တခါတုန်းက လူတယောက်ဟာ မြင်းတကောင်ကို ဝယ်ဖို့ ဈေးကို ရောက်လာသတဲ့။ ပြီးတော့ သူအကြိုက်ဆုံး မြင်းတကောင်ကို ရွေးပြီး မြင်းရောင်းသူကို
"မိတ်ဆွေ ဒီမြင်းကို ကျနော် အိမ်ယူသွားပြီး မြင်း ကောင်းမကောင်း စမ်းသပ်ကြည့် ပါအုံးမယ်။ မြင်းကောင်း ဆိုရင် ဝယ်ပါ့မယ်။ မြင်းက မကောင်းဘူး ဆိုရင်တော့ ပြန်ပို့ပါမယ်" လို့ ပြောသတဲ့။
မြင်းရောင်းသူ ကလည်း သဘောတူပြီး ခွင့်ပြုလိုက် တာပေါ့။ မြင်းဝယ်သူက မြင်းကို အိမ်ခေါ်သွားပြီး မြင်ဇောင်းထဲမှာ သူ့ရဲ့ မြင်းတွေနဲ့ အတူ ထားလိုက်သတဲ့။
ဒီတော့ ဝယ်လာတဲ့ မြင်းဟာ မြင်းဇောင်းထဲက မြင်းတွေကို သေချာ ကြည့်နေတယ်။ ပြီးတော့ မြင်းတွေထဲက အပျင်းဆုံး အစားအသောက်လည်း အကြီးဆုံး၊ အဆိုးဆုံး၊ လောဘလည်း အကြီးဆုံး ဖြစ်တဲ့ မြင်းရဲ့ အနားကို ချဉ်ကပ်ပြီး မိတ်ဆွေ ဖွဲ့ကာ သွားအိပ်နေသတဲ့။
ဒါကို မြင်းဝယ်လာသူက မြင်တာနဲ့ ချက်ချင်းပဲ မြင်းကို ဆွဲထုတ်ပြီး ရောင်းသူထံ ပြန်လည် အပ်နှံလိုက် တော့တာပေါ့။ မြင်းရောင်းသူကလည်း ဝယ်သူ့ရဲ့ အပြုအမူကို အံ့သြသွားပြီး
"မိတ်ဆွေ ဘာကြောင့် ဒီမြင်းကို မကြိုက်ရတာလဲ။ မြင်းကို စမ်းသပ်ကြည့် ပြီးပြီလား" လို့ မေးလိုက်တာပေါ့။
ဒီတော့ မြင်းဝယ်သူက "ဒီမြင်းကို ထွေထွေထူးထူး စမ်းသပ်နေစရာ မလိုပါဘူး။ ဒီမြင်းဟာ ကျုပ်မြင်းဇောင်းထဲက အပျင်းဆုံး အဖျင်းဆုံး လောဘအကြီးဆုံး မြင်းဆိုးနဲ့ အပေါင်းအသင်း ပြုတယ်။
ဒါကြောင့် ဒီမြင်းရဲ့ စရိုက်ဟာလည်း ဒီသဘော အတိုင်းပဲဆိုတာ ယုံမှားစရာ မလိုတော့ပါဘူး" လို့ ပြန်ပြောလိုက် သတဲ့ကွယ်။
လောကမှာ လူတယောက်ကို အကဲခက်မယ် ဆိုရင် သူ့အပေါင်းအသင်း ကိုပဲ ကြည့်ပြီး ခန့်မှန်းလေ့ ရှိကြပါတယ်။ မိတ်ဆွေတို့လည်း အပေါင်းအသင်းကို မမှားမိကြ ပါစေနဲ့။ မိတ်ဆွေကောင်းကိုပဲ ရွေးချယ် ပေါင်းသင်းတတ် ပါစေ။ phoomyatchal
Zawgyi
မိတ္္ေကာင္းေဆြေကာင္း ေ၇ြးခ်ယ္ေပါင္း
