ကို ခင္ဗ်ားတို႔ ၅၀၀၀၀ နဲ႔ ေရာင္းေပါ့။၂၀၀၀၀ ေတာင္မွ ျမတ္မွာေနာ္။ ခင္ဗ်ားတို႔ကို ေစတနာရွိလို႔ အႀကံေပးတာပါ"

႐ြာသားမ်ားလည္း ရွိသမွ် ပိုက္ဆံ ထုတ္ၿပီး တိုးေဝွ႔ဝယ္ၾကရာ ေမ်ာက္တေကာင္ေတာင္ မက်န္ေခ်။ ထိုေန႔မွ စ၍ ႐ြာသားမ်ားလည္း ဆရာႏွင့္ လက္ေထာက္ကို ထပ္မေတြ႕ရေတာ့ပဲ ဘယ္ေနရာ ၾကည့္ၾကည့္ ေတြ႕ရသည္မွာ ေမ်ာက္မ်ားသာ ျဖစ္ေလသည္။ ေလာဘႀကီးရင္ အလိမ္ခံရဖို႔ မ်ားတယ္။ ေလာကမွာ အလကားရတာ ဘာမွ မရွိပါ။ Crd

Post a Comment

0 Comments