အမှောင်တကာ့ အမှောင်ဆုံးအရာ

တခါတုန်းက ဘုရင်ကြီးတပါးသည် သူ့မှာရှိသော ပညာရှိများကို အဖြေတခု ရှာခိုင်းလေသည်။ ဘုရင်ကြီးကိုယ်တိုင် မသိသေးသောကြောင့် ပညာရှိများကို မေးခြင်းဖြစ်သည်။

တကယ်လို့ သူစိတ်တိုင်းကျတဲ့ အဖြေမရရင် အားလုံးကို အပြစ်ဒဏ် ပေးမည်ဆိုသော အမိန့်တော်ပါ မိန့်လိုက်သေသည်။

ဘုရင်းကြီး မေးသောမေးခွန်းမှာ "အမှောင်တကာ့ အမှောင်တွင် ဘယ်အမှောင်သည် အမှောင်ဆုံးနည်း" ဟူသော မေးခွန်းဖြစ်သည်။ တယောက်ယောက်က ဖြေနိုင်မယ် ဆိုရင် ရပြီ။ မဖြေနိုင်ရင်တော့ အပြစ်ဒဏ်ပေါ့။ ၇ ရက် အချိန် ပေးလိုက်လေသည်။

ပညာရှိတွေလည်း စဉ်းစားကြတာ ပေါ့လေ။ တချို့ကလည်း အလင်းရောင် မရှိတဲ့ အခန်းကျဉ်းသည် အမှောင်ဆုံး၊ မြေအောက်ခန်း အလင်းမရှိရင် အမှောင်ဆုံး၊ တိမ်တွေ ဖုံးနေတဲ့ လမသာတဲ့ သန်းခေါင်ယံသည် အမှောင်ဆုံး၊ မိုးမှောင်ကျပြီး လမရှိ ကြယ်မရှိက အမှောင်ဆုံး စသဖြင့် တွေးတောနေကြ အဖြေထုတ်နေ ကြတာပေါ့။

ပညာရှိတဦးကတော့ ဒါတွေလောက်တော့ ဘုရင်လည်း သိလိမ့်မည်၊ ဒီအဖြေကို နှစ်သက်လိမ့်မည် မဟုတ်၊ သေချာစဉ်းစားမှ ရမည် ဆိုပြီး စဉ်းစားလိုက်တာ မနက်ဖြန်ဆို ၇ ရက်သာ ပြည့်တော့မည် အဖြေ မရပါပဲ အခက်တွေ့ နေသည်။

မစားနိုင် မသောက်နိုင် တမှိုင်မှိုင် တတွေတွေ ဖြစ်နေ၏။ ဖခင်ဖြစ်သူ အခုလို ဖြစ်နေတာကို မြင်သောအခါ သမီးမှ မေးလေသည်။

"အဖေ ဘာများ စိတ်ညစ်နေပါသလဲ" ဟု မေးလေသည်။ ဖခင်ကလည်း ပြသနာကို ရှင်းပြလေသည်။ သမီးက နားထောင်ပြီး သောအခါ "အဖေ သိချင်သော အဖြေကို သမီးပေးမည်။ ညသန်းခေါင်ယံ အိမ်ဘေးက လူမနေတဲ့ အခန်းမှာ အဖြေ သွားယူလိုက်ပါ" ဟု ပြောလိုက်လေသည်။

သမီးဖြစ်သူ သည်လည်း ပညာဉာဏ် ရှိတယ် ဆိုတာကို ဖခင်က သိတော့ ကောင်းပြီသမီး ဟုပြောလိုက်လေသည်။ ဒါပေမယ့် စိတ်ထဲမှာ စိုးရိမ်နေသေးတာပေါ့။ အဖြေမှန်ပါ့မလားနှင့်။

ညသန်းခေါင်ယံလည်း ရောက်တယ် ဆိုရင်ပဲ ဖခင်ကြီးက အခန်းရှိရာသို့ လာလေသည်။ အခန်းသည် မီးရောင် မှိန်ပြပြလေးနှင့် ဝိုးတဝါး ဖြစ်နေသည်။ အခန်းအတွင်းသို့ လိုက်ကာစကို ဖွင့်ပြီး အဝင်တွင် မြင်လိုက်ရသည်က မိန်းမတယောက် ဝတ်လစ်စလစ်ဖြင့် ဆွဲဆောင်မှု အပြည့်နှင့် စိတ်ကို မြူစွယ်နေသည်။ အမတ်ကြီးလည်း စိတ်တွေ ထကြွလာကာ ရှေ့သို့ တိုးလာလေသည်။

တဖြေးဖြေး နီးလာသောအခါ မျက်လုံးထဲတွင် ထိုမိန်းမသည် သမီးဖြစ်သူနှင့် တူနေသည်ကို သတိထားမိပေမဲ့ အကြည့်နှင့် ခြေလှမ်းများလည်း မရပ်ခဲ့ပါ။ သမီးဖြစ်သည်ကို သေချာသော်လည်း ကြံရွယ်ထားသော စိတ်အာရုံ ကိုလည်း မရပ်၊ တဏှာစိတ်တို့သည် ထကြွလျှက် အသိပျောက်ခါ နေလေတော့သည်။

