လူတွေရဲ့အနားမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စပ်တွေက အမြဲတမ်းရှိနေပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ကိုယ်ခံအားစနစ်ရှိတာကြောင့် ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်မလာအောင် ကာကွယ်ပေးပါတယ်။
ခန္ဓာကိုယ်မှာ ကိုယ်ခံအားနည်းလာတဲ့အခါမှာတော့ ဘက်တီးရီးယားတွေ ဝင်လာပါတယ်။ အဲဒါကြောင့် ရောဂါတွေ အလွယ်တကူဝင်မလာစေဖို့ ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကြက်သွန်ဖြူနဲ့ ပျားရည်
ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အင်တီအောက်ဆီးဒင့်နဲ့ အင်ဇိုင်းတွေ ခပ်များများပါဝင်ပါတယ်။ ကြက်သွန်ဖြူကတော့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ဖျက်နိုင်တဲ့အစွမ်းတွေရှိပါတယ်။ ပျားရည်တစ်ခွက်နဲ့ ကြက်သွန်ဖြူ ၁၀ မြွှာကို ဖန်ဘူးတစ်ခုထဲမှာ ရောထည့်ထားပါ။
အခန်းအပူချိန်မှာ ၃ ရက်ကနေ ၅ ရက်အထိ ထားပြီးနောက် ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါပြီ။ ပျားရည်နဲ့ ကြက်သွန်ဖြူစိမ်ထားတာကို တစ်နေ့တစ်ဇွန်းစားပေးရုံနဲ့ ကိုယ်ခံအားတွေ ကောင်းလာစေမှာပါ။
၂။ နနွင်းနဲ့ ဂျင်းလက်ဖက်ရည်
နနွင်းက ဘက်တီးရီးယားတွေ တိုက်ဖျက်ပေးပြီး အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးပါတယ်။ ဂျင်းကလည်း ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ထဲကို ဝင်မလာအောင် ကာကွယ်ပေးတဲ့အပြင် ကိုယ်ခံအားကို ကောင်းစေပါတယ်။
ရေနွေး ၃ ခွက်၊ နနွင်းနှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဂျင်းအနည်းငယ်တို့ကို ရောပြီး ဆူပွက်ကအောင် တည်ပါ။ အအေးခံပြီးနောက်မှာတော့ ပျားရည် သို့မဟုတ် သံပုရာသီးညှစ်ထည့်ပြီး သောက်လို့ရပါပြီ။
၃။ သံပုရာရည်
သံပုရာသီးမှာ ဗီတာမင်စီပါဝင်တာဖြစ်လို့ ကိုယ်ခံအားကောင်းစေပါတယ်။ ရေနွေးတစ်ခွက်ထဲကို သံပုရာသီးတစ်လုံးညှစ်ပြီး သောက်ပါ။ အစာအိမ်ရောဂါရှိသူတွေနဲ့ သွေးပေါင်ကျတတ်သူတွေကတော့ မသောက်သင့်ပါဘူး။
၄။ ဂျင်း၊ သံပုရာသီး၊ ငရုတ်သီးတို့ကို ရောထားတဲ့ရေနွေး
ငရုတ်သီးမှာလည်း ဗီတာမင်စီပါဝင်ပါတယ်။ ငရုတ်သီးက စပ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်လာစေပြီး ကိုယ်ခံအားကို ကောင်းလာစေပါတယ်။
ခြစ်ထားတဲ့ဂျင်းအနည်းငယ်၊ သံပုရာသီးတစ်ခြမ်း၊ ငရုတ်သီးမှုန့်လက်ဖက်ရည်ဇွန်းရဲ့လေးပုံတစ်ပုံ၊ ရေနွေးတို့ကို ရောမွှေပြီးသောက်ပါ။ ပျားရည်အနည်းငယ်ကိုလည်း ထည့်ပြီး သောက်လို့ရပါတယ်။
၅။ ဆေးပြောင်းပန်း၊ ပျားရည်၊ ဂျင်း၊ နွယ်ချို
