သင်ရွေးချယ်လိုက်တဲ့မိန်းကလေးကနေ သိနိုင်မယ့် သင့်ရဲ့ပင်ကိုစိတ်ရင်း

လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားကို သူ့ရဲ့အပြုအမူတွေကနေ အကဲခတ်နိုင်ပါတယ်။ ဥပမာအားဖြင့် ကြိုုက်နှစ်သက်တဲ့ရုပ်ရှင်အမျိုးအစား၊ အိတ်ကို ချိတ်တဲ့ပုံစံ စတဲ့အရာတွေက သင့်ရဲ့စိတ်ထားကို ပြောပြပေးနိုင်ပါတယ်။

ဒီတစ်ခါမှာတော့ ပုံထဲကနေ သင်ရွေးချယ်လိုက်တဲ့ မိန်းကလေးကနေ သင့်ရဲ့အကြောင်းကို မှန်းဆနိုင်ပါတယ်။

ပထမဆုံးမိန်းကလေးကို ဆွဲဆောင်မှုအရှိဆုံးလို့ ထင်တဲ့အခါ သင်က စိတ်အေးနားအေးရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူပါ။

အခက်အခဲမှန်သမျှကို မကြောက်ရွံဘဲ အခက်အခဲတွေကနေတစ်ဆင့် အတွေ့အကြုံရယူတတ်သူပါ။ စိတ်ရှည်တတ်သူဖြစ်ပြီးတော့ ဆုံးဖြတ်ချက်ချတဲ့အခါ ဘယ်တော့မှ မတွေဝေပါဘူး။

ဒုတိယမိန်းကလေးကို ဆွဲဆောင်မှုရှိတယ်လို့ ထင်တဲ့အခါ သင်က ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူပါ။ အခုချက်ချင်းတွေတဲ့သူနဲ့တောင် မိတ်ဆွေဖြစ်သွားလောက်တဲ့အထိ အပြောအဆိုပြေပြစ်ပြီး လိမ္မာပါးနပ်ပါတယ်။

ဒါပေမယ့် စိတ်ကတော့ အရမ်းအပြောင်းအလဲမြန်ပါတယ်။ စိတ်ထဲမှာ ဝမ်းနည်းနေရင်တောင် အမြဲတမ်းပြုံးနေတတ်သူပါပဲ။ အကောင်းမြင်စိတ်အမြဲမွေးပြီး စိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေအတွက် ခေါင်းရှပ်မခံတတ်ပါဘူး။

နံပါတ် ၃ မိန်းကလေးကို သင်က ပိုသဘောကျတဲ့အခါ သင်က အရမ်းကို ရှက်ကြောက်တတ်သူပါ။ သီးသန့်နေရတာကို ပိုကြိုက်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေး နေတတ်ပါတယ်။

အရမ်းကြင်နာတတ်တဲ့စိတ်ထားရှိပြီး စိတ်ခံစားလွယ်သူလည်း ဖြစ်ပါတယ်။ အခြားသူတွေအပေါ်မှာလည်း အမြဲတမ်း စာနာနားလည်ပေးတတ်သူပါ။

သင့်ရဲ့စိတ်ထဲမှာ နံပါတ် ၄ မိန်းကလေးကို ဆွဲဆောင်မှုအရှိဆုံးလို့ထင်တဲ့အခါ သင်က အရမ်းကို တည်ငြိမ်အေးဆေးသူပါ။ နှလုံးသားနဲ့ ဦးနှောက်ယှဉ်လာတဲ့အခါ ဦးနှောက်ကို ပိုပြီး ဦးစားပေးပါတယ်။

လူအများကတော့ သင့်ကို သွေးအေးပြီး ရက်စက်တတ်သူလို့ ထင်ကြပါတယ်။ တကယ်တော့ နူးညံ့တဲ့စိတ်ထားက သင့်မှာ အပြည့်ရှိပါတယ်။

နံပါတ် ၅ မိန်းကလေးက သင့်အတွက် ဆွဲဆောင်မှုအရှိဆုံးဖြစ်တဲ့အခါ သင်က ကိုယ့်အားကိုယ်ကိုးပြီး ဘယ်သူကိုမှ မမှီခိုလိုတဲ့သူပါ။ အောင်မြင်မှုဆိုတာ သင့်နဲ့ခဏခဏ ဆုံဆည်းရတဲ့အရာပါပဲ။ ခေါင်းမာတတ်သူဖြစ်ပြီးတော့ လူတွေက သင့်ကို လွယ်လွယ်ကူကူ စည်းရုံးလို့မရနိုင်ပါဘူး။

လူတစ်ယောက်ကို လွယ်လွယ်ကူကူ မခင်မင်တတ်ဘဲ သီးသန့်နေလေ့ရှိပါတယ်။ ခင်မင်တဲ့သူတွေအပေါ်မှာလည်း အမြဲတမ်း သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းပီသအောင် နေထိုင်လေ့ရှိပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments