တနေ့သ၌ မြေခွေးတကောင်သည် ရေတွင်းတခု ထဲသို့ လိမ့်ကျ သွား၏။ ရေထဲ၌ သူသည် နစ်မြုပ်အံ့ ဆဲဆဲ ဖြစ်နေသည်။
အနီးအနား၌ တစုံတယောက်သောသူ ရှိပါက ကူညီရန် လာရောက် စိမ့်သောငှာ ကျယ်လောင်စွာ အော်ဟစ်၍ အကူအညီ တောင်းနေ၏။
ထိုအော်သံကို ဝံပုလွေ တကောင်သည် ကြားလေရာ ရေတွင်းရှိရာသို့ သိလိုဇောဖြင့် အမြန် ပြေးလာ ကြည့်၏။ ထိုအခါ မြေခွေးက
"အဆွေဝံပုလွေ၊ ကျေးဇူးပြု၍ သင်၏ လက်ကို လှမ်းပါ။ ကျွန်ုပ်ကို အပေါ်သို့ တက်ရောက်နိုင်အောင် ကူညီပါ။ သို့မဟုတ်ပါက ကျွန်ုပ်သည် မုချ ရေနစ်၍ သေဆုံးရ ပါလိမ့်မည်" ဟု ဆိုသည်။
ဝံပုလွေလည် ကြင်နာသော အမူအရာဖြင့် "အို သနားစဖွယ် ကောင်းလှသော မြေခွေး၊ သင်၏ အဖြစ်ကို မြင်ရသည့် အတွက် ကျွန်ုပ် အလွန်တရာ ဝမ်းနည်းလှ ပါသည်။
ဤရေတွင်းထဲ၌ သင်ရောက်ရှိ နေသည်မှာ အဘယ်မျှ ကြာပြီနည်း။ အဘယ်ကြောင့် သင် ဤသို့ လိမ့်ကျသွား ရပါသနည်း။ ရေသည် အလွန်အေးမြ ပါသလော။ လွန်စွာလည်း နက်ရှိုင်း ပါသလော" စသည်ဖြင့် မေးမြန်း၏။
ထိုအခါ မြေခွေးက "အို ဝံပုလွေ၊ ယခုအခါသည် မေးမြန်း စစ်ဆေးနေရန် အချိန် မဟုတ်ပါ။ ရှေးဦးစွာ ကျွန်ုပ်ကို ရေတွင်းထဲမှလွတ်မြောက်ရန်သာ ကယ်တင်ပါလော့။ ထို့နောက်မှ အကြောင်းစုံကို သင့်အား ကျွန်ုပ် ပြောပြပါအံ့" ဟု ဆိုလိုက်လေသတည်း။
ဒီအကြောင်းအရာလေးထဲက ဝံပုလွေလို ဘယ်လို လူမျိုးတွေလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေကြပါတယ်။ Crd
Zawgyi
ေျမေခြးနွင့္ ဝံပုေလြ
တေန႔သ၌ ေျမေခြးတေကာင္သည္ ေရတြင္းတခု ထဲသို႔ လိမ့္က် သြား၏။ ေရထဲ၌ သူသည္ နစ္ျမဳပ္အံ့ ဆဲဆဲ ျဖစ္ေနသည္။ အနီးအနား၌ တစုံတေယာက္ေသာသူ ရွိပါက ကူညီရန္ လာေရာက္ စိမ့္ေသာငွာ က်ယ္ေလာင္စြာ ေအာ္ဟစ္၍ အကူအညီ ေတာင္းေန၏။
ထိုေအာ္သံကို ဝံပုေလြ တေကာင္သည္ ၾကားေလရာ ေရတြင္းရွိရာသို႔ သိလိုေဇာျဖင့္ အျမန္ ေျပးလာ ၾကည့္၏။ ထိုအခါ ေျမေခြးက "အေဆြဝံပုေလြ၊ ေက်းဇူးျပဳ၍ သင္၏ လက္ကို လွမ္းပါ။ ကြၽႏ္ုပ္ကို အေပၚသို႔ တက္ေရာက္ႏိုင္ေအာင္ ကူညီပါ။ သို႔မဟုတ္ပါက ကြၽႏ္ုပ္သည္ မုခ် ေရနစ္၍ ေသဆုံးရ ပါလိမ့္မည္" ဟု ဆိုသည္။
ဝံပုေလြလည္ ၾကင္နာေသာ အမူအရာျဖင့္ "အို သနားစဖြယ္ ေကာင္းလွေသာ ေျမေခြး၊ သင္၏ အျဖစ္ကို ျမင္ရသည့္ အတြက္ ကြၽႏ္ုပ္ အလြန္တရာ ဝမ္းနည္းလွ ပါသည္။
ဤေရတြင္းထဲ၌ သင္ေရာက္ရွိ ေနသည္မွာ အဘယ္မွ် ၾကာၿပီနည္း။ အဘယ္ေၾကာင့္ သင္ ဤသို႔ လိမ့္က်သြား ရပါသနည္း။ ေရသည္ အလြန္ေအးျမ ပါသေလာ။ လြန္စြာလည္း နက္ရႈိင္း ပါသေလာ" စသည္ျဖင့္ ေမးျမန္း၏။
ထိုအခါ ေျမေခြးက "အို ဝံပုေလြ၊ ယခုအခါသည္ ေမးျမန္း စစ္ေဆးေနရန္ အခ်ိန္ မဟုတ္ပါ။ ေရွးဦးစြာ ကြၽႏ္ုပ္ကို ေရတြင္းထဲမွလြတ္ေျမာက္ရန္သာ ကယ္တင္ပါေလာ့။ ထို႔ေနာက္မွ အေၾကာင္းစုံကို သင့္အား ကြၽႏ္ုပ္ ေျပာျပပါအံ့" ဟု ဆိုလိုက္ေလသတည္း။
ဒီအေၾကာင္းအရာေလးထဲက ဝံပုေလြလို ဘယ္လို လူမ်ိဳးေတြလည္း ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ ရွိေနၾကပါတယ္။ Crd
0 Comments