ဒေါသစိတ်လေး

တခါတုန်းက ရဟန်းတပါးဟာ ကျောင်းနဲ့ ဝေးတဲ့ အရပ်မှာ တပါးတည်း တရား အားထုတ်ဖို့ ဆုံးဖြတ် လိုက်ပြီး လှေနဲ့ ထွက်လာခဲ့တယ်။ ကန်အလယ် ရောက်တော့ မျက်လုံးမှိတ်ပြီး တရား စ ထိုင်လိုက်တယ်။

တိတ်တိတ်ဆိတ်ဆိတ် စိတ်အနှောက်အယှက် ကင်းကင်းနဲ့ နာရီ တော်တော်ကြာ အားထုတ်ပြီးချိန် မှာတော့ အခြားလှေ တစီးက သူ့လှေကို လာတိုက်လိုက်တာကို ရုတ်တရက် ခံစားလိုက် ရတယ်။

မျက်စိ မှိတ်ထားလျက် နဲ့ပဲ သူ့ဒေါသတွေ မြင့်တက်လာတာကို သိနေခဲ့တယ်။ သူမျက်လုံး ဖွင့်လိုက်ချိန် မှာတော့ သူတရားအားထုတ်နေတာကို လာနှောက်ယှက်ရဲတဲ့ လှေသမားကို အော်ဟစ် ကြိမ်းမောင်း လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်တယ်။

ဒါပေမယ့် သူမျက်လုံးကို ဖွင့်ကြည့်လိုက်ချိန် မှာတော့ မြင်လိုက်ရတာက လူမပါပဲ ရေလည်မှာ ဒီအတိုင်း မြောနေတဲ့ ကြိုးမချည်ထားတဲ့ လှေအလွတ် တစီးပဲ ဖြစ်နေတယ်။ အဲဒီ အခိုက်အတန့်မှာပဲ ရဟန်းဟာ ကိုယ့်ဟာကို အမှန်အတိုင်း သိမြင် သွားတော့တယ်။

ဒေါသ ဆိုတာ သူ့ကိုယ်ထဲမှာပဲ ရှိနေတာပါလား လို့ သဘောပေါက် သွားတော့တယ်။ ဒေါသ ဆိုတာဟာ သူ ဖြစ်ပေါ်ဖို့ အတွက် ပြင်ပ ဝတ္ထုအာရုံ တခုနဲ့ ထိတိုက်လိုက်ဖို့ လိုအပ်တယ်။

အဲဒီအချိန်ကနေ စလို့ သူဟာ တစုံတယောက်က သူ့ကို စိတ်အနှောက်အယှက် ပေးတာဖြစ်ဖြစ်၊ သူ့ဒေါသကို ဆွတာပဲ ဖြစ်ဖြစ် ကြုံဆုံလာတဲ့ အခါတိုင်း

"တဘက်လူဟာ လှေလွတ် တစီးမျှသာ ဖြစ်တယ်။ ဒေါသက ငါ့ကိုယ်ထဲမှာ ဖြစ်နေတယ်" ဆိုတာကို အမှတ်ရနေ လိုက်တော့တယ်။ phoomyatchal

Zawgyi

ေဒါသစိတ္ေလး

တခါတုန္းက ရဟန္းတပါးဟာ ေက်ာင္းနဲ႔ ေဝးတဲ့ အရပ္မွာ တပါးတည္း တရား အားထုတ္ဖို႔ ဆုံးျဖတ္ လိုက္ၿပီး ေလွနဲ႔ ထြက္လာခဲ့တယ္။ ကန္အလယ္ ေရာက္ေတာ့ မ်က္လုံးမွိတ္ၿပီး တရား စ ထိုင္လိုက္တယ္။

တိတ္တိတ္ဆိတ္ဆိတ္ စိတ္အေႏွာက္အယွက္ ကင္းကင္းနဲ႔ နာရီ ေတာ္ေတာ္ၾကာ အားထုတ္ၿပီးခ်ိန္ မွာေတာ့ အျခားေလွ တစီးက သူ႔ေလွကို လာတိုက္လိုက္တာကို ႐ုတ္တရက္ ခံစားလိုက္ ရတယ္။

မ်က္စိ မွိတ္ထားလ်က္ နဲ႔ပဲ သူ႔ေဒါသေတြ ျမင့္တက္လာတာကို သိေနခဲ့တယ္။ သူမ်က္လုံး ဖြင့္လိုက္ခ်ိန္ မွာေတာ့ သူတရားအားထုတ္ေနတာကို လာေႏွာက္ယွက္ရဲတဲ့ ေလွသမားကို ေအာ္ဟစ္ ႀကိမ္းေမာင္း လိုက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ ျဖစ္တယ္။

ဒါေပမယ့္ သူမ်က္လုံးကို ဖြင့္ၾကည့္လိုက္ခ်ိန္ မွာေတာ့ ျမင္လိုက္ရတာက လူမပါပဲ ေရလည္မွာ ဒီအတိုင္း ေျမာေနတဲ့ ႀကိဳးမခ်ည္ထားတဲ့ ေလွအလြတ္ တစီးပဲ ျဖစ္ေနတယ္။ အဲဒီ အခိုက္အတန႔္မွာပဲ ရဟန္းဟာ ကိုယ့္ဟာကို အမွန္အတိုင္း သိျမင္ သြားေတာ့တယ္။

ေဒါသ ဆိုတာ သူ႔ကိုယ္ထဲမွာပဲ ရွိေနတာပါလား လို႔ သေဘာေပါက္ သြားေတာ့တယ္။ ေဒါသ ဆိုတာဟာ သူ ျဖစ္ေပၚဖို႔ အတြက္ ျပင္ပ ဝတၳဳအာ႐ုံ တခုနဲ႔ ထိတိုက္လိုက္ဖို႔ လိုအပ္တယ္။

အဲဒီအခ်ိန္ကေန စလို႔ သူဟာ တစုံတေယာက္က သူ႔ကို စိတ္အေႏွာက္အယွက္ ေပးတာျဖစ္ျဖစ္၊ သူ႔ေဒါသကို ဆြတာပဲ ျဖစ္ျဖစ္ ႀကဳံဆုံလာတဲ့ အခါတိုင္း "တဘက္လူဟာ ေလွလြတ္ တစီးမွ်သာ ျဖစ္တယ္။ ေဒါသက ငါ့ကိုယ္ထဲမွာ ျဖစ္ေနတယ္" ဆိုတာကို အမွတ္ရေန လိုက္ေတာ့တယ္။ phoomyatchal

Post a Comment

0 Comments