တခါက လူတယောက်ဟာ အိမ်အနောက်ဘက် ကွက်လပ်မှာ နွားတကောင်နဲ့ ဆီဆုံ လှည့်နေရင်းက ခဏ ထားခဲ့ပြီး အိမ်ရှေ့မှာ ရေနွေးကြမ်း ငှဲ့သောက်နေ သတဲ့။
အဲဒီအချိန် လမ်းပေါ်မှာ လူစိမ်း ဧည့်သည်တယောက် ဖြတ်လာတာ မြင်လို့ ရေနွေးကြမ်းသောက်ဖို့ လှမ်းဖိတ်လိုက် သတဲ့။
သူ့အရပ် ကိုယ့်ဒေသ မိုးလေဝသ အကြောင်း၊ စိုက်ရေးပျိုးရေး အကြောင်း အလ္လာပ သလ္လာပတွေ ပြောနေကြရင်း အိမ်ရှင်က ကြမ်းပြင်ကို နှင်တံ (နွားကန်) နဲ့ ဗြန်းကနဲ ရိုက်လိုက်တယ်။ ပြီးတော့ စကား ဆက်ပြောကြ ပြန်တယ်။
တအောင့်လောက်အကြာ ကြမ်းပြင်ကို ရိုက်လိုက်ပြန်ရော။ ဧည့်သည် လူစိမ်းလည်း အိမ်ရှင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့် အကြောင်းရင်းကို မေးကြည့်မိ သတဲ့။
"မေးစမ်းပါရစေဦး နောင်ကြီးရယ်။ စကားပြောနေရင်း နောင်ကြီးက ကြမ်းပြင်ကို ခဏခဏ တဗြန်းဗြန်း ရိုက်နေတာ ဘာသဘောလဲဗျ"
အိမ်ရှင်က "ဒီလိုဗျ။ ကျုပ်က အိမ်နောက်ဖေးမှာ နွားနဲ့ ဆီပွတ် နေတာလေ။ ခလောက်သံက တိတ်သွားတော့ ဒီနွားက ဆုံမလှည့်ပဲ ရပ်နေလို့ ကျုပ်က နှင်တံရိုက် အသံ ပေးနေရတာ။ ကိုင်း အခု ကျုပ်နွားရဲ့ ခလောက်သံကို မိတ်ဆွေ ကြားတယ် မဟုတ်လား၊ သူ ဆုံလှည့် နေပြီလေ"
လူစိမ်းက ဘဝင် မကျသလိုနဲ့ "ဒီလိုဖြင့် နောင်ကြီးရယ် ခင်ဗျားရဲ့ နွားက ဆုံကို ဆွဲချင်ဟန် ဆောင်ပြီး ခြေစုံ ရပ်နေရင်းက ခေါင်းကို လှုပ်ရမ်းပြီး ခလောက်သံ ပေးနေရင် ရောဗျာ" လို့ ပြောတဲ့အခါ အိမ်ရှင်က အခုလို ပြန်ပြောလိုက် ပါတယ်။
"ဒါကတော့ မိတ်ဆွေက လူဆိုတော့ လူလို တွေးတာကိုး ဗျ။ သူက နွားလေဗျာ နွားလိုပဲ တွေးတော့မှာပေါ့" တဲ့။
တိရစ္ဆာန်ဟာ တိရိစ္ဆာန် အတွေးပဲ တွေးတတ်ပြီး တိရိစ္ဆာန် အလုပ်ပဲ လုပ်တတ်ပါတယ်။ လူထုဦးလှ မြန်မာ့ရိုးရာ ပုံပြင်များမှ။ Crd
Zawgyi