တခါတုန္းက လူတေယာက္ဟာ ျမင္းတေကာင္ကို ဝယ္ဖို႔ ေဈးကို ေရာက္လာသတဲ့။ ၿပီးေတာ့ သူအႀကိဳက္ဆုံး ျမင္းတေကာင္ကို ေ႐ြးၿပီး ျမင္းေရာင္းသူကို "မိတ္ေဆြ ဒီျမင္းကို က်ေနာ္ အိမ္ယူသြားၿပီး ျမင္း ေကာင္းမေကာင္း စမ္းသပ္ၾကည့္ ပါအုံးမယ္။ ျမင္းေကာင္း ဆိုရင္ ဝယ္ပါ့မယ္။ ျမင္းက မေကာင္းဘူး ဆိုရင္ေတာ့ ျပန္ပို႔ပါမယ္" လို႔ ေျပာသတဲ့။
ျမင္းေရာင္းသူ ကလည္း သေဘာတူၿပီး ခြင့္ျပဳလိုက္ တာေပါ့။ ျမင္းဝယ္သူက ျမင္းကို အိမ္ေခၚသြားၿပီး ျမင္ေဇာင္းထဲမွာ သူ႔ရဲ႕ ျမင္းေတြနဲ႔ အတူ ထားလိုက္သတဲ့။
ဒီေတာ့ ဝယ္လာတဲ့ ျမင္းဟာ ျမင္းေဇာင္းထဲက ျမင္းေတြကို ေသခ်ာ ၾကည့္ေနတယ္။ ၿပီးေတာ့ ျမင္းေတြထဲက အပ်င္းဆုံး အစားအေသာက္လည္း အႀကီးဆုံး၊ အဆိုးဆုံး၊ ေလာဘလည္း အႀကီးဆုံး ျဖစ္တဲ့ ျမင္းရဲ႕ အနားကို ခ်ဥ္ကပ္ၿပီး မိတ္ေဆြ ဖြဲ႕ကာ သြားအိပ္ေနသတဲ့။
ဒါကို ျမင္းဝယ္လာသူက ျမင္တာနဲ႔ ခ်က္ခ်င္းပဲ ျမင္းကို ဆြဲထုတ္ၿပီး ေရာင္းသူထံ ျပန္လည္ အပ္ႏွံလိုက္ ေတာ့တာေပါ့။ ျမင္းေရာင္းသူကလည္း ဝယ္သူ႔ရဲ႕ အျပဳအမူကို အံ့ၾသသြားၿပီး "မိတ္ေဆြ ဘာေၾကာင့္ ဒီျမင္းကို မႀကိဳက္ရတာလဲ။ ျမင္းကို စမ္းသပ္ၾကည့္ ၿပီးၿပီလား" လို႔ ေမးလိုက္တာေပါ့။
ဒီေတာ့ ျမင္းဝယ္သူက "ဒီျမင္းကို ေထြေထြထူးထူး စမ္းသပ္ေနစရာ မလိုပါဘူး။ ဒီျမင္းဟာ က်ဳပ္ျမင္းေဇာင္းထဲက အပ်င္းဆုံး အဖ်င္းဆုံး ေလာဘအႀကီးဆုံး ျမင္းဆိုးနဲ႔ အေပါင္းအသင္း ျပဳတယ္။ ဒါေၾကာင့္ ဒီျမင္းရဲ႕ စ႐ိုက္ဟာလည္း ဒီသေဘာ အတိုင္းပဲဆိုတာ ယုံမွားစရာ မလိုေတာ့ပါဘူး" လို႔ ျပန္ေျပာလိုက္ သတဲ့ကြယ္။
ေလာကမွာ လူတေယာက္ကို အကဲခက္မယ္ ဆိုရင္ သူ႔အေပါင္းအသင္း ကိုပဲ ၾကည့္ၿပီး ခန႔္မွန္းေလ့ ရွိၾကပါတယ္။ မိတ္ေဆြတို႔လည္း အေပါင္းအသင္းကို မမွားမိၾက ပါေစနဲ႔။ မိတ္ေဆြေကာင္းကိုပဲ ေ႐ြးခ်ယ္ ေပါင္းသင္းတတ္ ပါေစ။ phoomyatchal
0 Comments