၁။ မိဘစကားကို အမြဲနားထောင်ပါ။ မိဘဆိုတာ ဘယ်တော့မှ သမီးလေးရဲ့ ဘဝကို လမ်းမှား ညွှန်ပြပေးမှာ မဟုတ်ဘူးလေ။ မိဘတွေက သမီးလေး ဆန္ဒတွေနဲ့ စိတ်ဝင်စားတာတွေကို ထည့်မစဉ်းစား ကြဘူးလို့ တခါတလေ သမီး ထင်မိကောင်း ထင်မိလိမ့်မယ်။ ဒါပေမယ့် သမီးလေးဆန္ဒကို အမြဲ ထည့်စဉ်းစားပါတယ်။
၂။ ကိုယ့်ပုံစံအတိုင်း ကိုယ်နေဖို့ သမီးလေး မတွန့်ဆုတ်ပါနဲ့။ သမီး ဘယ်လိုပဲဖြစ်ဖြစ် မိသားစုနဲ့ မိတ်ဆွေစစ်တွေက သမီးလေးကို လက်ခံပြီးသားပါ။
၃။ သမီး ဘာပဲလုပ်လုပ် မိန်းကလေးတယောက်ပီပီ ကျက်သရေရှိရှိလေး လုပ်ပါ။
၄။ အတင်းအဖျင်းတွေ ပြောတာကို သမီးရှောင်ကြဉ်ပါ။ မြင့်မြတ်တဲ့ စိတ်ထား ရှိတဲ့လူက စိတ်ကူး အကြံဉာဏ်တွေ ကိုပဲ ဆွေးနွေး ဖလှယ်ကြတယ်။ သာမာန် စိတ်ထားကောင်းမွန်တဲ့ လူကတော့ အဖြစ်အပျက်လေးတွေ အကြောင်း ဆွေးနွေးကြတယ်။ စိတ်သဘောထား သေးသိမ်သူ ကတော့ လူတွေ အကြောင်း ဆွေးနွေးကြတယ် ဆိုတာကို သမီးလေး အမြဲ အမှတ်ရနေပါနော်။
၅။ မိန်းကလေးတယောက်ပီပီ စီမံ ခန့်ခွဲနိုင်ဖို့ အတွက် အချက်အပြုတ်နဲ့ သန့်ရှင်းရေးတွေ လုပ်တတ်အောင် သင်ယူထားရမယ်သမီး။
၆။ သမီးကိုယ်သမီး မသိသလို မတတ်သလို မနေပါနဲ့။ ကိုယ်က စမတ်ဖြစ်နေတာ ကောင်းပါတယ်။ ဆုံးဖြတ်ချက် တခုကို မှန်မှန်ကန်ကန် ချနိုင်ဖို့ သမီးရဲ့ ထိုးထွင်းဉာဏ်လေးကို အသုံးပြုပါ။
၇။ စာအုပ်များများ ဖတ်ပါသမီး။ ပြီးတော့ ပညာပေး ရုပ်သံတွေ များများကြည့်ပါ။
၈။ သမီးရဲ့ ပန်းတိုင်တွေကို ကိုယ်တိုင် ချမှတ်ပါ။ အရာရာတိုင်း ကတော့ အစီအစဉ် အတိုင်း ဖြစ်လာမှာ မဟုတ်ဘူနော်။ ဒါကြောင့် အရံ အစီအစဉ်တခု အမြဲတမ်း ထားရမယ်။
၉။ သမီးရဲ့ အိပ်မက်တွေကို လက်လျှော့ အရှုံးမပေးလိုက် ပါနဲ့။ ခြေတလှမ်းချင်းစီ တနေ့ပြီး တနေ့ ရည်မှန်းချက် ပန်းတိုင်ဆီသို့ အရောက်လှမ်းပါ။ ၁၀။ အလုပ်ကို ကြိုးစားပြီးလုပ်ပါ သမီး။ အခွင့်အလမ်းတွေကို လက်မလွတ်စေနဲ့။
၁၁။ သမီး လုပ်လိုက်တဲ့ အရာအားလုံး၊ သမီး ရွေးချယ်လိုက်တဲ့ အလုပ်အကိုင် အားလုံးအပေါ် နှစ်သက် ရင်ခုန်ခြင်း ရှိပါ။ ဒါတွေ အားလုံးက ငွေကြေးတခုတည်းကြောင့် လုပ်နေရတာမျိုး မဖြစ်စေပါနဲ့။ အထူးသဖြင့် သမီးလေးသာ မပျော်ရွှင်ရင်ပေါ့။