နြားက နြားလိုပဲ ေတြးတယ္
တခါက လူတေယာက္ဟာ အိမ္အေနာက္ဘက္ ကြက္လပ္မွာ ႏြားတေကာင္နဲ႔ ဆီဆုံ လွည့္ေနရင္းက ခဏ ထားခဲ့ၿပီး အိမ္ေရွ႕မွာ ေရေႏြးၾကမ္း ငွဲ႔ေသာက္ေန သတဲ့။ အဲဒီအခ်ိန္ လမ္းေပၚမွာ လူစိမ္း ဧည့္သည္တေယာက္ ျဖတ္လာတာ ျမင္လို႔ ေရေႏြးၾကမ္းေသာက္ဖို႔ လွမ္းဖိတ္လိုက္ သတဲ့။
သူ႔အရပ္ ကိုယ့္ေဒသ မိုးေလဝသ အေၾကာင္း၊ စိုက္ေရးပ်ိဳးေရး အေၾကာင္း အလႅာပ သလႅာပေတြ ေျပာေနၾကရင္း အိမ္ရွင္က ၾကမ္းျပင္ကို ႏွင္တံ (ႏြားကန္) နဲ႔ ျဗန္းကနဲ ႐ိုက္လိုက္တယ္။ ၿပီးေတာ့ စကား ဆက္ေျပာၾက ျပန္တယ္။
တေအာင့္ေလာက္အၾကာ ၾကမ္းျပင္ကို ႐ိုက္လိုက္ျပန္ေရာ။ ဧည့္သည္ လူစိမ္းလည္း အိမ္ရွင္ရဲ႕ ထူးဆန္းတဲ့ အျပဳအမူေၾကာင့္ အေၾကာင္းရင္းကို ေမးၾကည့္မိ သတဲ့။ "ေမးစမ္းပါရေစဦး ေနာင္ႀကီးရယ္။ စကားေျပာေနရင္း ေနာင္ႀကီးက ၾကမ္းျပင္ကို ခဏခဏ တျဗန္းျဗန္း ႐ိုက္ေနတာ ဘာသေဘာလဲဗ်"
အိမ္ရွင္က "ဒီလိုဗ်။ က်ဳပ္က အိမ္ေနာက္ေဖးမွာ ႏြားနဲ႔ ဆီပြတ္ ေနတာေလ။ ခေလာက္သံက တိတ္သြားေတာ့ ဒီႏြားက ဆုံမလွည့္ပဲ ရပ္ေနလို႔ က်ဳပ္က ႏွင္တံ႐ိုက္ အသံ ေပးေနရတာ။ ကိုင္း အခု က်ဳပ္ႏြားရဲ႕ ခေလာက္သံကို မိတ္ေဆြ ၾကားတယ္ မဟုတ္လား၊ သူ ဆုံလွည့္ ေနၿပီေလ"
လူစိမ္းက ဘဝင္ မက်သလိုနဲ႔ "ဒီလိုျဖင့္ ေနာင္ႀကီးရယ္ ခင္ဗ်ားရဲ႕ ႏြားက ဆုံကို ဆြဲခ်င္ဟန္ ေဆာင္ၿပီး ေျခစုံ ရပ္ေနရင္းက ေခါင္းကို လႈပ္ရမ္းၿပီး ခေလာက္သံ ေပးေနရင္ ေရာဗ်ာ" လို႔ ေျပာတဲ့အခါ အိမ္ရွင္က အခုလို ျပန္ေျပာလိုက္ ပါတယ္။
"ဒါကေတာ့ မိတ္ေဆြက လူဆိုေတာ့ လူလို ေတြးတာကိုး ဗ်။ သူက ႏြားေလဗ်ာ ႏြားလိုပဲ ေတြးေတာ့မွာေပါ့" တဲ့။ တိရစာၦန္ဟာ တိရိစာၦန္ အေတြးပဲ ေတြးတတ္ၿပီး တိရိစာၦန္ အလုပ္ပဲ လုပ္တတ္ပါတယ္။ လူထုဦးလွ ျမန္မာ့႐ိုးရာ ပုံျပင္မ်ားမွ။ Crd
0 Comments