အပြတ်အသတ် သာအောင် လုပ်ပါ

စကားတခွန်း မှတ်သားဖူး ပါတယ်။ "နွားနို့ကို ရေရောလို့ ရပေမယ့် တဆင့် တိုးတက်လာတဲ့ ထောပတ် ကိုတော့ ရေရောလို့ မရတော့ ပါဘူး။

လူတွေဟာ သူတို့ထက် နည်းနည်းပဲ သာရင် မနာလိုတတ် ကြပေမယ့် အများကြီး သာတဲ့ သူကိုတော့ အားကျတတ် ကြပါတယ်။ ထောပတ် ဖြစ်အောင် လုပ်ပါ။ အများကြီး သာအောင် လုပ်ပါ"

ဒီစကားကို မိတ်ဆွေ ဘယ်လို မြင်ပါသလဲ။ ကျွန်တော်တော့ သိပ်မှန်တယ် လို့ ထင်ပါတယ်။ လူတွေက ကိုယ်ပတ်ဝန်းကျင်က ကိုယ်နဲ့ သိပ်မကွာတဲ့ သူတွေ ကိုယ့်ထက် သာသွားမှာကို သိပ်စိုးရိမ် ကြပါတယ်။ တကယ် သာသွားရင်လည်း မနာလို ဖြစ်တတ် ကြပါတယ်။ ဒါက လူတွေရဲ့ သဘောပါ။

ဒီထက် ပိုဆိုးလာ ရင်တော့ သူတို့ရဲ့ မနာလို စိတ်ကြောင့် ပျက်စီးရာ ပျက်စီးကြောင်းတွေ ကြံလာနိုင်တယ်။ မိတ်ဆွေလည်း မိတ်ဆွေကို မနာလိုတဲ့ သူတွေနဲ့ ကြုံဖူးပါ လိမ့်မယ်။

ဒီလိုဆိုရင် သိရမှာက ကိုယ်က သူတို့ထက် သာနေလို့ သူတို့တွေက မနာလို ဖြစ်နေကြတယ် ဆိုတဲ့ အချက်ပါ။

ဒါပေမယ့် မနာလို ဖြစ်ခံရတဲ့ အဆင့်ပဲ ဆိုရင်တော့ မိတ်ဆွေဟာ သူတို့ထက် သိပ် မသာသေး ပါဘူး။ သူတို့တွေ မိတ်ဆွေကို မနာလို မဖြစ်ကြတော့ပဲ အားကျတဲ့စိတ်၊ အတုယူချင်တဲ့ စိတ်တွေ ပေါ်လာမှသာ မိတ်ဆွေဟာ သူတို့ထက် အပြတ်အသတ် ကွာသွားမှာပါ။

ဒါကြောင့်မိုလို့ မိတ်ဆွေကို မနာလို ဖြစ်ပြီး မိတ်ဆွေရဲ့ အကျိုး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေသူ တွေကို ဒေါသနဲ့ တုံ့ပြန်ဖို့ထက် လက်ရှိ အခြေအနေထက် ပိုကောင်းအောင် ကြိုးစားပြီး

သူတို့တွေ မနာလို မဖြစ်နိုင်တော့ပဲ လေးစားအားကျ လောက်တဲ့ ဘဝတခု၊ အခြေအနေ တခုကိုသာ ပိုင်ဆိုင်အောင် ကြိုးစားလိုက်ပါ။ အဲဒါဟာ အကောင်းဆုံး လက်တုံ့ပြန်ခြင်း ပါပဲ။ Crd

Zawgyi

အျပတ္အသတ္ သာေအာင္ လုပ္ပါ

စကားတခြန္း မွတ္သားဖူး ပါတယ္။ "ႏြားႏို႔ကို ေရေရာလို႔ ရေပမယ့္ တဆင့္ တိုးတက္လာတဲ့ ေထာပတ္ ကိုေတာ့ ေရေရာလို႔ မရေတာ့ ပါဘူး။ လူေတြဟာ သူတို႔ထက္ နည္းနည္းပဲ သာရင္ မနာလိုတတ္ ၾကေပမယ့္ အမ်ားႀကီး သာတဲ့ သူကိုေတာ့ အားက်တတ္ ၾကပါတယ္။ ေထာပတ္ ျဖစ္ေအာင္ လုပ္ပါ။ အမ်ားႀကီး သာေအာင္ လုပ္ပါ"

ဒီစကားကို မိတ္ေဆြ ဘယ္လို ျမင္ပါသလဲ။ ကြၽန္ေတာ္ေတာ့ သိပ္မွန္တယ္ လို႔ ထင္ပါတယ္။ လူေတြက ကိုယ္ပတ္ဝန္းက်င္က ကိုယ္နဲ႔ သိပ္မကြာတဲ့ သူေတြ ကိုယ့္ထက္ သာသြားမွာကို သိပ္စိုးရိမ္ ၾကပါတယ္။ တကယ္ သာသြားရင္လည္း မနာလို ျဖစ္တတ္ ၾကပါတယ္။ ဒါက လူေတြရဲ႕ သေဘာပါ။

ဒီထက္ ပိုဆိုးလာ ရင္ေတာ့ သူတို႔ရဲ႕ မနာလို စိတ္ေၾကာင့္ ပ်က္စီးရာ ပ်က္စီးေၾကာင္းေတြ ႀကံလာႏိုင္တယ္။ မိတ္ေဆြလည္း မိတ္ေဆြကို မနာလိုတဲ့ သူေတြနဲ႔ ႀကဳံဖူးပါ လိမ့္မယ္။ ဒီလိုဆိုရင္ သိရမွာက ကိုယ္က သူတို႔ထက္ သာေနလို႔ သူတို႔ေတြက မနာလို ျဖစ္ေနၾကတယ္ ဆိုတဲ့ အခ်က္ပါ။

ဒါေပမယ့္ မနာလို ျဖစ္ခံရတဲ့ အဆင့္ပဲ ဆိုရင္ေတာ့ မိတ္ေဆြဟာ သူတို႔ထက္ သိပ္ မသာေသး ပါဘူး။ သူတို႔ေတြ မိတ္ေဆြကို မနာလို မျဖစ္ၾကေတာ့ပဲ အားက်တဲ့စိတ္၊ အတုယူခ်င္တဲ့ စိတ္ေတြ ေပၚလာမွသာ မိတ္ေဆြဟာ သူတို႔ထက္ အျပတ္အသတ္ ကြာသြားမွာပါ။

ဒါေၾကာင့္မိုလို႔ မိတ္ေဆြကို မနာလို ျဖစ္ၿပီး မိတ္ေဆြရဲ႕ အက်ိဳး ပ်က္စီးရာ ပ်က္စီးေၾကာင္း ႀကံစည္ေနသူ ေတြကို ေဒါသနဲ႔ တုံ႔ျပန္ဖို႔ထက္ လက္ရွိ အေျခအေနထက္ ပိုေကာင္းေအာင္ ႀကိဳးစားၿပီး သူတို႔ေတြ မနာလို မျဖစ္ႏိုင္ေတာ့ပဲ ေလးစားအားက် ေလာက္တဲ့ ဘဝတခု၊ အေျခအေန တခုကိုသာ ပိုင္ဆိုင္ေအာင္ ႀကိဳးစားလိုက္ပါ။ အဲဒါဟာ အေကာင္းဆုံး လက္တုံ႔ျပန္ျခင္း ပါပဲ။ Crd

Post a Comment

0 Comments