တခါက သိုးကျောင်းလေး တယောက်ဟာ သိုးတွေကို ကျောင်းနေရင်းနဲ့ တောင်ကုန်းပေါ်ကို ရောက်လာခဲ့တယ်။ သိုးတွေကို ထိန်းရင်း ကျောင်းရင်း ပျင်းလာတဲ့ အတွက် သူဟာ တခုခု လုပ်ချင်စိတ် ဖြစ်ပေါ်လာတယ်။
သူ့ကိုယ်သူလည်း ပျော်စရာ ဖြစ်စေချင်တာကြောင့် ကောင်လေးက "ဝံပုလွေဗျို့၊ ဝံပုလွေ ဝံပုလွေ" လို့ အကျယ်ကြီး အော်လိုက်တယ်။
ကောင်လေးရဲ့ အော်သံကြောင့် ကောင်လေးကို ကယ်ဆယ်ဖို့နဲ့ သိုးတွေကို ကယ်ဖို့အတွက် ရွာထဲက ရွာသားတွေဟာ အပြေးအလွှား ရောက်လာကြတယ်။ ရွာသားတွေ တောင်ကုန်းပေါ် ရောက်တဲ့အခါ ဝံပုလွေနဲ့ တူတာ ဘာမှ မတွေ့ရတဲ့ အခါ စိတ်ဆိုးဒေါသ ထွက်ကြတယ်။
သိုးကျောင်းသားလေးက ဒေါသထွက်နေတဲ့ ရွာသားတွေကို ကြည့်ပြီး ရယ်မောနေခဲ့ ပါတယ်။ "တကယ့် ဝံပုလွေ မလာဘဲနဲ့ ငါတို့ကို မအော်ခေါ် နဲ့" လို့ သိုးကျောင်းသားလေးကို ရွာသားတွေက ဒေါသတကြီး ပြောသွားပြီး ထွက်ခွာသွား ကြတယ်။ သိုးကျောင်းသားလေးက ရွာသားတွေကိုရယ်မောနေခဲ့တယ်။
အချိန်အတန် ကြာပြီးတဲ့အခါမှာ သိုးကျောင်းသားလေးက ထပ်ပြီး ပျင်းရိလာ ပြန်တယ်။ အဲဒီအခါ အထက်က လိုပဲ ငိုသံကြီးနဲ့ ဝံပုလွေ လာပြီလို့ အော်ပြန်တယ်။ ရွာသားတွေ ကလည်း ယုံကြည်ပြီး ဒုတိယအကြိမ် ရောက်လာပြန်တယ်။
ဒေါသ ထွက်နေတဲ့ ရွာသားတွေက သိုးကျောင်းသားလေးကို သတိပေးပြီး ပြန်သွားပြန်တယ်။ သိုးကျောင်းသားလေး ကတော့ လူအုပ်ကြီးကို ကြည့်ပြီး ရယ်မောနေခဲ့ ပြန်တယ်။
ဒီလိုနဲ့ ခဏအကြာမှာတော့ သိုးကျောင်းသားလေးဟာ တကယ့် ဝံပုလွေ အစစ်ကို မြင်ရပြီး ငိုသံပါကြီးနဲ့ ကျယ်လောင်စွာ အော်ပါတော့တယ်။
"ဝံပုလွေကြီး၊ ကျေးဇူးပြုပြီး ကယ်ကြပါအုံး။ ဝံပုလွေကြီးက သိုးတွေနားကို ကပ်လာနေပြီ။ ကယ်ကြပါ" ဆိုပြီး အော်ခေါ်လိုက်တယ်။
သိုးကျောင်းသားလေးဟာ ကျယ်လောင်စွာ အော်ခေါ်ခဲ့ ပေမယ့် ဘယ်သူကမှ ကူညီဖို့ ရောက်မလာပါဘူး။ ညနေစောင်းချိန်မှာတော့ သိုးကျောင်းသားလေးဟာ အိမ်ကို ပြန်မလာခဲ့ ပါဘူး။
ရွာသားတွေက အံ့အားသင့်ပြီး တောင်ကုန်းပေါ်မှာ ဘာများ ဖြစ်နေသလဲ လို့ တောင်ကုန်းပေါ် သွားကြည့်ခဲ့ ကြပါတယ်။ သိုးကျောင်းသားလေးဟာ တောင်ကုန်းမှာ ထိုင်ရင်း ငိုကြွေးမြည်တမ်း နေခဲ့ပါတယ်။
"ဝံပုလွေကြီးလို့ ကျွန်တော် အော်ခေါ်နေခဲ့ တုန်းက ဘာလို့များ မလာခဲ့ကြ တာလဲ" လို့ သိုးကျောင်းသားလေးက ရွာသားတွေကို ဒေါသတကြီး မေးလိုက်ပါတယ်။
"ခုတော့ သိုးအုပ်စုက တကွဲတပြား ဖြစ်ကုန်ကြပြီ" လို့ သိုးကျောင်းသားလေးက ပြောလိုက်တယ်။
အသက်ကြီးတဲ့ ရွာသားတယောက်က သိုးကျောင်းသားလေးကို ပြန်ပြောလိုက် ပါတယ်။ "လူတွေက လိမ်တတ်တဲ့ လူတွေကို မယုံကြည် ကြတော့ဘူး။ သူတို့ အမှန်အတိုင်း ပြောနေတယ် ဆိုရင်တောင် မှပေါ့။ မင်းရဲ့ သိုးတွေကို ငါတို့ မနက်ဖြန် မနက်မှာ ပြန်ရှာပေးပါ့မယ်။ ခုတော့ အိမ်ပြန်ကြစို့"
သင်ခန်းစာ။ ။ လိမ်ညာခြင်းက အမှန်အတရားကို ချိုးဖျက် နိုင်ပါတယ်။ ဘယ်သူကမှ လွယ်လွယ် လိမ်ညာတတ်တဲ့ သူကို မယုံကြည် နိုင်ပါဘူး။ လိမ်တတ်တဲ့ သူတစ်ယောက်က အမှန်အတိုင်း ပြောနေရင်တောင်မှ ဘယ်သူမှ ယုံကြည်တော့မှာ မဟုတ်ပါဘူး။
အဲဒါကြောင့် ဘယ်လိုအကြောင်းအရာ ကိစ္စမျိုး အပေါ်မှာမှ စနောက်စရာအဖြစ် နဲ့တောင် လိမ်ညာတာမျိုး မလုပ်သင့်ဘူးလို့ သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ bawa
0 Comments