ကြီးလာရင် သေတတ်တယ်

တရက် မှာပေါ့။ ကိုရင်းလေး တပါးကို ကိုရင်ကြီး တပါးက စလိုက်လို့ ကိုရင်လေးက ငိုပြီး ကျောင်းထိုင်ဆရာတော်ကို သွားတိုင်တယ်။ ဆရာတော်က ကိုရင်လေးကို နှစ်သိမ့် ပေးပါတယ်။

"ကိုရင်လေး မငိုနဲ့။ အဲ့ဒီ ကိုရင်ကြီးက အသက်ကြီးရင် သေမှာ၊ ဘာမှ သွားလုပ်စရာ မလိုဘူး တိတ်တိတ်" လို့ ပြောလိုက်တော့ ကိုရင်လေးက ကျေနပ်သွား သတဲ့။

အသက်ကြီးရင် သေရတယ် ဆိုတဲ့ သဘာဝတရားကို နားမလည်သေးတော့ ကိုရင်လေးက ကျေနပ်သွားတာပေါ့။ ဆိုင်မဆိုင်တော့ မသိဘူး။ ကြီးရင် သေတတ်တယ် ဆိုတဲ့ သဘောတရားနဲ့ ဆက်စပ်ပြီး တွေးမိသေးတယ်။

လူတွေမှာ တခုခု ကြီးလာရင် တခုခုက သေတတ်တယ် ဆိုတာကိုပါ။ ဥပမာ စိုးရိမ်စိတ်တွေ ကြီးလာရင် ပျော်ရွှင်မှုတွေ သေဆုံးတတ်တယ်။ သံသယတွေ ကြီးလာရင် ယုံကြည်မှုတွေ သေဆုံးတတ်တယ်။

ပြိုင်ဆိုင်မှုတွေ ကြီးလာရင် ငြိမ်းချမ်းမှုတွေ သေဆုံးတတ်တယ်။ မညီမျှမှုတွေ ကြီးလာရင် လေးစားမှုတွေ သေဆုံးတတ်တယ်။

အတ္တစိတ်တွေ ကြီးလာရင် ရိုသားခြင်းတွေ သေဆုံးတတ်တယ်။ အပျင်းတွေ ကြီးလာရင် အခွင့်လမ်းတွေ သေဆုံးတတ်တယ်။ ငပြည့်

Zawgyi

ႀကီးလာရင္ ေသတတ္တယ္

တရက္ မွာေပါ့။ ကိုရင္းေလး တပါးကို ကိုရင္ႀကီး တပါးက စလိုက္လို႔ ကိုရင္ေလးက ငိုၿပီး ေက်ာင္းထိုင္ဆရာေတာ္ကို သြားတိုင္တယ္။ ဆရာေတာ္က ကိုရင္ေလးကို ႏွစ္သိမ့္ ေပးပါတယ္။

"ကိုရင္ေလး မငိုနဲ႔။ အဲ့ဒီ ကိုရင္ႀကီးက အသက္ႀကီးရင္ ေသမွာ၊ ဘာမွ သြားလုပ္စရာ မလိုဘူး တိတ္တိတ္" လို႔ ေျပာလိုက္ေတာ့ ကိုရင္ေလးက ေက်နပ္သြား သတဲ့။

အသက္ႀကီးရင္ ေသရတယ္ ဆိုတဲ့ သဘာဝတရားကို နားမလည္ေသးေတာ့ ကိုရင္ေလးက ေက်နပ္သြားတာေပါ့။ ဆိုင္မဆိုင္ေတာ့ မသိဘူး။ ႀကီးရင္ ေသတတ္တယ္ ဆိုတဲ့ သေဘာတရားနဲ႔ ဆက္စပ္ၿပီး ေတြးမိေသးတယ္။

လူေတြမွာ တခုခု ႀကီးလာရင္ တခုခုက ေသတတ္တယ္ ဆိုတာကိုပါ။ ဥပမာ စိုးရိမ္စိတ္ေတြ ႀကီးလာရင္ ေပ်ာ္႐ႊင္မႈေတြ ေသဆုံးတတ္တယ္။ သံသယေတြ ႀကီးလာရင္ ယုံၾကည္မႈေတြ ေသဆုံးတတ္တယ္။

ၿပိဳင္ဆိုင္မႈေတြ ႀကီးလာရင္ ၿငိမ္းခ်မ္းမႈေတြ ေသဆုံးတတ္တယ္။ မညီမွ်မႈေတြ ႀကီးလာရင္ ေလးစားမႈေတြ ေသဆုံးတတ္တယ္။ အတၱစိတ္ေတြ ႀကီးလာရင္ ႐ိုသားျခင္းေတြ ေသဆုံးတတ္တယ္။ အပ်င္းေတြ ႀကီးလာရင္ အခြင့္လမ္းေတြ ေသဆုံးတတ္တယ္။ ငျပည့္

Post a Comment

0 Comments