ထိုအခါတွင် သမီးဖြစ်သူက အဝတ်များကို ဆွဲကာ လိုက်ပြီး "အဖေသတိထားလော့" ဟု ပြောလိုက်လေသည်။ "အဖေလိုချင်သော အဖြေသည် ဒါပါပဲ" ဟု ပြောလိုက်၏။

ထိုအခါ မှ ဖခင်အမတ်ကြီးလည်း သတိဝင်သွားကာ "ငါမှားပြီ ငါရှက်လိုက်တာ။ သိက္ခာတရားတွေ ကျပါပြီ" ဟု နောင်တတွေ ရနေသည်။ သမီးမှ

"အဖေမမှားပါဘူး။ အဖေတင် မဟုတ် ယောင်္ကျားတိုင်း မိန်းမတိုင်း ကာမဂုဏ်အရသာနှင့် ထိတွေ့လျှင် သတိတွေ အသိတွေ ပျောက်တတ်တာ သဘာဝပါ" ဟုပြောပြီး မနက်ကို ဘုရင်ကြီးဆီမှာ လျှောက်ချေလော့ ဟု ပြောလိုက်၏။

ညီလာခံတွင် ဘုရင်ကြီးသည် ပညာရှိများ ဖြေသော အဖြေများကို နားထောင်ပြီး လိုချင်သော အဖြေမရ ဖြစ်နေပြီး ဒေါသထွက်နေချိန် နောက်ဆုံးတယောက်အဖြစ် အမတ်ကြီးကို မေးလေသည်။ အမတ်ကြီးမှ "မှန်လှပါဘုရား။ အမှောင်တကာ့ အမှောင်ထဲတွင် ကာမအမှောင်သည် အမှောင်ဆုံးပါ ဘုရင်မင်းကြီး" ဟု လျှောက်တင် အဖြေပေးလေသည်။

အမတ်ကြီးက ဆက်ပြီး "တခြားအမှောင် တို့သည် မှောင်သော်လည်း မမှားပါ၊ မမြင်သော်လည်း မမှားပါ၊ မှားခဲ့သော် တခဏသာ မှားပါမည်။ ကြယ်ရောင် လရောင် မရှိသော ညသည် စိတ်ကိုတော့ မမှောင်စေပါ၊ မျက်လုံးကိုသာ မှောင်စေပါသည်။

မြေအောက်ခန်းသည် မှောင်သော်လည်း မြေနံ့တော့ မပျောက် အခန်းမှာ ရှိချိန်မှာသာ မှောင်သည်၊ အခန်းအပြင်တွင် မမှောင်နိုင်တော့ပါ။ ညအမှောင် များသည်လည်း နေ့တွင် မမှောင်နိုင်တော့ပါ၊ ညမှာသာ မှောင်ပါသည်။

ကာမအမှောင် ကိလေသာတဏှာ အမှောင်သည် စိတ်ကိုလည်း မှောင်စေသည်၊ ဘဝကိုလည်း မှောင်စေသည်၊ သံသရာ ကိုလည်း မှောင်စေသည်။

ဒီလိုအမှောင်သည် ပြန်လည် လင်းလက်ဖို့ အတွက် အင်မတန်မှ မလွယ်သလို၊ ဒီအမှောင်သည် ကောင်းသော အနံ့လည်းပျောက်၊ ကောင်းသော အကြံလည်းပျောက်၊ ကောင်းတဲ့ သိက္ခာလည်းမဲ့၊ ကောင်းတဲ့ အရှက်တရားလည်းကင်း၊ မှားမှန်းသိသည်ကိုပင် မှားပါစေဟု ရေစုန်မျောတဲ့ အထိ ဖြစ်တတ်ပါသည် ဘုရား။

ဒါကြောင့် လောကတွင် ရှိသော အမှောင်တကာ့ အမှောင်တွင် ကာမကိလေသာ အမှောင်သည် အမှောင်ဆုံး ကြောက်စရာ အကောင်းဆုံးသာ ဖြစ်ပါသည်" ဟု ဖြေလိုက်သောအခါ ဘုရင်ကြီး နှစ်ခြိုက်တော် မူသည်။ နောက်နေ့တွင် ဘုရင်ကြီးနှင့် အမတ်ကြီးသည် နန်းတော်မှ စွန့်ခွါပြီး တောထွက်တော် မူပြီး တရားအားထုတ် ကြ၏။ Crd

Post a Comment

1 Comments

  1. သတ်ပုံ မှန်အောင်ရေးသားတတ်သူများလည်း မြန်မာပြည်မှာ ရှိပါသည်။ ကွန်ဂက်ကျူလေးရှင်း။

    ReplyDelete