အာရှနိုင်ငံတော်တော်များများမှာ အလှအပအတွက် ဆန်ဆေးရည်ကို အသုံးပြုကြပါတယ်။ ဆန်ဆေးရည်က တန်ဖိုးလည်းမကြီးဘဲ အသားအရေနဲ့ အလှအပအတွက် အများကြီး အကျိုးပြုပေးနိုင်ပါတယ်။
ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ခြင်းရဲ့အကျိုးကျေးဇူးများ
ဆန်ဆေးရည်မှာ အင်တီအောက်ဆီးဒင့်၊ သတ္ထုဓာတ်၊ ဗီတာမင် B နဲ့ E၊ အမိုင်နိုအက်စစ်တို့ပါဝင်ပါတယ်။ ဆန်ဆေးရည်နဲ့ခေါင်းလျှော်တဲ့အခါ
- ဆံသားတောက်ပလာခြင်း
- ဆံပင်ပျော့ပျောင်းလာခြင်း
- ဆံပင်ရှည်မြန်လာခြင်း
- ဆံပင်ကျွတ်တာ သက်သာလာခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ဆံပင်ကို ခဏခဏအပူပေးပြီး ကောက်လိုက်ဖြောင့်လိုက်လုပ်ခြင်း၊ မကြာခဏဆေးဆိုးခြင်းတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ဆံသားတွေ ပျက်နေရင် ဆန်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။
ဆန်ဆေးရည်ကို ဘယ်လိုပြုလုပ်မလဲ။
ဆန်အနည်းငယ်နဲ့ ရေ ၃ ခွက်ခန့်ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပြီး မိနစ် ၃၀ ခန့်စိမ်ထားပါ။ မိနစ် ၃၀ ခန့်ကြာပြီးရင် ဆန်တွေကို စစ်ထုတ်ပြီး ဆန်ဆေးရည်ပဲ ယူလိုက်ပါ။
လျှော်နေကျခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်လိုက်ပြီး ဆံပင်ပေါ်ကို ဆန်ဆေးရည်တွေ လောင်းချလိုက်ပါ။ အဲဒီနောက် ဦးရေပြားအထဲ စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။
ဆန်ဆေးရည်ကို အသုံးပြုနိုင်တဲ့အခြားနေရာများ
၁။ Skin care
လေ့လာချက်တစ်ခုအရ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ရင် အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်လို့ ဖော်ပြထားပါတယ်။ ဆန်ဆေးရည်က မျက်နှာအရေးအကြောင်းတွေကို နည်းပါးစေပြီး အသားအရေကို တင်းရင်းလာပါစေပါတယ်။ ဆန်ဆေးရည်ကို တိုနာအဖြစ်လည်း အသုံးပြုလို့ရပါတယ်။
၂။ အပင်အတွက် အားဆေး
ဆန်ဆေးရည်ကနေ ထွက်လာတဲ့ ကစီဓာတ်က အပင်အတွက် အားဆေးပါပဲ။ ဆန်ဆေးရည်မှာပါဝင်တဲ့အာဟာရဓာတ်ကြောင့် အပင်က ကြီးထွားတာမြန်ပြီး ရောဂါပိုးတွေကို ခံနိုင်ရည်ရှိပါတယ်။ ဆန်ဆေးရည်လေးကို အပင်မှာ လောင်းပေးရုံနဲ့ ဒီလိုအကျိုးကျေးဇူးတွေကို ရရှိလာမှာပါ။
Zombie (lovemedia)
0 Comments