တခါတုန်းကပေါ့။ မြို့တမြို့မှာ သူတောင်းစား တယောက် ရှိတယ်။ ဆင်းဆင်းရဲရဲ တောင်းစား နေရတာကို မကြည့်ရက်လို့ သိကြားမင်းက လူ့ပြည် ဆင်းလာပြီး ပြောတယ်။
"အသင် လူသား၊ ငါ သင့်ကို ကူညီမယ်။ ဒါပေမဲ့ သင်ဘယ်လိုလုပ်မလဲ ဆိုတာ ကိုတော့ အမှန်အတိုင်း ပြောပါ" သူတောင်းစားက "ကောင်းပါပြီ" လို့ ပြန်ပြောတယ်။
သိကြားမင်းက "သင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင် ဘာလုပ်မလဲ" ဆိုတော့ သူတောင်းစားက စဉ်းစားပြီး "ဖုန်းဝယ်မယ် " တဲ့။
သိကြားမင်းက "ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲ" ဆိုတော့ သူတောင်းစားက "သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘယ်နေရာမှာ တောင်းကောင်းလဲ မေးပြီး အဲဒီနေရာကို သွားတောင်းမယ်" တဲ့။
သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝ မပြောင်းနိုင်ဘူး ဆိုပြီး "ဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲ" ဆိုတော့ သူတောင်းစားက တချက် ထပ်တွေးလိုက်တယ်။
ပြီးတော့ "ဆိုင်ကယ်တစီး ဝယ်ပြီး တောင်းလို့ ကောင်းတဲ့နေရာ တွေကို မြန်မြန် သွားတောင်းလိုက်မှာပေါ့" လို့ ပြောတယ်။
သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး "သိန်းတရာ ပေးမယ်ကွာ၊ ဘာလုပ်မလဲ" မေးတော့ သူတောင်းစားက "ကားဝယ်ပြီး တမြို့လုံး လိုက်တောင်းမယ်" တဲ့။
သိကြားမင်းက "မဖြစ်ပါဘူး။ နောက်ဆုံးအနေနဲ့ သိန်းငါးရာ ပေးမယ်။ ဘာလုပ်မလဲ" ဆိုတော့ သူတောင်းစားက ပျော်ပြီး "ဟာ တမြို့လုံးမှာရှိတဲ့ သူတောင်းစား တွေကို ပိုက်ဆံပေး နှင်ထုတ်ပြီး တမြို့လုံးကို သူတယောက်တည်း တောင်းစားမှာပေါ့" တဲ့။
အတွေးအခေါ် မရှိတဲ့သူကို ဘာပေးပေး ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အခွင့်အရေး ဘယ်လောက်ရရ အတွေးအခေါ် မပြောင်းနိုင်သ၍ ကောင်းမွန်တဲ့ ရလဒ် ဆိုတာ မဖြစ်ပေါ်လာ ပါဘူး။
ဒီသူတောင်းစားလေးကို ကြည့်ရအောင်ပါ။ သူ့မှာ သူ့လုပ်ငန်းချဲ့ထွင် ကြီးထွားဖို့ (Skill set) ဆိုတဲ့ ကျွမ်းကျင်မှု အပြည့် ရှိပါတယ်။
ဒါပေမယ့် ချမ်းသာဖို့ အခွင့်အရေး ရနေတာတောင် တောင်းစားနေတဲ့ (Mind Set) ကို မပြောင်းလဲ နိုင်တာက သူ့ဘဝရဲ့ အဖြေ ဖြစ်သွားပါတယ်။
မတူညီတဲ့ ကောင်းမွန်တဲ့ ဘဝရဲ့ ရလဒ်ကို လိုချင်သူအတွက် မတူညီတဲ့ လုပ်ဆောင်ချက် တွေကို ပြုလုပ်မယ် ဆိုရင်တော့ သေချာပါတယ် သူများနဲ့ မတူတဲ့ အကောင်းဆုံး ဆိုတဲ့ ရလဒ်တွေကို တောင့်တလိုက်ရုံနဲ့ ရမယ့် ဘဝမျိုးကို ပိုင်ဆိုင်လာမှာပါ။ phoomyatchal
1 Comments
so good
ReplyDelete