ကလေးရဲ့ဘဝမှာ အဒေါ်ရှိခြင်းရဲ့အားသာချက်များ

သင့်မှာ အဒေါ်တစ်ယောက်ရှိတယ်ဆိုရင် အဒေါ်တွေက ဘယ်လောက်ချစ်စရာကောင်းကြောင်းကို သိနိုင်ပါတယ်။ အဒေါ်တွေက တစ်ခါတရံမှာ အမေလိုလည်း နွေးထွေးသလို သူငယ်ချင်းလိုလည်း အားပေးတတ်ပါသေးတယ်။

ကလေးတွေရဲ့ဘဝမှာ အဒေါ်တွေက အရေးပါတဲ့နေရာကနေ ရှိနေပါတယ်။ အဒေါ်တွေက သင့်ကို မမွေးခင်ကတည်းက ချစ်နေသူတွေပါပဲ။

မွေးလာတဲ့အခါမှာလည်း အမြဲတမ်းထိန်းပေးတာကြောင့် သင့်ရဲ့အကြောင်းတွေကို အမေနဲ့မခြားဘဲ သိရှိပါတယ်။ ကျန်တဲ့မိသားစုဝင်တွေက ကလေးတွေကို စောင့်ရှောက်ပေမယ့် ကလေးတွေက အဒေါ်တွေနဲ့ ပိုရင်းနှီးပါတယ်။

အဒေါ်တွေက အပြင်က ပြန်လာရင် အရင်ဆုံးတွေ့ချင်တာကတော့ တူလေးတွေ၊ တူမလေးတွေကိုပါပဲ။ အဒေါ်တွေက တူလေးတွေ၊ တူမလေးတွေအပေါ်မှာလည်း သူငယ်ချင်းလုပ်ပေးပါသေးတယ်။ မိဘတွေကို မပြောရဲတဲ့စကားတွေကို အဒေါ်တွေက စိတ်ရှည်လက်ရှည်နားထောင်ပေးသူပါ။

အဒေါ်တွေက ဘဝမှာ အတွေ့အကြုံတွေ များခဲ့တာကြောင့် အကြံကောင်းတွေကိုလည်း ပေးနိုင်ပါတယ်။ အဒေါ်တွေက ကလေးတွေရဲ့ခံစားချက်ကို ကြင်ကြင်နာနာနားထောင်ပေးနိုင်သူတွေပါ။

တူလေးတွေ၊ တူမလေးတွေအတွက် အဒေါ်တွေက စိတ်ရောကိုယ်ပါ ကူညီတတ်ကြပါတယ်။ နွေးထွေးတတ်တဲ့အဒေါ်တွေကြောင့် ကလေးတွေက မိသားစုရဲ့အနှစ်သာရကို ပိုပြီးသိလာကြပါတယ်။


အဒေါ်တွေက မိဘနဲ့ ကလေးအကြားမှာ အဆင်မပြေရင်လည်း ကြားဝင်စေ့စပ်ပေးသူတွေပါ။ မိသားစုသံယောဇဉ်တွေကို ပိုတိုးလာစေဖို့ အဒေါ်တွေက ပြုလုပ်ပေးနိုင်ပါတယ်။

အဒေါ်တွေက ကလေးရဲ့မိဘအကြောင်းကိုလည်း ကောင်းကောင်းသိသလို ကလေးအကြောင်းကိုလည်း ကောင်းကောင်းသိပါတယ်။ အဲဒါကြောင့် ကလေးတွေကို နားလည်မှုအများကြီးပေးနိုင်သူတွေက အဒေါ်တွေပါပဲ။


အဒေါ်ငယ်ငယ်ကအတွေ့အကြုံတွေ၊ မိဘတွေငယ်ငယ်က အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး ကလေးတွေကို လမ်းမှန်ရောက်အောင် ပို့ပေးနိုင်သူတွေကလည်း အဒေါ်တွေပါပဲ။

အခြားသောမောင်နှမတွေ၊ သူငယ်ချင်းတွေ မပေးနိုင်တဲ့ နားလည်မှုကို အဒေါ်တွေက အပြည့်ပေးနိုင်ပါတယ်။ မိဘတွေက ကလေးတွေကို အချိန်မပေးနိုင်တဲ့အခါမှာ အဒေါ်တွေက တူ၊ တူမတွေကို အမေရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ပေးသူပါ။

အချို့မိဘတွေက ကလေးတွေကို ရက်စက်သွားခဲ့ရင်တောင် အဒေါ်တွေက ကလေးတွေအပေါ်မှာ သနားကရုဏာတွေ အမြဲထားနေသူပါပဲ။

အဒေါ်တွေက ကလေးတွေရဲ့ဘဝမှာ အများကြီးလွှမ်းမိုးမှုရှိပါတယ်။ အဲဒါကြောင့် အဒေါ်တွေကို တူတွေ၊ တူမတွေက အပြန်အလှန် ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှု၊ နူးညံ့မှုတွေ ပေးဖို့ အရေးကြီးပါတယ်။

အချို့အဒေါ်တွေမှာ ကလေးမရှိတဲ့အခါ တူ၊ တူမတွေကို သားသမီးလိုပဲ သဘောထားခဲ့တာကြောင့် အသက်ကြီးတဲ့အခါ ပြန်လည်စောင့်ရှောက်ပေးဖို့လည်း လိုအပ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments