ဘဝင်မြင့်နေသောသူ

တရံရောအခါ ဆိတ်ငယ်လေး တကောင်ဟာ အိမ်ခေါင်းမိုး ပေါ်ရှိ ပေါက်ရောက်နေသော မြက်ပင်နှင့် အခြား အပင်များကို တက်၍ စားနေ၏။

ဆိတ်ကလေးဟာ အောက်ဘက် မြေပြင်ပေါ်က ဝံပုလွေ တကောင်ကို လှမ်းမြင်လိုက် လေသည်။ ထိုအခါမှာ ဆိတ်ကလေးဟာ ဝံပုလွေကို ရိုင်းရိုင်း ပျပျ ပြောဆို စော်ကာပြီး လှောင်ပြောင် သရော်လိုက် လေသည်။

ထို့အခါ ဝံပုလွေကဟာ "စိတ်ကြီးဝင်ပြီး ဘဝင် မြင့်နေတဲ့ ကောင်လေး။ မင်းက ငါ့ကို စော်ကားနိုင်တယ် လို့ မထင်လိုက် လေနဲ့။

မင်းပြောတဲ့ ဆဲရေး စော်ကားမှုတွေဟာ မင်းဆီက လာနေတာ မဟုတ်ဘူး။ မင်းရပ်နေတဲ့ နေရာပေါ် ကသာ လာတယ် လို့ပဲ ငါထင်တယ်" ဟု ပြန်ပြောလိုက် လေ၏။

ကျနော်တို့ လူ့လောကကြီး မှာလည်း လူတချို့ဟာ အောင်မြင်ကြီးပွား လာတဲ့အခါ ဆိတ်ကလေးလိုပဲ စိတ်ကြီးဝင်ပြီး ဘဝင် မြင့်လာတတ် ကြပါတယ်။ Crd

Zawgyi

ဘဝင္ျမင့္ေနေသာသူ

တရံေရာအခါ ဆိတ္ငယ္ေလး တေကာင္ဟာ အိမ္ေခါင္းမိုး ေပၚရွိ ေပါက္ေရာက္ေနေသာ ျမက္ပင္ႏွင့္ အျခား အပင္မ်ားကို တက္၍ စားေန၏။

ဆိတ္ကေလးဟာ ေအာက္ဘက္ ေျမျပင္ေပၚက ဝံပုေလြ တေကာင္ကို လွမ္းျမင္လိုက္ ေလသည္။ ထိုအခါမွာ ဆိတ္ကေလးဟာ ဝံပုေလြကို ႐ိုင္း႐ိုင္း ပ်ပ် ေျပာဆို ေစာ္ကာၿပီး ေလွာင္ေျပာင္ သေရာ္လိုက္ ေလသည္။

ထို႔အခါ ဝံပုေလြကဟာ "စိတ္ႀကီးဝင္ၿပီး ဘဝင္ ျမင့္ေနတဲ့ ေကာင္ေလး။ မင္းက ငါ့ကို ေစာ္ကားႏိုင္တယ္ လို႔ မထင္လိုက္ ေလနဲ႔။

မင္းေျပာတဲ့ ဆဲေရး ေစာ္ကားမႈေတြဟာ မင္းဆီက လာေနတာ မဟုတ္ဘူး။ မင္းရပ္ေနတဲ့ ေနရာေပၚ ကသာ လာတယ္ လို႔ပဲ ငါထင္တယ္" ဟု ျပန္ေျပာလိုက္ ေလ၏။

က်ေနာ္တို႔ လူ႔ေလာကႀကီး မွာလည္း လူတခ်ိဳ႕ဟာ ေအာင္ျမင္ႀကီးပြား လာတဲ့အခါ ဆိတ္ကေလးလိုပဲ စိတ္ႀကီးဝင္ၿပီး ဘဝင္ ျမင့္လာတတ္ ၾကပါတယ္။ Crd

Post a Comment

0 Comments