တနေ့ အဖိုးအို တယောက်ဟာ ပန်းခြံထဲမှာ အေးအေးလူလူ ထိုင်ရင်း စာဖတ်နေစဉ် လူရွယ်တဦး အနားကို ရောက်လာခဲ့ ပါတယ်။
"ဆရာကြီးခင်ဗျာ၊ ကျနော့ကို မှတ်မိပါလားဗျာ"
"မမှတ်မိတော့ပါဘူး သားရယ်"
"ကျနော် ဆရာကြီးရဲ့ တပည့်တယောက် ပါဗျာ"
"အော် သားက ဘာအလုပ်အကိုင်များ လုပ်သလဲ"
"ကျနော် ကျောင်းဆရာ ဖြစ်နေပါပြီ ဆရာကြီး"
"သိပ်မွန်မြတ်တဲ့ အလုပ်ပါပဲ၊ ဆရာကြီးနဲ့ အတူတူ ပဲပေါ့"
"အမှန်ပါ ဆရာကြီး၊ တကယ်တော့ ကျနော် ကျောင်းဆရာ ဖြစ်လာခဲ့တာ ဆရာ့ကို လေးစားလွန်း လို့ပါ"
"ကဲဆိုပါဦး ဘယ်လိုအကြောင်း တွေကြောင့် ပါလိမ့်"
"ဒီလိုပါ ဆရာကြီး။ တနေ့ ဆရာကြီး စာသင်ခန်းထဲ မဝင်ခင် ကျောင်းသား တယောက်က အရမ်းလှတဲ့ သူ့နာရီ အသစ်လေးကို အတန်းဖော် တွေကို ပြနေပါတယ်။
ကျနော်ဟာ လိုချင်လွန်းလို့ သူ မသိခင် ယူထားလိုက် မိပါတယ်။ နာရီ ပျောက်သွားတာကို သိလိုက်ရတဲ့ အချိန်မှာ သူကဆရာကြီးကို သွားတိုင်ပါတယ်။
ဆရာကြီးက ပြောပါတယ်။ ပျောက်သွားတဲ့ နာရီကို ပြန်ပေးကြပါလို့။ ဒါပေမယ့် ကျနော် ငြိမ်နေခဲ့ ပါတယ်။ ဆရာကြီးက လွယ်အိတ်တွေ အရှေ့ကို လာပုံခိုင်းတယ်။ ပြီးတော့ တံခါးတွေကို ပိတ်လိုက်တယ်။
ကျောင်းသားတွေ အားလုံးကိုလည်း မျက်လုံး မှိတ်ခိုင်းလိုက် ပါတယ်။ ကျနော့ရဲ့ အိတ်ထဲမှာ နာရီကို တွေ့ပြီး တာတောင် တယောက်မကျန် အိတ်ရှာပြီးမှ အားလုံးကို မျက်လုံး ဖွင့်ခိုင်းပါတယ်။
ဘယ်သူ့ဆီမှာ တွေ့တယ်လို့ ဆရာကြီးက လုံးဝ မပြောခဲ့ပါဘူး။ ကျနော် အရမ်း အရှက်ရခဲ့တဲ့ နေ့ပါဗျာ။ ဆရာကြီးက ကျနော့ရဲ့အရှက်ကို ကာကွယ်ပေးခဲ့ ပါတယ်။
ကျနော်ဟာ အဲဒီနေ့က စလို့ ဒီလို အရှက်ရစရာ အလုပ် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ဆုံးဖြတ် လိုက်ပါတယ်။ ဆရာကြီးရဲ့စေတနာ ကိုလည်း အပြည့်အဝ နားလည် လိုက်ပါတယ်။
ဆရာကြီးကို ကျေးဇူး တင်လွန်းရုံမျှ မက ဆရာကောင်း တယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်တယ် ဆိုတာ နားလည်လိုက် ပါတယ်။ အဲဒီ အဖြစ်အပျက် တွေကို ဆရာကြီး မှတ်မိပါသေးလား ခင်ဗျာ"
"သိပ်မှတ်မိတာပေါ့ သားရယ်။ ဒါပေမဲ့ နာရီကို ဘယ်သူ ယူထားလဲ ဆိုတာကို ဆရာကြီးလည်း ဒီနေ့မှ သိရပါတယ်။ နာရီကို ရှာတုန်းက ဆရာကြီးလည်း မျက်စိကို မှိတ်ထား တာလေ" Crd
0 Comments