၁၂။ တခါတရံ သမီးလေး ဆုံးရှုံးလိုက်ရတာတွေ ရှိလိမ့်မယ်။ ဒါပေမယ့် သမီးလေး လဲနေရာမှ ပြန်မထပဲ မနေပါနဲ့။ ဇွဲမလျှော့ပဲ ဆက်ကြိုးစားနော် သမီးလေး။
၁၃။ ခရီးသွား လည်ပတ်ပြီး ကမ္ဘာတဝှမ်းက အတွေ့အကြုံတွေကို သမီး ခံစားကြည့်ပါ။ ၁၄။ ကိုယ့်ကိုယ်ကို ထင်နေတာထက် ပိုပြီး သမီးလေးက ကြံ့ခိုင်တယ် ဆိုတာ အမြဲ အမှတ်ရနေပါ။
၁၅။ သမီးလေးရဲ့ မိတ်ဆွေစစ်တွေက ဘယ်သူတွေလဲ ဆိုတာ သိထားရမယ်။ အပေါင်းအသင်း၊ မိတ်ဆွေတွေက တနေ့ကျရင် ခွဲခွာပြီး ကိုယ့်လမ်းကိုယ် ဆက်ကြရမှာပဲလေ။ အားလုံးကတော့ ကိုယ်သွားမယ့် ခရီးမှာ ကိုယ်နဲ့တူတူ ခြေလှမ်းသစ် လှမ်းမှာမဟုတ်ပါဘူး။
၁၆။ ငွေကြေးနဲ့ ပတ်သက်လာရင် ပညာရှိရမယ် သမီး။ ခက်ခဲတဲ့ နေ့တွေနဲ့ အနာဂတ်အတွက် စုဆောင်းထား ရမယ်လေ။ ကိုယ့်နည်းလမ်းနဲ့ကိုယ် နေထိုင်ရမယ်။
၁၇။ လူတွေကို စိတ်ကျေနပ်အောင် ထားဖို့ မကြိုးစားပါနဲ့။ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် နေပြီး ကိုယ်ယုံကြည် သက်ဝင်ရာမှာ စွဲမြဲစွာ ဖက်တွယ်ထားပါ။
၁၈။ သနားကြင်နာပါ၊ ဂရုဏာထားပါ၊ သစ္စာကို စောင့်ထိန်းပါ။ ၁၉။ ယဉ်ကျေး ပျူငှာပြီး အမြဲတမ်း ကောင်းမွန်စွာ ပြုမူ နေထိုင်တတ်တဲ့ သမီးလေးတယောက် ဖြစ်အောင် နေပါ။ ၂၀။ ကိုယ့်ကိုယ်ကို အမြဲ ရိုသေလေးစား နေပါ သမီး။
၂၁။ သမီးလေးရဲ့ တန်ဖိုးကို သမီး သိရမယ်။ သမီး တန်ဖိုးကျတယ်လို့ ခံစားရအောင် ဒါမှမဟုတ် သမီးတန်ဖိုးကို ကျအောင် ဘယ်သူ့ကိုမှ ခွင့်မပြုပါနဲ့။
၂၂။ နောက်ကျမှ နောင်တရမယ့် အလုပ်မျိုးကို လုပ်တာ၊ နောင်တရမယ့် စကားမျိုးကို ပြောတာ၊ ဒါတွေကို မလုပ်မိဖို့ သမီးကြိုးစားပါ။
၂၃။ အမျိုးသား တယောက်မှာ သမီးလိုချင်တဲ့ အချက်အလက်တွေကို သိချင်ရင် သမီးဖေဖေကို ကြည့်ရမယ်။ အမျိုးသမီးတွေကို ဘယ်လို ကြင်နာသင့်တယ်၊ ဆက်ဆံသင့်တယ် ဆိုတာ သိဖို့အတွက်က သမီးဖေဖေက ဥပမာကောင်းတခု ပဲပေါ့။
၂၄။ သမီးလေး တတ်နိုင်သလောက် ပညာကို ကောင်းကောင်း သင်ယူပါ၊ စကားပြော ကောင်းမွန်အောင် သင်ယူပါ၊ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံး လုပ်ပါ။
၂၅။ ကျန်းမာအောင် နေထိုင်ပါ၊ ကောင်းမွန်စွာ စားသောက်ပါ၊ လေ့ကျင့်ခန်း လုပ်ပါ။ ကျန်းမာရေးကို ကောင်းနေအောင် ဂရုတစိုက် နေထိုင် ကျင့်သုံးပါ။ Crd
0 Comments