တခါတုန်းက အပျံသင်နေရင်း ဇင်ယော်ငှက်လေးက ဇင်ယော်အိုကြီးကို မေးတယ်။ "အဖိုးခင်ဗျာ လောကမှာ ကိုယ်က ချစ်ဖို့ လိုသလား၊ ကိုယ်ကို ချစ်ဖို့ လိုသလား" တဲ့။ သူချစ်ကို ရှာရမလား ကိုယ်ချစ်ကို ရှာရ မလား ဆိုတဲ့ သဘောပေါ့။
ဇင်ယော်အိုကြီးက ပြုံးပြီး ပြန်မေးသတဲ့။ "ငါတို့ရဲ ခန္ဓာကိုယ်ရဲ့ အတောင်နှစ်ဘက်မှာ ညာဘက် အတောင်က ပိုအရေးကြီးသလား၊ ဘယ်ဘက် အတောင်ပံက ပိုအရေးကြီး သလား" တဲ့။
ဇင်ယော်လေးလည်း ဘာပြန်ဖြေရမှန်း မသိဘူး ဖြစ်သွားတယ်။ တကယ်တော့ ငှက်တကောင် အတွက် အတောင်ပံ နှစ်ဖက် စလုံးက အရေးကြီးတာ ပဲလေ။
ဇင်ယော်အိုကြီးက အတောင်နှစ်ဖက်ကို ဖြန့်လိုက်ပြီး "ပျံသန်းမယ့် ငှက်တကောင် အတွက် အတောင်ပံ နှစ်ဘက်စလုံးကို အားပြုမှ လိုရာ ခရီးရောက် သလို၊
ရှင်သန် နေထိုင်မဲ့ သူတွေအတွက် ချစ်ခြင်းမေတ္တာတရား ဆိုတာလည်း သူက ချစ်ဖို့ လိုသလို ကိုယ်ကလည်း ချစ်ဖို့လည်း လိုတယ်" လို့ ပြောရင်း အမြင့်ကို တဟုန်ထိုး ပျံတတ်သွား ပါတော့တယ်။ Crd
Zawgyi
နွစ္ခုစလံုး လိုအပ္ပါတယ္
တခါတုန္းက အပ်ံသင္ေနရင္း ဇင္ေယာ္ငွက္ေလးက ဇင္ေယာ္အိုႀကီးကို ေမးတယ္။ "အဖိုးခင္ဗ်ာ ေလာကမွာ ကိုယ္က ခ်စ္ဖို႔ လိုသလား၊ ကိုယ္ကို ခ်စ္ဖို႔ လိုသလား" တဲ့။ သူခ်စ္ကို ရွာရမလား ကိုယ္ခ်စ္ကို ရွာရ မလား ဆိုတဲ့ သေဘာေပါ့။
ဇင္ေယာ္အိုႀကီးက ၿပဳံးၿပီး ျပန္ေမးသတဲ့။ "ငါတို႔ရဲ ခႏၶာကိုယ္ရဲ႕ အေတာင္ႏွစ္ဘက္မွာ ညာဘက္ အေတာင္က ပိုအေရးႀကီးသလား၊ ဘယ္ဘက္ အေတာင္ပံက ပိုအေရးႀကီး သလား" တဲ့။
ဇင္ေယာ္ေလးလည္း ဘာျပန္ေျဖရမွန္း မသိဘူး ျဖစ္သြားတယ္။ တကယ္ေတာ့ ငွက္တေကာင္ အတြက္ အေတာင္ပံ ႏွစ္ဖက္ စလုံးက အေရးႀကီးတာ ပဲေလ။
ဇင္ေယာ္အိုႀကီးက အေတာင္ႏွစ္ဖက္ကို ျဖန႔္လိုက္ၿပီး "ပ်ံသန္းမယ့္ ငွက္တေကာင္ အတြက္ အေတာင္ပံ ႏွစ္ဘက္စလုံးကို အားျပဳမွ လိုရာ ခရီးေရာက္ သလို၊
ရွင္သန္ ေနထိုင္မဲ့ သူေတြအတြက္ ခ်စ္ျခင္းေမတၱာတရား ဆိုတာလည္း သူက ခ်စ္ဖို႔ လိုသလို ကိုယ္ကလည္း ခ်စ္ဖို႔လည္း လိုတယ္" လို႔ ေျပာရင္း အျမင့္ကို တဟုန္ထိုး ပ်ံတတ္သြား ပါေတာ့တယ္။ Crd
0 Comments