တခါတုန်းက ရှေးခေတ် ဂရိလူမျိုး မိုက်ဒက် (Midas) လို့ ခေါ်တဲ့ ဘုရင်တပါး ရှိပါတယ်။ ထိုဘုရင်မှာ သူ လိုချင်သလောက် ရွှေပေါင်း မြောက်မြားစွာ ပိုင်ဆိုင်ထား ပါတယ်။
သူ့မှာ လှပတဲ့ သမီးတော် တပါးလည်း ရှိပါတယ်။ ထိုဘုရင်က သူရဲ့ ရွှေတွေကို အရမ်းကို ချစ်ခင် နှစ်သက်ပြီး တပ်မက်တဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ သမီးတော် ကိုတော့ သူပိုင်ဆိုင် ထားသမျှ အရာ အားလုံးထက် ပိုချစ်ပါတယ်။
တနေ့မှာတော့ မိုက်ဒက် ဘုရင်ရဲ့ ပန်းဥယျာဉ်ထဲမှာ ဂရိတွေရဲ့ နတ်ဘုရား (satyr) အဖြစ် ကိုးကွယ်တဲ့ (Silenus) ဆိုင်လီနပ်စ်လို့အမည်ရတဲ့ နတ်ဘုရားတပါးက လာရောက် အနားယူတာကို တွေ့ရပါတယ်။
မိုက်ဒက်ဘုရင်က ကောင်းမွန်စွာ ပြုစု စောင့်ရှောက်တဲ့ အတွက် Silenus ဆိုင်လီနပ်စ် နတ်ဘုရားက လိုရာဆု တခုကို တောင်းဖို့ ခွင့်ပြုလိုက် ပါတယ်။ ထိုအခါမှာ မိုင်ဒက်ဘုရင်က
"ကျွန်တော်မျိုးရဲ့ လက်နဲ့ ထိတဲ့ အရာမှန်သမျှ ရွှေဖြစ်ချင်တယ်" လို့ ဆုတောင်းလိုက် ပါတယ်။
ထိုဆုက ပြည့်စုံကောင်းမွန်တဲ့ ဆုတခု မဟုတ်မှန်း သိပေမယ့်လည်း မိုင်ဒက်ဘုရင်ရဲ့ဆု ပြည့်စေ လို့ နတ်ဘုရားတွေက ဆုတောင်းပေးခဲ့ ကြပါတယ်။
သူလိုချင်တဲ့ဆု ပြည့်တဲ့အတွက် ဘုရင်မိုင်ဒက်က အရမ်းကို ပျော်ရွှင် သွားပြီး သူ့ပတ်ဝန်းကျင်၊ ပန်းခြံ၊ သူ့နန်းတော်တွေ မှာ အားလုံးကို ရွှေဖြစ်အောင် လက်နဲ့ လိုက်ထိ ပါတော့တယ်။
သူက ပန်းသီးတွေ ကိုလည်း ရွှေဝါရောင် ပန်းသီးအဖြစ် ပြောင်းလိုက်ပါတယ်။ အလွန် အံ့အားသင့်စရာ ကောင်းပေမယ့် နန်းတော် တခုလုံး ရွှေတွေနဲ့ချည်း ပြည့်နေတာမို့ အရမ်းကို ပျော်ရွှင်နေ ပါတော့တယ်။
အရမ်းကို ပျော်ရွှင်ပြီးတော့ မိုင်ဒက်ဘုရင်က သူ့ရဲ့ သမီးတော်ကို ပွေ့ဖက်လိုက် ပါတယ်။ ပွေ့ဖက်ပြီးတဲ့ နောက်မှာတော့ လန့်ဖြတ်ပြီး သူ့ရဲ့သမီးကို ကြည့်လိုက်တဲ့ ရွှေရုပ်ထုအဖြစ် ပြောင်းလဲသွားတာကို တွေ့ရပါတယ်။
အဲဒီအခါ ကျမှ မိုက်ဒက်ဘုရင်က လန့်ဖြတ်ပြီး ပန်းခြံထဲကို ပြေးသွားကာ နတ်ဘုရားတွေကို ခေါ်ပါတော့တယ်။ "သူ့ကို ပေးထားတဲ့ အစွမ်းကို ပြန်လည် ရုတ်သိမ်းပေးပါ။ သူ့ရဲ့ သမီးတော်ကို ကယ်ပေးပါ" လို့ နတ်ဘုရားကို တောင်းပန်ရှာပါတယ်။
အဲဒီအခါ ကျမှ နတ်ဘုရားတွေက မိုင်ဒက် ဘုရင်ကို ဆုမတောင်းခင်က အတိုင်း အရာအာလုံးကို ပြန်လည်ဖြစ်စေ ခဲ့ပါတယ်။ မိုင်ဒက်ဘုရင်က သူ့ရဲ့လောဘကြီးတဲ့ အကျင့်ကို သင်ခန်းစာ ယူပြီး သူ့မှာရှိတာနဲ့ တင်းတိမ်တတ်အောင် သူ့ရဲ့ အကျင့်ဆိုးကို ပြုပြင် ပြောင်းလဲခဲ့ ပါတယ်တော့တယ်။
သင်ခန်းစာ။ ။ လောဘကြီးခြင်းက မကောင်းကြောင်း။ လောဘကြီးခြင်းကြောင့် ပိုင်ဆိုင်ထားသမျှ တွေပါ ဆုံးရှုံးနိုင်ကြောင်း၊ ရထားသမျှကို တင်းတိမ်ခြင်းဟာ ဘဝရဲ့ ပျော်စရာပဲ ဖြစ်တယ်လို့ သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ BAWA101
0 Comments