တခါတုန်းက လူဆင်းရဲ တယောက်ဟာ တောထဲမှာ အလုပ် လုပ်ရင်း တန်ခိုးစွမ်းအင် ရှိသော ပုဂ္ဂိုလ် တဦးကို ကြည်ညိုစိတ်ကြောင့် လှူတန်းမှု ပြုလုပ်ခဲ့တယ်။
ထိုသို ပြုလုပ်မှုကြောင့် တန်ခိုးရှင်က လူဆင်းရဲအား "လိုအင် သုံးခုကို စိတ်ရည်စူး တာနဲ့ ပြည့်ဝစေ" လို့ ဆုပေးလိုက်တယ်။ လူဆင်းရဲလည်း ပျော်ပြီး အိမ် ပြန်ခဲ့တယ်။
တဖြည်းဖြည်းနဲ့ မှောင်ရီ ပျိုးလာတော့ ဗိုက်ကလည်း ဆာလာတာပေါ့။ ပထမဆုံး လူဆင်းရဲက တွေးလိုက်တယ်။ "အခုချိန် လမ်းမလျှောက်ရပဲ အိမ်ရောက်ရင် ကောင်းမှာပဲ" လို့ တွေးမိချိန်မှာ သူဟာ အိမ်ရှေ့ကို ရောက်သွားတယ်။
သူ့အိမ်ရှေ့ ရောက်တော့ ဒုတိယ အကြိမ် ထပ်တွေးတယ်။ "ငါသာ ကြီးကျယ် ခမ်းနားတဲ့ အိမ်တလုံး ပိုင်ဆိုင်ရရင် ကောင်းမှာ" လို့ တွေးမိလိုက်တာနဲ့ သူတဲလေးဟာ ကြီးမားတဲ့ အိမ်အဖြစ် ပြောင်းလဲသွားတယ်။
အိမ်ထဲ ရောက်တော့ ထမင်းဟင်းက အပြည့်နဲ့မို့ စားသုံးလိုက်တယ်။ ပူပြင်းတဲ့ ရာသီဥတုကြောင့် သူဟာ အေးမြမှုကို တောင်းတလာတယ်။ သူဆင်းရဲဟာ တတိယ အကြိမ် တွေးမိသွားတယ်။
"ငါ့ရဲ့ တဲလေးသာ ဆိုရင် လေလေး တဖြူးဖြူးနဲ့ နေလို့ ကောင်းမှာ" လို့ တွေးမိလိုက်တယ် ဆိုရင်ပဲ သူဟာ မူလ ဘဝကို ပြန်လည် ရောက်ရှိသွားတယ်။
သူဟာ စိတ်ရဲ့လိုအင်ကို အလိုလိုက်ရင်း တန်ဖိုးရှိလှတဲ့ အခွင့်အရေးကို ဆုံးရှုံးစေ လိုက်တယ်။ ဘယ်လောက် ကြီးမားတဲ့အခွင့်အရေးတွေ ကိုယ့်ဆီ ရောက်လာပါစေ အချိန်အခါနဲ့ အကျိုးရှိစွာ အသုံးမချတတ်ရင်
ရေပေါ် အရုပ် ရေးဆွဲသလို အရာမထင်ဘူး ဆိုတာ နားလည် ခံစားမိပါစေ။ အချိန်သည် နောက်ပြန်လှည့် မရသလို အခွင့်အရေး သည်လည်း နှစ်ခါ ပြန်လာခဲသည်။ phoomyatchal
Zawgyi
အခြင့္အေရးနွင့္ စိတ္အလိုလိုက္မႈ
တခါတုန္းက လူဆင္းရဲ တေယာက္ဟာ ေတာထဲမွာ အလုပ္ လုပ္ရင္း တန္ခိုးစြမ္းအင္ ရွိေသာ ပုဂၢိဳလ္ တဦးကို ၾကည္ညိဳစိတ္ေၾကာင့္ လႉတန္းမႈ ျပဳလုပ္ခဲ့တယ္။
ထိုသို ျပဳလုပ္မႈေၾကာင့္ တန္ခိုးရွင္က လူဆင္းရဲအား "လိုအင္ သုံးခုကို စိတ္ရည္စူး တာနဲ႔ ျပည့္ဝေစ" လို႔ ဆုေပးလိုက္တယ္။ လူဆင္းရဲလည္း ေပ်ာ္ၿပီး အိမ္ ျပန္ခဲ့တယ္။
တျဖည္းျဖည္းနဲ႔ ေမွာင္ရီ ပ်ိဳးလာေတာ့ ဗိုက္ကလည္း ဆာလာတာေပါ့။ ပထမဆုံး လူဆင္းရဲက ေတြးလိုက္တယ္။ "အခုခ်ိန္ လမ္းမေလွ်ာက္ရပဲ အိမ္ေရာက္ရင္ ေကာင္းမွာပဲ" လို႔ ေတြးမိခ်ိန္မွာ သူဟာ အိမ္ေရွ႕ကို ေရာက္သြားတယ္။
သူ႔အိမ္ေရွ႕ ေရာက္ေတာ့ ဒုတိယ အႀကိမ္ ထပ္ေတြးတယ္။ "ငါသာ ႀကီးက်ယ္ ခမ္းနားတဲ့ အိမ္တလုံး ပိုင္ဆိုင္ရရင္ ေကာင္းမွာ" လို႔ ေတြးမိလိုက္တာနဲ႔ သူတဲေလးဟာ ႀကီးမားတဲ့ အိမ္အျဖစ္ ေျပာင္းလဲသြားတယ္။
အိမ္ထဲ ေရာက္ေတာ့ ထမင္းဟင္းက အျပည့္နဲ႔မို႔ စားသုံးလိုက္တယ္။ ပူျပင္းတဲ့ ရာသီဥတုေၾကာင့္ သူဟာ ေအးျမမႈကို ေတာင္းတလာတယ္။ သူဆင္းရဲဟာ တတိယ အႀကိမ္ ေတြးမိသြားတယ္။ "ငါ့ရဲ႕ တဲေလးသာ ဆိုရင္ ေလေလး တျဖဴးျဖဴးနဲ႔ ေနလို႔ ေကာင္းမွာ" လို႔ ေတြးမိလိုက္တယ္ ဆိုရင္ပဲ သူဟာ မူလ ဘဝကို ျပန္လည္ ေရာက္ရွိသြားတယ္။
သူဟာ စိတ္ရဲ႕လိုအင္ကို အလိုလိုက္ရင္း တန္ဖိုးရွိလွတဲ့ အခြင့္အေရးကို ဆုံးရႈံးေစ လိုက္တယ္။ ဘယ္ေလာက္ ႀကီးမားတဲ့အခြင့္အေရးေတြ ကိုယ့္ဆီ ေရာက္လာပါေစ အခ်ိန္အခါနဲ႔ အက်ိဳးရွိစြာ အသုံးမခ်တတ္ရင္ ေရေပၚ အ႐ုပ္ ေရးဆြဲသလို အရာမထင္ဘူး ဆိုတာ နားလည္ ခံစားမိပါေစ။ အခ်ိန္သည္ ေနာက္ျပန္လွည့္ မရသလို အခြင့္အေရး သည္လည္း ႏွစ္ခါ ျပန္လာခဲသည္။ phoomyatchal
0 Comments