ဆေးပြောင်းပန်းပင်က တစ်ပင်လုံးဆေးဖက်ဝင်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားစေဖို့ ဆေးပြောင်းပန်းက အရမ်းကို အသုံးတည့်ပါတယ်။ နွယ်ချိုကတော့ ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပြီး ဘက်တီးရီးယားတွေ ခန္ဓာကိုယ်ကို ဝင်မလာအောင် ကာကွယ်ပေးပါတယ်။
နွယ်ချိုကို အမြဲတမ်းမစားသင့်ဘဲ ၄ ပတ်တစ်ခါ သို့မဟုတ် ၆ ပတ်တစ်ခါပဲ စားသုံးသင့်ပါတယ်။ ရေ ၄ ခွက်၊ ပါးပါးလှီးထားတဲ့နွယ်ချိုမြစ်ခွက်ရဲ့တစ်ဝက်၊ ပါးပါးလှီးတားတဲ့ဆေးပြောင်းပန်း ခွက်ရဲ့တစ်ဝက်၊ ဂျင်းအနည်းငယ်တို့ကို ရောပြီးတော့ ကျိုပေးပါ။ အအေးခံပြီးနောက်မှာတော့ ပျားရည်အနည်းငယ်ထည့်ပြီး သောက်လို့ရပါပြီ။
၆။ မှို
မှိုကို တရုတ်တိုင်းရင်းဆေးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ မှိုက ကိုယ်ခံအားကောင်းစေပါတယ်။ Shiitake, maitake, cordyceps, tremella တို့လို မှိုတွေက ကိုယ်ခံအားကို သိသိသာသာတက်လာစေပါတယ်။
၇။ အစိမ်းရောင်ဖျော်ရည်
အစိမ်းရောင်ဖျော်ရည်မှာတော့ ဗီတာမင်တွေနဲ့ ကိုယ်ခံအားကောင်းစေတဲ့အရာတွေ အများကြီးပါဝင်ပါတယ်။ ဟင်းနုနွယ်နှစ်ခွက်၊ လိမ္မော်သီးနှစ်လုံး၊ တရုတ်နံနံကြီးနှစ်ချောင်း၊ ခြစ်ထားတဲ့ဂျင်းအနည်းငယ်တို့ကို ကြိတ်စက်ထဲမှာ ရောကြိတ်ပြီး သောက်ပေးပါ။
၈။ ဆေးပြောင်းပန်းနဲ့ ဗော့ဒ်ကာအရက်
ဖန်ဘူးတစ်လုံးထဲမှာ ဆေးပြောင်းပန်းတွေ ဘူးတစ်ဝက်ခန့် ထည့်လိုက်ပါ။ အဲဒီနောက် ဗော့ဒ်ကာအရက်ကို ဘူးပြည့်လုနီးပါးလောင်းထည့်လိုက်ပါ။ အခန်းအပူချိန်မှာ ၄ ပတ်ကနေ ၆ ပတ်ခန့်ထားပြီး နေ့တိုင်း ဘူးကို လှုပ်ခါပေးပါ။
၄ ပတ် သို့မဟုတ် ၆ ပတ်ခန့် ကြာပြီးနောက်မှာတော့ သောက်လို့ရပါပြီ။ အအေးမိတဲ့လက္ခဏာတွေပြလာပြီဆိုရင် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့် သောက်လို့ရပါတယ်။
၉။ ဆေးခါးကြီးပင်
ဆေးခါးကြီးပင်က ဆေးဖက်ဝင်တဲ့ သဘာဝလက်ဆောင်ပါ။ အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ တိုင်းရင်းဆေးအဖြစ် ရာစုနစ်ပေါင်းများစွာအသုံးပြုခဲ့ကြပါတယ်။
ခန္ဓာကိုယ်ထဲကို ဝင်လာမယ့် ဘက်တီးရီးယားတွေကို သိသိသာသာ ကာကွယ်ပေးပါတယ်။ ဆေးခါးကြီးကို ဆေးလုံး၊ ဆေးပြားပုံစံတွေနဲ့ ထုတ်လုပ်ကြပါတယ်။
Bonus
နှာခေါင်းနှိုက်တာကလည်း ကျန်းမာရေးကို ကောင်းစေတဲ့အကြောင်းကို ကနေဒါနိုင်ငံက ပါမောက္ခတစ်ယောက်က ရှာဖွေတွေ့ခဲ့ပါတယ်။ နှာခေါင်းထဲကနေ ဝင်သွားမယ့် ဘက်တီးရီးယားတွေကို အနည်းငယ်ဖယ်ရှားသလို ဖြစ်တာကြောင့် အအေးမိတာတွေ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
Zombie (lovemedia)
0 Comments