အဝတ်အစားတွေမှာ ပိုးကိုက်လို့ ပေါက်သွားတဲ့အခါ အရမ်းနှမြောစရာကောင်းပါတယ်။ အဝတ်အစားတွေကို ပေါက်စေတဲ့ ပိုးဖလံလေးတွေက ဆွယ်တာ၊ ပိုး၊ သိုးမွေးအဝတ်အစားတွေကို သဘောကျပါတယ်။
အဲဒါကြောင့် အိမ်မှာ အဝတ်အစားတွေကို ကိုက်တဲ့ပိုးတွေ မလာအောင်လို့ ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
အဝတ်အစားတွေကို ကိုက်တဲ့ပိုးကောင်လေးတွေရဲ့ခန္ဓာကိုယ်က ရွှေအိုရောင်ရှိပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ၇ မီလီမီတာ ရှည်လျားပါတယ်။ သဘာဝချည်မျှင်တွေနဲ့ ရက်လုပ်ထားတဲ့ အဝတ်အစားတွေကို သူတို့ရဲ့အစာအဖြစ် စားသုံးကြပါတယ်။ အဲဒီကနေ အဝတ်အစားတွေမှာ ပိုးပေါက်လေးတွေ ဖြစ်ပေါ်လာပါတယ်။
အဝတ်အစားတွေ ကိုက်တဲ့ပိုးကို ဘယ်လိုဖယ်ရှားမလဲ။
- လာဗင်ရဲ့ရနံ့ကို ပိုးကောင်လေးတွေက ကြောက်ပါတယ်။ လာဗင်ဒါပန်းခြောက်လေးတွေကို အိတ်ထဲမှာ ထည့်ပြီး ဗီရိုထဲမှာ ထည့်ထားလို့ရပါတယ်။ ဒါမှမဟုတ် လာဗင်ဒါရနံ့ဆီကို ပိတ်စလေးတစ်ခုမှ ဖျန်းပြီး အဲဒီပိတ်စလေးကို အဝတ်အစားတွေနားမှာ ထားလိုက်လို့လည်း ရပါတယ်။ လာဗင်ဒါရနံ့ဆီက အဝတ်အစားတွေကို ထိရင် အစွန်းတွေ ကျန်နေတတ်တာကြောင့် လာဗင်ဒါရနံ့ဆီနဲ့ အဝတ်အစားတွေတိုက်ရိုက် မထိတွေ့ဖို့ သတိပြုသင့်ပါတယ်။
- အဝတ်အစားကိုက်တဲ့ပိုးက လေးညှင်းပွင့်ကိုလည်း မကြိုက်ပါဘူး။ လေးညှင်းပွင့်ကို အိတ်လေးတစ်လုံးထဲမှာ ထည့်ပြီး အဝတ်အစားတွေနားမှာ ထားပေးပါ။
- သစ်ကတိုးခေါက်ကိုလည်း အဝတ်အစားကိုက်တဲ့ပိုးမွှားတွေက ကြောက်ကြပါတယ်။ ပလက်စတစ်အိတ်လေးထဲမှာ သစ်ကတိုးခေါက်လေးကို ထည့်ပြီး အဝတ်အစားတွေနားမှာ ထားပေးလို့ရပါတယ်။
- သစ်ကတိုးခေါက်နဲ့ ပြုလုပ်ထားတဲ့ အဝတ်ချိတ်တွေကလည်း ပိုးမွှားတွေ မလာစေဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။
- လေမှုတ်စက်နဲ့ ကော်ဇောတွေကို မှုတ်လိုက်ပါ။ အဲဒီအခါ ကော်ဇော်တွေမှာ အပေါက်ဖြစ်အောင် ကိုက်တတ်တဲ့ ပိုးမွှားတွေ ကင်းစင်သွားပါတယ်။
- နောက်တစ်နည်းကတော့ ပိုးပေါက်တွေ ခိုအောင်းနေတဲ့အဝတ်အစားတွေ၊ လိုက်ကာခန်းစီးတွေကို အပူချိန်နည်းနည်းနဲ့ အဝတ်လျှော်စက်ထဲမှာ လျှော်လိုက်ပါ။ အပူချိန်နည်းနည်းနဲ့ လျှော်တာက ပိုးကောင်တွေသာမက ပိုးဥတွေကိုပါ ကင်းဝေးသွားစေပါတယ်။ လျှော်ပြီးနောက်မှာ အခြောက်ခံပြီး အိတ်တစ်လုံးထဲမှာ ထည့်ထားပါ။ အဲဒီနောက် ရေခဲသေတ္တာထဲမှာ ၄၈ နာရီကြာအောင် ထပ်မံထည့်ထားပေးပါ။
အိမ်မှာ အဝတ်အစားကိုက်ပိုးတွေ မလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းများ
- ချွေးနံ့စွဲနေတဲ့အဝတ်အစားတွေကို အခြားအဝတ်အစားတွေနဲ့ ရောပြီး မထားသင့်ပါဘူး။
- သိုးမွှေးထည်အဝတ်အစားတွေကို သပ်သပ်ခွဲပြီးသိမ်းထားရင် ပိုးမွှားတွေ မကိုက်တော့ပါဘူး။ ဒါ့အပြင် သိုးမွှေးထည်တွေကို သိမ်းတဲ့အခါ သစ်ကတိုးခေါက်လေးကို ထည့်ပြီး သိမ်းလို့လည်း ရပါတယ်။
- အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း အပတ်စဉ်သန့်ရှင်းရေးလုပ်ပေးပါ။ သူတို့ရဲ့အမွေးတွေမှာလည်း ပိုးတွေ ဝင်နေတတ်ပါတယ်။
- အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့အမွေးကိုလည်း အဝတ်အစားကိုက်တဲ့ပိုးမွှားတွေက သဘောကျကြပါတယ်။
Zombie (lovemedia)
0 Comments